တစ်ခါက ဘီလုံးငှက်မတစ်ကောင်ဟာ သူ့ရဲ့သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့နေတယ်တဲ့။
သူမရဲ့သားသမီးတွေဟာ အရွယ်မရောက် မပျံနိုင်သေးခင်မှာ ပြောင်းခင်းဟာ ရင့်မှည့်လာပြီး ရိတ်သိမ်းချိန် ရောက်လာသတဲ့ ။
ဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာမထွက်မီ သားသမီးတွေကိုအောက်ပါအတိုင်းပြောတယ်။
“ဒီပြောင်းခင်းကနေ တို့တတွေ ပြောင်းကြရမယ် . . . ဘယ်တော့ ပြောင်းရမယ်ဆိုတာကိုတော့ မသိသေးဘူး။ ဒီအနားကို လာပြီးပြောဆိုကြတဲ့ လယ်သမားတွေစကား မှတ်သားထားကြပါ”
ညနေ သူ့အမေဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေကပြောပြတယ်။
“အမေ. . . လယ်သမားကြီးက သူ့ရဲ့သားကိုခိုင်းတယ်။ ပြောင်းတွေရင့်မှည့်လို့ ရိတ်သိမ်းချိန်တန်ပြီ. . .
မိတ်ဆွေတွေကို မနက်ဖြန်လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့’’
“ဟုတ်လား’’
“အမေရယ်…သားတို့။သမီးတို့ကို ပြောင်းပေးပါ’’လို့ငှက်ကလေးတွေက တောင်းပန်တော့ အမေက…
“အင်း…ကိစ္စမရှိသေးဘူး သားတို့၊ သမီးတို့ရယ်…’’လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်းတွေကို အားကိုးရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးဘူးလို့ ဖျောင်းဖျလိုက်လေသတဲ့။
ဒါနဲ့ သူတို့တတွေဟာ အေးဆေးစွာ အိပ်ကြတယ်။
နောက်တနေ့မှာလဲ ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမားသားအဖ၇ဲ့ စကား မှတ်သားထားကြဖို့မှာပြီး အစာရှာထွက်သွားသတဲ့။
ညနေကျတဲ့အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေကပြောပြတယ်။
“အမေရေ . . . လယ်သမားကြီးနဲ့သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး’’
“အမေပြောသလိုပေါ့”
“ဟုတ်တယ်အမေ”
“ဒါနဲ့လယ်သမားကြီးကသူ့၇ဲ့သားကို
ခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန်လာကူရိတ်သိမ်းပေးဖို့ အကူအညီသွားတောင်းလို့မှာတယ်။”
“ဟုတ်လား။”
“ဟုတ်တယ် အမေရယ်..သားတို့သမီးတို့ကိုပြောင်းပေးပါလို့ ”တောင်းပန်ကြပြန်တယ်။
ဒီတစ်ခါအမေက…
“ကိစ္စမ၇ှိသေးပါဘူး သားတို့သမီးတို့…လယ်သမားဟာဆွေမျိုးတွေကို အားကိုးတာပဲ.. .ဒါဆိုရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးဘူး”လို့ နှစ်သိမ့်ပြန်သတဲ့။
ဒါနဲ့ သူတို့တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြတယ်။
နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာမသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေချာချာ မှတ်သားထားဖို့ မှာတယ်။
ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီးပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။
“အမေရေ. . . လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး”
“အေး. . .သူတို့ဟာ ဆွေမျိုးအာားကိုးတာကိုး”
“ဟုတ်တယ်အမေ...ဘယ်သူမှ မလာတော့ လယ်သမားကြီးကသူ့ရဲ့သားကိုပြောတယ်...မနက်ဖြန် တို့နှစ်ရောက်ပဲ ပြောင်းခင်းကိုရိတ်ကြမယ်”တဲ့…
“ဟုတ်လား...ဒါဆို သားတို့သမီးတို့ ပြောင်းဖို့အချိန်ရောက်လာပြီ”လို့ပြောကာ အသိုက်ပြောင်းသွား လေသတဲ့။
ဘာမဆို ကိုယ်တိုင်လုပ်မှ အလုပ်ဖြစ်ပါတယ်။ဒါကို ရှေးကအယူအဆပါပဲလှို့ ထင်ချင်ထင်ကြမယ်။ ဒါပေမယ့် ဒီအယူအဆတွေဟာနေရာအတော်များများမှာ ခုထက်ထိတိုင် မှန်နေဆဲပါပဲ။
လူတွေဟာ မိမိကိုယ်ကိုမိမိ အားမကိုးရင် အလုပ်ပြီးစီးလေ့မရှိဘူး။ဒါ့ကြောင့် ကုမ္ပဏီအများစုဟာ မိသားစုကုမ္ပဏီတွေ ဖြစ်ကြတာကို တွေ့ရပေမယ်။ ဒါတောင် ဆွေမျိုးအားကိုးလို့ မရဘူး ဆိုတာ လူတိုင်း သိကြတာပဲ။
တကယ်တော့ လူတွေဟာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ လုပ်လို့မရတာတွေရှိတယ်။ စုပေါင်းလုပ်ကြကိုင်ကြလို့ အကျိုးဖြစ်ထွန်းကြပါတယ်။ သို့သော် ဒီလိုစုပေါင်းလုပ်ပြီး စုပေါင်း အကျိုးခံစားရတဲ့ ပုံစံကို သိပေမယ့် လိုက်နာဖို့ အတော်ခက်ခဲကြတယ်။
ကျွန်တော်ဂျပန်ရောက်စဉ်က ပြောဆိုတဲ့စကားတစ်ခုကို နားထဲကမထွက်ဘူး။ “ဂျပန်သုံးယောက် ပူးပေါင်းမိရင် ကုမ္ပဏီထောင်တယ်.. .မြန်မာ သုံးယောက်ပူးပေါင်းမိရင် ရန်ဖြစ်တယ်”တဲ့။
သူ့စကားကြားကာစတော့ စိတ်ဆိုးသလိုလိုပါပဲ။ ဒါပေမဲ့တကယ်တမ်း လေ့လာတဲ့အခါ မှန်နေတာကို တွေ့ရတယ်။
ကျွန်တော်တို့ဟာ သူ့ကျွန်ဘဝ အကြာကြီး ရောက်ခဲ့တယ်။ စိတ်ဓာတ် ရင့်ကျက်တဲ့ အလေ့အကျင့်တွေ မရကြဘူး။ စိတ်ဝမ်းတွေကွဲနေတယ်။ ဒီအတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ကိုပျိုးထောင်ရမယ်။
ခေတ်မီတိုးတက်တဲ့ ကမ္ဘာကြီးမှာ တစ်ယောက်ထဲ ရပ်တည်လို့မရပါဘူး။တကယ်တမ်းတိုးတက်ချင်ရင် စုပေါင်းလုပ်ကိုင် တတ်ဖို့လိုတယ်။ဝေမျှဖို့ လိုတယ်။အုပ်ချုပ်တတ်ဖို့ လိုတယ်။
တိုးတက်ကြီးပွားဖို့ မိမိကိုယ်ကို အားကိုးသလို သူတပါး အကူအညီကိုလည်း ရအောင်ယူတတ်ရမယ်။ မိမိနိုင်ငံတိုးတက်ဖို့ကျွန်တော်တို့တတွေ လေ့ကျင့်ကြရဦးမယ်။
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit