ကောင်းမှုကုသိုလ်

in life •  7 years ago  (edited)

နံနက်မိုးသောက် အလင်းရောက် ...
သူ့စိတ်နိုးထချိန် ပထမဆုံးသတိရဖို့က ...
' ကိုယ် ' ဖြစ်ဖို့ထက် ...
အနန္တော အနန္တ ငါးပါးကို သူ အာရုံပြုဖြစ်တတ်ဖို့က ...
ကိုယ့်တာဝန်ဖြစ်လာတယ် ...
image
သူ့တစ်နေ့တာမှာ ...
' ကိုယ် ' က သူ့စိတ်နှလုံးကိုစိုးမိုးဖို့ထက် ...
သူ လောဘ ဒေါသ မောဟ မာန အတ္တ နည်း...
ကုသိုလ်စိတ်တွေဖြစ်နေဖို့က ...
ကိုယ့်ဆန္ဒဖြစ်လာတယ် ...

သူ့ညစဉ်အိပ်စက်ချိန်တိုင်း ...
' ကိုယ့် ' ကို သူအိမ်မက်ထဲမက်ဖို့ထက် ...
သူ စိတ်နှလုံးသားငြိမ်းအေးခြင်းနဲ့ သောကကင်းကင်း ...
နှစ်ခြိုက်စွာအိပ်ပျော်စေဖို့က ...
ကိုယ့်တောင့်တဆုံးအရာဖြစ်လာတယ် ...

သူ့ကောင်းမွန်တဲ့ စိတ်နှလုံးသားမှာ ...
' ကိုယ့် ' အတွက် သူလုပ်ပေးချင်တာတွေထက် ...
ပရဟိတစိတ်ပွားများ အများကောင်းကျိုး ... သူပိုရှေးရှု သူလုပ်ပေးဖို့က ...
ကိုယ်သူ့အတွက် ဖြည့်ဆည်းပေးဆပ်နိုင်သမျှ ဖြည့်ဆည်းပေးဆပ်ဖို့ဖြစ်လာတယ် ...

သူ့အသည်းနှလုံးမှာ ...
' ကိုယ့် ' ကိုတွယ်ငြိ ... သံယောဇဉ်ရစ်သထက်ရစ်ဖို့ထက် ...
' ကိုယ့် ' ပေါ်တွယ်တာမှုတွေသူဖြတ်နိုင် ...
သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာ ...
သူ ကျင့်ကြံကြိုးစားအားထုတ်ဖို့က ...
ကိုယ်သူ့အတွက် ပါရမီဖြည့်ဖို့ဖြစ်လာတယ် ...

ကိုယ် စိန် ရွှေ ငွေ လည်းမလိုပါဘူး ...
ဘာကြီးဖြစ်ရမယ်လည်း မရည်မှန်းပါဘူး ...
ကိုယ့် အတ္တ နဲ့ မာန ပြာချ ...
ကိုယ့်ကိုယ်ကိုဆိုတာထက် ...
သူ့သံသရာအတွက် ကုသိုလ်ကောင်းမှုရိက္ခာတွေ သူကြိုးစားသယ်ယူနိုင်စေဖို့က ...
ကိုယ့်ရည်မှန်းချက် ...
ကိုယ့်ချစ်ခြင်းမေတ္တာဘဲဆိုပါရစေတော့ ...

ဤစိတ်ဆန္ဒအမှန်တိုင်တည် သစ္စာဆိုတယ် ...
သူ့အတွက် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာရည်မှန်းချက်ပြည့် ...
သူလေး အေးချမ်း ...
သံသရာအတွက်ကုသိုလ်ကောင်းမှု ကောင်းကျိုးချမ်းသာရိက္ခာများ ...
သူလေးလေ သယ်ယူနိုင်ပါစေသား ...
image
မိဘ။ ။ ကျူရှင်စုံစမ်းချင်လို့ပါဆရာ။၈တန်းသင်ပါသလား။

ဆရာ။ ။ ဟုတ်ကဲ့သင်ပါတယ်ခင်ဗျာ။

မိဘ။ ။ ကလေးက အရမ်းဆော့တယ်ဆရာ။၈တန်းရောက်လာပြီ။ မြန်မာလိုတောင်ကောင်းကောင်းမဖတ်တတ်ဘူး။ A,B,C,Dတောင် အသေးအကြီးကွဲအောင်မရေးတတ်ဘူး။အပေါင်းအနှုတ် လည်းမကျွမ်းဘူး။သူ့ကို အခြေခံပါစေချင်တယ်ဆရာ။ ဆရာကူညီနိုင်ပါ့မလား။

ဆရာ တစ်ချက်တွေဝေစေ။
မျက်မှောင်ကျုံ့နေစေ။
ဘောပင်နှင့် နားထင်ကို ထောက်၍ စဉ်းစားနေစေ။

ဆရာ။ ။ အစ်မကြီးသားကို ဘယ်လိုဖြစ်စေချင်တာလဲ?

မိဘ။ ။ ကူညီနိုင်ရင် ကူညီပါဆရာရယ်။
ကျွန်မသားလေးကို ကျွန်မ စာအရမ်းတတ်စေချင်တယ်။

ဆရာ။ ။ အင်းဗာ။ဟုပါပီ။ ပယ်လို ကူညီရမလဲ ဆိုတာ ပျော့ကြည့်လေ အယ်မရယ်။

မိဘ။ ။ ကျွန်မသားကို ၈တန်းကျအောင် ကူညီပါဆရာ။

ဆရာမျက်လုံးပြူးသွားစေ။
ပါးစပ်ဟနေစေ။
တအံ့တသြဖြစ်နေစေ။

ဆရာ။ ။ဘယ်လို ဘယ်လို အစ်မရေ။

မိဘ။ ။ ဟုတ်ပါတယ်ဆရာ။
ကျွန်မသားကို ၈တန်းကျအောင်ကူညီပေးပါ။
အကြံဉာဏ်လမ်းညွှန်ပေးပါ။

သူ့အစ်မတုန်းကလည်း အဖြေလွှာ ဗလာနဲ့ ဖြေခဲ့တာ ကုစားဆိုပြီးအောင်တော့ ဆယ်တန်းမှာ ဒုက္ခရောက်နေလေရဲ့။

သူ့အစ်ကိုတုန်းကလည်း ခြစ်ချခဲ့တာကို
အတင်းပြန်ခေါ် ဖြေခိုင်းလို့ အောင်သွားပြန်တယ်။

အခု သူ့အလှည့်ကျဆော့ တစ်ဘာသာဖြေပြီး
သွားမဖြေခိုင်းတာတောင် နှုတ်နဲ့ဖြေပြီး
အအောင်ပေးမယ်လုပ်နေလို့ ဆရာတို့ဆီမှာ အကြံဉာဏ်တောင်းရတာပါ။

ဟိုက်

ဤတွင် ကားလိပ်ချစေ။

ကဲ
ကိုယ့်ဆရာဆို့
စာမေးပွဲကျနည်း
ကျူရှင်ဖွင့်ကြစို့
😂😂😂😂😂😂😂😂

မေတ္တာဖြင့်
UTR
#သူတို့အတွက်တော့အာဇာနည်ပေါ့ဗျာ

ရပ်​ကွက်​တစ်​ခုမှာ ပြည့်​တန်​ဆာ​တွေ​ခေါ်ထားပြီး လုပ်​စား​နေတဲ့ ဖာ​ခေါင်းအိမ်​တစ်​အိမ်​ရှိတယ်​။

ရပ်​ကွက်​က မ​ကျေနပ်​လို့ တိုင်​​ပေမယ့်​ ဖာ​ခေါင်းက အ​ပေါင်းအသင်း ဆန့်​​တော့ ဘာမှလုပ်​မရဘူး ဖြစ်​​နေတယ်​။ တစ်​​နေ့​တော့ အာ့ဖာ​ခေါင်း​​ဟာ သေချင်းဆိုးနဲ့​ သေပါ​လေ​ရော။ ပြည့်​တန်​ဆာ​တွေဆိုတာ လူးလှိမ့်​ငိုကြတာ မြင်​မ​ကောင်းဘူး။ သူတို့အတွက်​က ဖာ​ခေါင်းမရှိရင်​ ငတ်​ပြီ​လေ။ လူရှာ​ပေးဖို့ ဘိရှာဖို့ ဖာ​ခေါင်းကတာဝန်​ယူထားတာ ဆို​တော့ ​ကြေကွဲရပြီ​ပေါ့။

ရပ်​ကွက်​ထဲက လူ​ကောင်း​တွေက​တော့ အကြီးအကျယ်​​ ပျော်​ကြတာ​ပေါ့။ တစ်​​နေ့ ပြည့်​တန်​ဆာ​တွေက သူတို့ရဲ့ဖာ​ခေါင်း​သေတာ ​ပျော်​ရပါ့မလား ဆိုပြီး ရပ်​ကွက်​ထဲရန်​​တွေဖြစ်​ကြတာ ဆွမ်းခံကြွလာတဲ့ ကိုယ်​​တော်​ပါ မ​နေရဘူး။ ဖြန်​​ဖြေ ​ပေးရတယ်​။

အဲ့မှာ ဘုန်းဘုန်းက ရပ်​ကွက်​ထဲက လူ​တွေကို ဆုံးမသတဲ့။

  • ဒကာတို့ ရန်​မပွားကြနဲ့​တော့။ ဖာ​ခေါင်း​သေတာလဲ တစ်​နှစ်​​ကျော်​ပြီ ခုထိရန်​မီးပွားတုန်းလား.... သူတို့ကို နားလည်​​ပေးလိုက်​ပါ ။ပြည့်​တန်​ဆာအတွက်​က ဖာ​ခေါင်းဆိုတာ #အာဇာနည်​ ပါပဲ * တဲ့

ပုံပြင်​​လေးက​တော့ ဒါပါပဲကွယ်​.....image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!