လူ
^^^^
အမှန်တရားကို
မြင်အောင် မကြည့်နိုင်တော့
ကံ ကစားရာ..ဉာဏ်များနေကြရှာ...။
ပျောက်နေတာ ပြန်ရှာလိုက်
ယိုပေါက်ကို ပြန်ဖာလိုက်နှင့်
ဟိုမရောက် ဒီမရောက် ဖြစ်တဲ့အခါ...။
အနံ အလျားကို အတိုအရှည် တိုင်းရင်း
အကျံ သမားရဲ့ အလို အိပ်ပျက်ညတို့စေရာ
အတိတ် ရက် များလည်း ပြန်မရပါ...။
ကိုယ့် သမုဒယ ကိုယ်ပျိုး
အယုအယနဲ့ ဖိုလ်ထိုး
ပြုသမျှ တုပ.. ခု ဘဝ အနေမျိုးမှာ...။
အတ္တချင်း လောင်းကြေးထပ်
အဟောင်းကြွေး ဆပ်ရ ပျော်အတတ်နဲ့ 
ပေါင်းရေး မနပ်လည်း ဒီ အရပ် မခွါ...။
အအူ ပြိုင်ရင်း စက် က
အရပ်ကောင်းလို့ အလောင်း လှ
ဘယ်သူ နိုင်သလည်း ပုပ် ပွ
သူ က သူ..ငါ က ငါ....။
မှတ်ချက်..လူ တိုင်းဤသို့ မဟုတ်ပါ.။
Writer @phyo1aung