ချစ်တဲ့သူအတွက်နာကျင်ရ
အပိုင်း4
"နှိုင်း"
"ဘာတုန်း ခြူး"
"အဒေါ်ကို ပြန်မပြောပါနဲ့နော် "
"နင်မငိုရင် ငါမပြောဘူး"
"အင်းပါ နှိုင်း မငိုတော့ဘူးနော်"
နှိုင်းသည် ခြူးကို ကြည့်ပြီး သနားမိသည်။ ခြူးရယ် ကိုယ်ချင်းစာပါဟာ ငါလဲ နင်ကို အရမ်းချစ်တာဘဲ နင် တစ်ခြားကောင်တစ်ယောက်အတွက် ခံစားနေရသလို ငါလဲ နင်အတွက်နဲ့ အရမ်းခံစားနေရတယ် ငါ ဘယ်မိန်းကလေးမှ ရင်မခုန်ဘူးဘူး အခုနင်ကျမှ ဘာလို့ ငါရင်ခုန်မိနေရတာလဲ ခြူးရယ် နှိုင်းရဲ့ စိတ်ကူးလေးတွေ လေထဲလွှင့်နေသည်။
လမ်းမကြီးက ဖြောင့်ဖြူးနေတဲ့အချိန်မှာ ခြူးတစ်ယောက် ကားလေးကို ခနရပ်ခိုင်းလိုက်သည်။
.. "နှိုင်း"
"ပြောလေ ခြူး"
"ကား ခနရပ်ပေးအုံးဟာ "
"ဘာလုပ်မလို့လဲ ခြူး"
"ငါ လေကောင်းလေသန့်ရူချင်လို့ပါ "
"အေးပါ ခြူး ငါလဲ နင်စကားပြောစရာရှိတယ်"
ခြူးသည်။ ကားပေါ်ကဆင်းလိုက်ပြီး ကားလေးရဲ့ ဘေးမှာ လေကောင်းလေသန့်ရူးနေသည်။ နှိုင်းတစ်ယောက် ခြူးရဲ့ ဘေးမှာ မက်တပ်ရပ် နေလိုက်သည်။
"ခြူး ငါပြောစရာရှိတယ်"
"ပြောလေ နှိုင်း"
ခြူးသည်။နှိုင်းကို ကြည့်ပြီး ပြောနေသည်။ နှိုင်းက ဟိုဘက်လှည့်နေသည်။ ခြူး ဘာမှပြန်မပြောဘဲ နှိုင်းကို သေချာကြည့်နေသည်။
"နှိုင်း ပြောလေ"
"အင်း ခြူး ငါတို့က မိဘချင်းသဘောတူထားတာ နင်ငါကို မချစ်ဘူးဆိုတာလဲ ငါသိတယ် ခြူး အဲတော့ ငါမိဘတွေကိုလဲ လက်ထပ်ပွဲကို ဖျက်ခိုင်းလိုက်မယ် ငါလဲ နိုင်ငံခြားမှာ ဘဲနေတော့မယ် ငါအရမ်းချစ်ရတဲ့ နင် တစ်ခြားတစ်ယောက်အတွက် ခံစားနေရတာကို ငါမကြည်ရက်ဘူး ဟုတ်ပြီလား "
"နှိုင်း နင်ပြောတော့ အရမ်းလွယ်တာဘဲ နင်နဲ့ငါနဲ့ စေ့စပ်ထားတယ်ဆိုတာမှန်တယ် နင်နိုင်ငံခြားသွားရင် ငါဘာလိုက်ရမှာပေါ့ နှိုင်းရဲ့"
"နင်မလိုက်ရပါဘူး ငါရအောင်ပြောမယ် အခုတော့ ငါတို့ သူငယ်ချင်းလိုနေရအောင်နော် ခြူး နောက်ပြီး နင်မမေ့ထားပါနဲ့ နင်ကရောဂါသည် နင်ရောဂါ ပြန်ထလာရင် နင်မလွယ်ဘူး ငါပြောတာ နားလည်လား ခြူး"
"အင်းပါ ငါနားလည်ပါတယ် "
ခြူးနဲ နှိုင်းနဲ့ စကားပြောနေတုန်း ခြူး phလေးလာနေတာကို နှိုင်း မြင်ရသည်။ နှိုင်း လက်ညိုးလေးထိုးပြီး ခြူးကို ပြောလိုက်သည်။
"ခြူး နင် ph လာနေတယ်"
"ဟုတ်လား နှိုင်း"
"ခြူး ph ကိုင်လိုက်မိသည်။ခြူး ဘေးနားက နှိုင်းကို သတိမထားမိဘဲ ခြူး phပြောနေသည်။
"ဟဲလို "
"ခြူး လား မောင် ဘာကွာ"
"အင်း ပြောလေ မောင်"
"မောင်မလာနိုင်တာ မောင်ကိုခွင့်လွှတ်နော် မောင် ကားပျက်နေလို့ အဲဒါကြောင့်ပါ မောင်လာတော့ ခြူးက ပြန်သွားပြီလေ အဲဒါကြောင့် မောင်ကို စိတ်မစိုးနဲ့နော်"
"စိတ်မစိုးပါဘူး မောင်ရယ် ဟုတ်ပြီလား"
"အင်းပါ ခြူး မောင် ခြူး ကို အရမ်းချစ်တယ်"
"ခြူးလဲ မောင် ကို အရမ်းချစ်ပါတယ်"
နှိုင်းတစ်ယောက် မကြားသင့်တာတွေ ကြားနေရမှာဆိုးသဖြင့် ကားပေါ်ကို သွားထိုင်နေသည်။ ခြူးကတော့ ကားလမ်းဘေးမှာ နေသွေးစက် နဲ့  ph ပြောနေသည်။ ခြူး မျက်နှာလေးကတော့ ပြုံးရွှင် နေတာပါဘဲ နှိုင်း တစ်ယောက် ကားပေါ်က ခြူးမျက်နှာလေး ပြုံးရွှင် နေရတာ မြင်တော့ နှိုင်းအရမ်းပျော်မိတယ် နှိုင်း ခြူးကို ကြည့်ပြီး ကားလေး ပေါ်မှာ အိပ်ပျော်သွားခဲ့တယ်"
"နှိုင်း နှိုင်း "
"ဟင် ခြူး ပြီးပြီလား အိမ်ပြန်မယ်လေ"
"အင်း နှိုင်း"
"ခြူး မင်းနဲ့ ငါနဲ့ မသိသလိုနေရအောင်နော် "
"ဘာလို့လဲ နှိုင်း"
"ဘာမှ မဖြစ်ဘူး ခြူး ငါတို့က အစကတည်းက မသိဘူးလေ အခုလဲ မင်းအဒေါ်က ခေါ်ခိုင်းလို့. ခေါ်တာလေ မင်းနဲ့ငါနဲ့ သိမှမသိတာ အဲဒါကြောင့် မသိသလို နေမယ် ဟုတ်ပြီလား "
"အင်းပါ နှိုင်း"
နှိုင်းသည် ။ခြူးကို အိမ်ပြန်လိုက်ပို့ပြီး နှိုင်း သူအိမ်ကိုပြန်လာသည်။ နှိုင်းပြန်လာတော့ မေမေ အိပ်နေပါပြီ နှိုင်းလဲ အခန်းထဲ ဝင်ပြီး ပတ်လတ်လန် နေလိုက်သည်။ နှိုင်း ဒီအတိုင်းဆို အရမ်းခံစားနေရသည်။ နှိုင်း ခြူး တို့နဲ့ မပတ်သတ်မိအောင်နေမယ်လို့ တွေးပြီး အိပ်ပျော်သွားသည်။ မနက်ရောက်တော့ နှိုင်း အမေ နှိုင်းကို လာနိုးသည်။
"သား နှိုင်း ထတော့လေ အလုပ်နောက်ကျနေပြီ"
"ဟုတ် မေမေ"
နှိုင်းတစ်ယောက် သူအမေနိုးတော့ အိပ်ရာထပြီး ရေချိုး ပြီး အောက်ထပ်သို့ ဆင်းလာသည်။ အောက်ထပ်ရောက်တော့ အမေဖြစ်သူက ထမင်းဝိုင်းမှာ စောင့်နေသည်။
"မေမေ"
"ပြောလေ သား"
"သားလေ ခြူးကို လက်မထပ်ချင်ဘူး"
"ဘာလို့လဲ သား"
"သား အမှန်တိုင်းပြောမယ်နော် မေမေ သားကို စိတ်မစိုးပါနဲ့ ခြူးမှာ သူအရမ်းချစ်ရတဲ့ ချစ်သူရှိတယ် မေမေ သားသူကိုချစ်တဲ့ဆိုတာ မှန်တယ် သူပျော်ရွှင်ရင်.သားလဲ ပျော်ရွှင်တယ် သားအရမ်းချစ်တဲ့သူ ပျော်ရွှင်ချင်တယ် မေမေ"
"သားရယ် မိဘတွေက ကောင်းစေချင် လို့ စီစဉ်တာလေ"
"မေမေရယ် သား ဆန္ဒာ ကို ဒီတစ်ခါလေး လိုက်လျော့ပေးပါနော် သူကလွဲရင် တစ်ခြားသူ ကျွန်တော်ယူမယ်ဗျာ"
"သားတကယ်ပြောတာနော်"
"တကယ်ပြောတာပါ မေမေ"
နှိုင်းသည်။ သူအမေရင်ခွင်လေးထဲ ဝင်ပြီး ကလေးတစ်ယောက်လို သူအမေရင်ခွင်လေးထဲ နေနေသည်။ နှိုင်းခနနေတော့ အလုပ်သွားသည်။ လမ်းတစ်ဝက်မှာ မထင်မှတ်တဲ့ ခြူးနဲ့ တွေ့ရသည်။ ခြူး အအေးဆိုင်ကို ကြည့်ပြီး ငိုနေသည်။ ဘာလို့ ငိုတာလဲဆိုတာ နှိုင်းမသိဘဲ ကားလေးရပ်နေသည်။
"ခြူး ခြူး"
ခြူးသည်။ဘာမှမပြောဘဲ နှိုင်းမြင်တော့ နှိုင်းရဲ့ ရင်ခွင်လေးထဲ တိုးပြီး ငိုနေသည်။ နှိုင်း က ခြူးခေါင်းလေးကို ကြည့်ပြီး အံသြနေသည်။ ခြူး လူမှားတာလား သူချစ်သူဆိုပြီး ငါကိုဖက်ပြီး ငိုနေတာလား နှိုင်း စဉ်းစားနေသည်။ ခြူးခနနေတော့ နှိုင်းရင်ခွင်လေးထဲက ရုံးထွက်လိုက်သည်။
"နှိုင်း "
"ပြောပါ ခြူး ဘာကြောင့် ငိုတာလဲ"
"ဟိုမှာလေ ပြောတော့ငါကိုချစ်တယ်လို့ပြောတာ အခုကြည့်ပါဦး ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ အဲကောင်မလေးက တစ်ခြားသူမဟုတ်ဘူး ငါအရမ်းချစ်ရတဲ့ ငါသူငယ်ချင်း မိုးမိုး "
"ဘယ်လို ခြူး နင်သူငယ်ချင်း ဟုတ်လား "
"ဟုတ်တယ် နှိုင်း ငါကိုယ်ကို ငါအရမ်းအံသြမိတယ် ငါကို ပီပီရိရိ လိမ်ကျတယ် ငါဒီနေ့မနက် မိုးမိုးလာ မခေါ်လို့ ငါ Taxi ငှါးပြီး လာတာ လမ်းမှာ သူတို့နဲ့တူလို့် ကြည့်လိုက်တာ သူတို့ပါဘဲ ငါကိုလိမ်တယ်"
"ခြူး မငိုနဲ့တော့နော် ကျောင်းသွားမှာမို့လား နှိုင်းလိုက်ပို့ပေးမယ် ဟုတ်ပြီလား "
"ကျောင်းမသွားတော့ဘူး နှိုင်း "
"အဲဒါဆို ဘယ်သွားမှာလဲ"
"မသိဘူး နှိုင်း"
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You have been defended with a 11.38% upvote!
I was summoned by @luckylay.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @babylay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @babylay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit