Steem , Steem Dollar မှ မြန်မာ ကျပ်ငွေသို့ ပြောင်းလည်း နည်း ( ၁ ) ( Henry Aung )

in life •  7 years ago  (edited)

HENRY.jpg

Steemit Platform တွင်ဝင်ရောက်ရေးသားနေကြသော မြန်မာလူငယ်များအတွက်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ ကျွှန်တော် အနေနဲ့ ယခု post ကို ရေးသားသည်မှာ စောနေသေးသည်ဟု ထင်ပါသည်။ သို့ သော်လူငယ်အချို့ မှာ steem token နှင့် steem dollar များရရှိပိုင်ဆိုင်လာကြသဖြင့် မိမိရရှိလာသော steem နှင့် SBD များကို မည်သို့မည်ပုံ ရောင်းချ၍ ပိုက်ဆံရှာနိုင်ကြောင်း သက်သေပြရန်လိုအပ်လာပါသည်။ လူငယ်အများအပြားမှလည်း ဤအဆင့်ကို မေးနေကြသည်မှာ အတော်ကြာပါပြီ။ ကျွှန်တော့်အနေဖြင့် ယခု post တင်ပြီးနောက် မိမိတို့ ရရှိထားသော steem token နှင့် steem dollar SBD များကို ရသမျှ ဈေးကွက်အတွင်းသို့ ရောင်းချခြင်းမပြုလုပ်ပဲ စုထားရန်သာ ပိုမိုအားပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် steem နှင့် SBD တို့၏ လက်ရှိပေါက်ဈေးမှာ အလွန်နည်းပါးလွန်း၍ ဖြစ်ပါသည်။

02.png

ဈေးကွက်တွင်ရောင်းချနည်းစပါမည်။ လက်ရှိ digital currencies market များအားလုံမှာ bitcoin ပေါ်မှူတည်၍ ရောင်းဝယ်နေကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ ရရှိထားသော steem နှင့် SBD များကိုလည်း bitcoin နှင့် ဖလှယ်၍ ငွေကြေးအဖြစ် ပြောင်းလည်း ရယူခြင်းဖြစ်ပါသည်။ ပထမဦးစွာ မိမိpower up ပြုလုပ်ထားသော wallet ကို power down ပြုလုပ်လိုက်ပါ။ power down ပြုလုပ်ပြီး ၇ ရက်ကြာသောအခါ မိမိရောင်းနိုင် သော steem token များ အပေါ်အကွက်သို့ ရောက်ရှိလာပါလိမ့်မည်။ ပုံ (၁) တွင်ရှုပါ။ အဘယ့်ကြောင်း ၇ ရက် ကြာမှ ရောင်းနိုင်ပါသလဲဟု မေးလာလျင်, ဈေးကွက် အတွင်းတွင် steem ဈေးတက်လာပါက ရှိသမျှ steemit အားလုံး စုပြုံ ရောင်းချကြမည် ဖြစ်သောကြောင့် ဈေးကွက်ပျက်သွားပါမည်။ ထို့ကြောင့် ဈေကွက်အတွင်းသို့ steem များကို စုပြုံ ရောင်းချခြင်းမှ ကာကွယ်ရန် power down timing ကို ၇ ရက်သတ်မှတ်ထားရခြင်းဖြစ်ပါသည်။ အရေးကြီသည်မှာ ထို power down ပြုလုပ်ထားသော ၇ ရက်တွင် မိမိ မှာ cureation reward ခေါ် မိမိvote လိုက်ခြင်းကြောင့် ရရှိသော steem များနှင့် inflation ခေါ် အတိုးတက် ခြင်းများ ဆုံးရှုံး သွားပါသည်။ ထိုကြောင့် အမြဲတန်းpower down ပြုလုပ်ထားလျင် မိမိမှာ အလွန် နစ်နာပါသည်။ ထို့ကြောင့် ဈေးကွက်အနေအထား အခြေအနေကိုကြည့်၍ မိမိ ဘယ်အချိန်တွင် power down ပြုလုပ်သင့်သည်ကို နားလည်ရပါမည်။ SBD များကိုမှု power down ပြုလုပ်စရာမလိုပါ, အချိန်မရွေးဈေးကွက်သို့ ပို့နိုင်ပါသည်။

11.png

steem နှင့် SBD များကို , poloniex, bittrex နှင့် block trade စသော trading websites များတွင် ရောင်းချနိုင်ပါသည်။ poloniex တွင် steem နှင့် steem dollar များကို system error ကြောင့် ခေတပိတ်ထားပါသည်။ ထို့ ကြောင့် bittrex အတွင်းသို့ ချရောင်းနည်း ပြသပေးပါမည်။ ဈေကွက်အတွင်းသို့ ပို့ ဆောင်နည်း မှာ အားလုံး အတူတူ ပင်ဖြစ်ပါသည်။ ပထမဦးစွာ bittrex website တွင် account ဖွင့်လိုက်ပါ။ account ရရှိလျင် wallet ကို click နိပ်၍ search box တွင် steem ဟု ရိုက်လိုက်လျင် steem နှင့် SBD နှစ်ခုစလုံးကျလာပါလိမ့်မည်။ ပုံ (၂) တွင်ရှုပါ။ + ( အပေါင်း)မှာ deposit ငွေသွင်း ရန် အတွက်ဖြစ်ပြီး - (အနုတ်) မှာ withdraw ငွေ ထုတ်ယူရန်အတွက်ဖြစ်ပါသည်။ မိမိတို့မှာ အရောင်းအဝယ်ပြုလုပ်ရန် ငွေသွင်းမည် ဖြစ်သဖြင့် အပေါင်းကို နိပ်၍ memo အတွင်းရှိ ဘားကုတ် နံပတ်များကို မှတ်သားထားပါ။

22.png

33.png

ထိုအချိန်တွင် မိမိ steem wallet မှ SBD ကို click နိပ်၍ transfer ကို ရွေးချယ်ပါ။ transfer box ကျလာလျင် To နေရာတွင် bittrex ဟု ရိုက်ထည့်၍ amount နေရာတွင် ဈေးကွက်အတွင်းသို့ မိမိ ပို့လိုသော ပမာဏကို ထည့်သွင်းပါ။ memo နေရာတွင် bittrex deposit box အတွင်မှ memo ဘားကုတ်များကို copy ယူ၍ ထည့်သွင်းပါ။ အလွန် အရေးကြီးသည်မှာ ဘားကုတ် ကို copy , past လုပ်သည်သာစိတ်ချရပါသည်။ တလုံးချင်း ရိုက်ထည့်၍ နံပတ်တလုံးမှားသွားလျင် မိမိပို့လိုက်သော ငွေမှာ အခြားသူ account သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။ submit မလုပ်ခင် ဘားကုတ်ကို သေချာစွာ စစ်ဆေးပါ။ ပုံ(၃) တွင်ရှုပါ။ မိမိ submit လုပ်လိုက်လျင် မကြာခင် အတွင်း bittrex အတွင်ရှိ မိမိ wallet သို့ ရောက်ရှိလာပါလိမ့်မည်။

34.png

35.png

36.png

ဤတွင် အရေးကြီးသည်မှာ steem wallet မှ bittrex wallet သို့ ငွေပြောင်းထည့်ရန် submit လုပ်လိုက်လျင် steemit မှ original password တောင်းပါသည်။ original key မရှိလျင်မည်သို့မျှ လုပ်၍မရပါ။ ထို့ ကြောင့် steemit တွင် original key မပျောက် စေရန် အထပ်ထပ် သတိပေးထားရခြင်းဖြစ်သည်။ internal market တွင် SBD ဖြင့် steem များကို ဝယ်ယူရာတွင်လည်း active key လိုအပ်ပါသည်။ ထို active key ကို original key ဖြင့် ထုတ်ယူရခြင်း ဖြစ်ပါသည်။Bittrex wallet အတွင်း ရောက်ရှိပြီးသော SBD များကို bitcoin နှင့် မည်သို့ လဲလည်ရမည်ကို နောက်post တွင် ဖေါ်ပြပေးပါမည်။ ဤကဲ့သို့ ငွေသွင်းယူခြင်းသည် bittrex နှင့် poloniex အတူတူပင်ဖြစ်ပါသည်။ သို့ရာတွင် poloniex က ပြောင်းရွှေ့ချိန်အနည်းငယ်ပိုကြာမြင့်ပါသည်။

Bittrex နှင့် poloniex တို့တွင် account ဖွင့်နည်းများကိုတော့ အသေးစိတ် ကိုယ်ဖာသာကိုယ်လေ့လာရန် တိုက်တွန်းအပ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago (edited)

awesome guide! thanks! chyeju kaba sai.

Have fun... nang shakut ai daramm , bang dung du na re.....

thank you for sharing, will try it out in the future. :)

Well, have fun in steemit ...

thz for info bro :)

Nice post :D I will follow your account, please follow me at @johnsons.

Thanks for your support

Thanks a lot, sir.

thanks for support

Thank for your sharing. Great.

thanks for support

Special thank bro!
For your explaination

i hope it will help you guys

Yeah! By the way, how about blocktrades? Is it aslo the good exchange from SBD to BTC

Thank You for your Guiding bro

Enjoy earning in steemit, have fun

Thz for your information.

I want to save posts in steemit like Facebook.

nice post!

Thank you bro

Bro, thanks a lot for your information

like

done sir

သိခွင့်ရလို့ ကျေးဇူး အများကြီတင်ပါတယ်