မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်ချမှတ်မည်ဟု အီရစ်ထရေအာအစိုးရက အမျိုးသားများကို ပြောကြာ’း

in life •  7 years ago 

image

မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်ချမှတ်မည်ဟု အီရစ်ထရေအာအစိုးရက အမျိုးသားများကို ပြောကြာ’း

အီရစ်ထရေအာနိုင်ငံ၌ အိုင်းစ်ဆစ် – အက်ဝါကီ ဦးဆောင်သော အစိုးရက အမျိုးသားများအနေဖြင့် မိန်းမနှစ်ယောက်မယူပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရမည်ဟု အမိန့်ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် အဆိုပါမိန့်ခွန်းတွင် အမျိုးသမီးများအနေဖြင့် သူတို့၏ အမျိုးသားများအား နောက်ထပ်မိန်းမတစ်ယောက်ယူခြင်းကို ကန့်ကွက်တားဆီးမှုများပြုပါက တားဆီးသောအမျိုးသမီးများကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်မည်ဟု ပါဝင်သည်။

အစိုးရက မိန်းမနှစ်ယောက်ယူသော အမျိုးသားများအား မင်္ဂလာဆောင်စရိတ်နှင့် နေထိုင်ရန်အိမ်များ ပံ့ပိုးပေးသွားမည်ဟု ကတိပြုခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အီရစ်ထရေအာနှင့် အီသီယိုးပီးယားနိုင်ငံတို့စစ်ပွဲအတွင်း အီရစ်ထရေအာဘက်မှ စစ်သည် ၁၅၀၀၀၀ ကျဆုံးခဲ့သည်။

ထိုအချိန်တွင် အီရစ်ထရေအာ၌ လူဦးရေမှာ ၄ သန်းခန့်သာရှိသည်။ ထို့ကြောင့် အစိုးရသည် နိုင်ငံအတွင်း အမျိုးသားဦးရေနှင့် တိုင်းပြည်လူဦးရေကို ပြန်လည်မြှင့်တင်သည့်အနေဖြင့် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်။ အာဖရိကတိုက်၌ရှိသော အီရစ်ထရေအာနိုင်ငံသည် အနောက်ဘက်တွင် ဆူဒန်၊ တောင်ဘက်တွင် အီသီယိုးပီးယားနှင့် အနောက်တောင်ဘက်တွင် ဂျီဘိုတီနိုင်ငံတို့ရှိပြီး မြို့တော်မှာ အက်စ်မာရာဖြစ်သည်။ နိုင်ငံအကျယ်အဝန်းအီရစ်ထရေအာနိုင်ငံသည် အနောက်ဘက်တွင် ဆူဒန်၊ တောင်ဘက်တွင် အီသီယိုးပီးယားနှင့် အနောက်တောင်ဘက်တွင် ဂျီဘိုတီနိုင်ငံတို့ရှိပြီး မြို့တော်မှာ အက်စ်မာရာဖြစ်သည်။ နိုင်ငံအကျယ်အဝန်းမှာ ၁၁၇၆၀၀ ကီလိုမီတာရှိသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago (edited)

Good luck