နယ်လွန်

in love •  7 years ago  (edited)

ဒီညရဲ့အမှောင်က ခါတိုင်းညတွေထက်ပိုပြီးမှောင်နေသလိုပါပဲ ။ ကျုပ် ရင်တွေတအားခုန်နေတယ် ။ ဟုတ်တယ်လေ ကေသီဆိုတာ ကျုပ် အနှစ်နှစ်အကာလ ချစ်မြတ်နိုးပါတယ်ဆိုပြီး ပိုးပန်းခဲ့ရတဲ့မိန်းမ ။ အဲဒီမိန်းမ က အခု ဒီနေ့ကျုပ်နဲ့ လက်ထပ်ပွဲကြီးပျော်ပျော် ဆင်နွှဲခဲ့တဲ့မိန်းမပေါ့ ။ လက်ထပ် ပွဲဆိုလို့ပြော ရဦးမယ် ။ ကေသီနဲ့ကျုပ်နဲ့တွဲလာခဲ့တာ ၈ နှစ်လောက်ရှိရောပေါ့ ။ သူလည်းပိုက်ဆံစု ကျုပ်လည်းပိုက်ဆံစု နဲ့ ကျုပ်တို့ အတော်အသင့်လေး စုမိပြီဆိုတော့မှ အိပ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ကြတယ် ။

ဒီနေရာမှာ ပြဿနာက စလာပါလေရောဗျ ။ မင်္ဂလာပွဲတစ်ပွဲဆင်နွှဲတယ်ဆိုတာ အနည်းဆုံးသိန်း ၂၀ လောက် ကုန် ကျတဲ့ကိစ္စ ။ ကျုပ်ကသိပ်သမျောတယ် ဒါပေမယ့် မိန်းကလေး ဖက်ကကြည့်ရင် လည်းတစ်သက်မှာ တစ်ခါပဲ မင်္ဂလာ ဆောင်ရတယ်ဆိုတော့ခမ်းခမ်းနားနား ဆောင်ချင်မှာပေါ့လေ ( တကယ်ဆို တစ်ခါတည်းဆောင်တာအားမရရင် နောက်ထပ်ဆောင်ပေါ့ ) တွေးမိလိုက်တယ် ။ ဒါနဲ့ ထုံးစံအတိုင်း အိမ်ထောင်ပြု ဆိုတဲ့ဝေါဟာရနောက်ခံက မင်္ဂလာပွဲ ၊ လက်မှတ်ထိုး ၊ ဘာညာ ဘာ ညာတွေပေါ့ဗျာ ။ ကျုပ်လည်း သိပ်တော့နားမလည်ပါဘူး ။ ဒီနေရာမှာ လက်မှတ်ထိုးဆိုတဲ့ ကိစ္စကြီး ကိုတော့ ကျုပ်တယ်ပြီး ဘ၀င်မကျလှဘူးဗျို့ ။ ခင်ဗျားတို့စဉ်းစားကြည့် လူယောက်ျား တစ်ဦးနဲ့လူ မိန်းမတစ်ဦး ချစ်ကြည်လူးပြီးဘ၀တစ်ခုကိုတူနှစ်ကိုယ်တည်ဆောက်ဖို့အတွက်တကယ်ပဲ အဲဒီစာရွက်လေး ၂ ရွက်က အရေးကြီးသတဲ့လား ။ ကျုပ်တော့ မထင်ပေါင် ကျုပ်အဖေနဲ့အမေကို တလောက လက်ထပ် စာချုပ်မေးကြည့်တော့ရီတယ် ဘယ်ကလာငါ့သားရယ် အဖေတို့အမေတို့ ရှေ့ ၇ အိမ် နောက်၇ အိမ် ဖိတ်ပြီး အသိအမှတ်ပြုပြီး နေခဲ့ကြတာပဲ ဒါမြန်မာ့ထုံးထမ်းအစဉ်အလာပဲ တဲ့ ။

ကျုပ်သာ အဲဒီလို ကေသီ့ကိုသွားပြောလို့ကတော့ ပါးတောင်အချခံရမယ် ။ ထားတော့ မင်္ဂလာဆောင် ခါနီးကျတော့ လည်း အိုဗျာ ရှုပ်လိုက်တဲ့ အလုပ်တွေ ဖိတ်စာ တွေ ဧည့်ရေးတွေ ဗီဒီယို ရိုက်ကူးရေးတွေ တကယ့်ကို အလုပ်ရှုပ်တဲ့ပွဲကြီးပါတကား လို့တွေးမိလိုက်တယ် ။ တူနှစ်ကိုယ် အတူနေရဖို့အရေး လူသိ ရှင်ကြားဖိတ်ပြီး ကျွန်တော်တို့ကျွန်မတို့ ညဖက်ကျရင်အတူနေပါတော့မယ်ဆိုပြီး ဟိုလူ့ပြုံးဖြီးဖြီး လုပ်ဒီ လူ့ပြုံးဖြီးဖြီး လုပ်နဲ့ တယ် မသက်သာပါကလား ဟရို့ ။ ပြီးရင် လာလာချေသေး ကိုယ်တွေ ညဖက်အိပ်မယ့်ကုတင်ကြီးကို ဓါတ့်ပုံတွေတဖျပ်ဖျပ်ရိုက် အိုဗျာ ခင်ဗျားတို့တော့မသိဘူး ကျုပ်ဆိုတဲ့ကောင် ကတော့သိပ်ရှက်တာပဲ ။ အိပ်ခန်းထဲဝင်ခါနီး ကြိုးတားတယ်တဲ့ ဘာတဲ့ ပိုက်ဆံမုန့်ဖိုးတွေပေးရသေးတယ် ။ တကယ့်ကို ဗရုတ်သုတ်ခပွဲကြီးပါဗျာ ။ ပြီးတော့ လက်ဖွဲ့တွေကို သတို့သမီးဖက်က လုလိုက်သတို့ သားဖက်က လုလိုက်နဲ့ ကျုပ်တော့ ပထမဆုံး မင်္ဂလာဆောင်တဲ့နေ့မှာပဲ ပထမဆုံး လောကကြီးကို စိတ်ပျက် မိ သွားခြင်းပဲ ။ အော်ပြောရဦးမယ် မင်္ဂလာဆောင်ခါနီး သတို့သားတိုင်း ငိုချင်သလို စိတ်ကြီးဖြစ် လာတယ် တဲ့ ။ ခင်ဗျားတို့တော့မသိဘူးကျုပ်ကတော့အဟုတ်ဗျို့ ။ မင်္ဂလာ ဆောင်ခါနီး ၂ ရက်လောက် အလိုက ကျုပ်သူငယ်ချင်းအိမ်သွားအိပ်တယ် ။

ထုံးစံအတိုင်းသောက်ကြစားကြပေါ့ဗျာ ။ ကျုပ်လေ တစ်ခုခုကိုယ်မကျွမ်း ကျင် တဲ့နယ်ပယ်ထဲစုံပစ်ဝင်လိုက် ရ မှာ ၀န်လေးနေမိသလို ကျုပ်ရဲ့လွတ်လပ်ခွင့်တွေ ဥပမာ ဘောပွဲကြည့်တာတို့ ကာရာအိုကေသွားတာတို့ လက်ဖက်ရည်ဆိုင်ထိုင်တာတို့ပေါ့ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးသွားမယ် သိပ်ကြောက်တယ် ။ အဲဒီလိုတွေးရင်းကျုပ် အဲဒီသူငယ်ချင်းအိမ်မှာ တကယ်မျက်ရည်ကျလာတယ်ဗျို့ ။ ကျုပ်ဘယ်လောက် ထိတောင်စဉ်းစားသလဲသိလား ထွက်ပြေးဖို့အထိတောင် စဉ်းစားမိလိုက်သေးတးယ်။ ဒါဆို ကေသီ့ကိုမ ချစ်ဘူးလာလိုမေးစရာရှိတယ် ။ ချစ်တာပေါ့ဗျာ ကျုပ်ဘ၀မှာ အဲဒီမိန်းမတစ်ယောက်လွဲလို့ ဘယ်သူ့ကို မှရင်မခုန်သလို သူနဲ့လည်းမခွဲနိုင်ဘူး ။ ဒါပေမယ့်ချစ်တာကချစ်တာပဲဗျ အဲဒီအချစ်တွေက အိမ်ထောင်ပြုပြီးမှ ပျောက်ပျက်ထွက်ကုန်မှာလည်းကျုပ်ဆိုတဲ့အကောင်က စိုးရိမ်နေမိသေးတယ် ။ ကေသီ ကတော့ ထုံးအတိုင်းပါပဲဗျာ ဆူဆူပူပူနဲ့အိမ်ထောင်မကျခင်ကတည်းက ဟိုအကွက်ချ ဒီအကွက်ချနဲ့ နားကိုညီးနေပါရော ။ ခင်းဗျားတို့နဲ့မသိတဲ့ လူတွေကို မင်္ဂလာဆောင်မှာ လိုက်လိုက်ပြုံးပြနေရတာ အတော့်ကို ကိုးလိုးကန့်လန့် နိုင်တယ်လို့များ ခင်ဗျားတို့မထင်မိဘူးလား။ ကျုပ်ကတော့ စိတ်ကိုပျက်ရော ။ နောက် လောလောလတ်လတ်ကျုပ်အကိုတွေလင်မယားက သိပ်ချစ်ပါတယ်ဆိုပြီး အခုတော့ သဘောထားခြင်းမတိုက်ဆိုင်ပါသဖြင့် ဘာညာနဲ့သတင်းစာတွေထဲ မပတ် သတ်တော့ကြောင်း ကြော်ငြာတွေ ထည့်ကွဲကြပြဲကြ ကုန်ဆိုတော့ကား ကျုပ်ဝန်လေးနေမိတာ အပြစ်တော့မဆို သာဘူးမဟုတ်လား ။

တကယ်ဆို လူနှစ်ယောက်လက်ထပ်တယ်ဆိုတာသိပ်တော့လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ ။ တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ဆိုတာ ဘယ်နှစ်နှစ်တွဲတွဲ သိဖို့က မလွယ်သေးဘူး ။ ချစ်လှပါတယ် ဆိုပြီးအနှစ်ငါးဆယ်လောက်ပေါင်းနေတဲ့လင်မယားတွေတောင် တချိန်မှာ လှို့ဝှက်အကြောင်းတွေဘွားက နဲပေါ်ပြီး ကွဲကြပြဲကြတာတွေရှိသေးတယ်မဟုတ်လား ။တကယ်တော့ လင်မယားဆိုတာ အရင် ဆုံးပေါင်းကြည့် ရမယ် ဟုတ်တယ် ဒီလိုပြောလိုက်လို့ ခင်ဗျားတို့က နှမသားချင်းမစာနာဘူးပြောဦးမယ် ။ကျုပ်တော့တခါတလေ နိုင်ငံခြားက အယူအဆတွေသိပ်ကြိုက်တယ် ဘာတဲ့ Living together ဆိုတာလေ ။ သူတို့တွေက အတူနေလိုက်ကြတယ် တကယ့်လင်မယားတွေလို လက်မထပ်ရသေးခင်ကြားထဲ စိတ်သဘော ထားခြင်းမတိုက်ဆိုင်ရင်လမ်းခွဲပြီးနောက်တစ်ယောက်ရှာယုံပဲ ။ လိုအပ်ရင်ကလေးတွေ ဘာတွေမွေး လိုက်သေးတယ် ။တစ်ယောက်စိတ်ထား ကိုတစ်ယောက်သိကြပြီ ဆိုတော့မှ လက် ထပ်ကြ တယ် ။ ဒီတော့အဲဒီလို စုံတွဲတွေက ကွဲတာရှားတယ်မဟုတ်လား ။ ဒီမှာတော့ဒီလိုမဟုတ်ပေါင် အခုကြိုက်အခုယူ ပြီးရင်အခုကွဲ ပိုတောင်ဆိုးနေသလိုပါပဲမဟုတ်လား ။ ထားပါတော့ဗျာ ကျုပ်လည်း သိပ်တော့မထူးပါဘူး ကေသီ့ကို ချစ်လွန်းလို့ အချိန်လည်းတန်နေပြီဆိုတော့ လက်ထပ်ယူခဲ့ တယ် ပျော် သလိုလိုပါပဲ တကယ်ပျော်လားမပျော်ဘူးလားတော့ကျုပ်ကိုယ်ကျုပ်မသိနိုင်ဘူးပေါ့လေ ။

ကေသီကတော့ပျော်တယ်ထင်ပါတယ် ။ ကျုပ်နံရံက နာရီကိုလှမ်းကြည့်လိုက်တယ် ၁၁ နာရီခွဲ ။ ဒီစာကြည့်ခန်း ထဲမှာ ကျုပ်ထိုင်နေတာ အတော်ကြာပြီ ။ ကေသီလည်းအခန်းထဲမှာ ကျုပ် ကိုစောင့်နေလောက်ပြီ။ ထုံးစံအတိုင်းမင်္ဂလာဦးညပေါ့ဗျာ ။ ခက်တာက ကျုပ် အဲဒီမင်္ဂလာဦးအခန်းထဲ မ၀င်ချင်ဘူးဖြစ်နေတယ် ။ ဘာလို့လည်းကျုပ်ကိုယ်ကျုပ်မသိဘူး ။ အထဲဝင်ပြီး သတို့သမီးကို နမ်းမယ် ပြီး ရင် အတူနေမယ် အာဗျာ တကယ့်ကို ပျင်းစရာအလုပ်ကြီးပဲ ကျုပ်လိင်စိတ်သား စိတ်ကုန်နေ တာတော့မဟုတ်ပါဘူး ဒါပေမယ့် . .ဘယ်လိုပြောရမလဲဗျာ ကျုပ် ရဲ့ ပထမဆုံးညကြီးကို ဒီလို ပေါတောတော မကုန်ဆုံးချင်သလို ကျုပ် ..မပြောတတ်တော့ပါဘူး ။ ဘယ်သူကများ မင်္ဂလာဦးညမှာ သတို့သမီးနဲ့အတူနေရမယ်လို့ သတ်မှတ်ထားခဲ့ကြသလဲမသိပါဘူး ။ တကယ်ဆိုဒီနေ့က ကျုပ်သိပ်ကြိုက်တဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရှိတယ်ဗျ ။ ကျုပ် သိပ်ကြည့်ချင်တယ် ။ ဒါပေမယ့် မင်္ဂလာဦးညဆိုတော့ကြည့်လို့မရဘူးပေါ့ဗျာ ပွဲကလည်း ၁ နာရီကျော်မှလာမှာ အဲဒီမှာတင်ကျုပ်ရဲ့ လွတ်လပ်ခွင့်တစ်ခု ကဆုံးရှုံးသွားရပြန်ပြီ။ မထူးပါဘူးလေ ကျုပ်စိတ်ဒုံးဒုံးချပြီး အခန်းထဲဝင်လာခဲ့တယ် ။

ကေသီ ဟိုဖက်လှည့်ပြီး လှဲနေတယ်ကုတင်ပေါ်မှာ ။ သူအိပ်မပျော်မှန်းကျုပ်သိတာပေါ့ ။အခန်းထဲကနာရီ စက်သံက တချောက်ချောက် အခန်းမီးကပြာလဲ့လဲ့ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ရာပါပဲ ။ကျုပ်လည်း စိတ်လှုပ်ရှားနေပါတယ် ကေသီ့ကိုမဟုတ်ဘူးဗျို့ ဒီအခြေအနေကြီးကို အာဗျာ ဇာခြင်ထောင်အ ထဲက ကေသီ့ကိုယ် လုံးလေးကိုပဲ တိုးဖက်ပြီးအိပ်လိုက်ရမလား ကျုပ်စိတ်တွေတအား ညစ်လာပြီ ကျုပ်ဒီအခန်းထဲမ ၀င်ချင်ဘူး ဒါပြီးရင်ကျုပ်ဘ၀ကသွားပြီလေ အိမ်ထောင်သည်ကြီးဖြစ်သွားပြီ ဟုတ်တယ်မဟုတ်လား ။ ကေသီ့ကိုယ်လေးတစ်ချက်လှုပ်သွားတယ် ။ ကျုပ်အသက်တောင်မရှုရဲဘူး ။ ဟုတ်တယ်လေ ကျုပ်ရောက်နေမှန်းသိရင် . . . . ။

ကျုပ် ခြေသံကို ဖွပြီး အခန်းအပြင်ကို ပြန်ထွက်ခဲ့တယ် ။ ၁၂ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တယ် ။ ကျုပ် ထမင်းစားခန်းထဲဝင်လာခဲ့တယ် ။ ပြီးတော့ နံရံကပ်ဘီဒိုအပေါ်က ပုလင်းပြားလေးယူပြီး ခွက်ထဲ ထည့်လို့ သောက်ချ လိုက်တယ် ။ အား...ပူလိုက်တာ . . . .စိတ်တွေလည်းညစ်လိုက်တာ.....။ အချိန်တွေကြာလေလေ သတို့သမီးကိုအားနာလာလေလေပဲ ။ ကျုပ်လေ အခု ဒီအိမ်ထဲကနေ ၀ုန်းကနဲ ခုန်ဆင်းပြီးပြေးထွက်သွားချင်လိုက်တော့တယ် ။ စိတ်ကို ပြန်တင်းပြီး လူကလည်းရီဝေေ၀ဖြစ်လာတယ် ။ အခန်းတံခါးကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်တယ် ။ ကေသီ အိပ်နေတာလား မအိပ်နေတာလား ကျုပ်မသိတော့ ဘူး ။ ကျုပ် မျက်နှာကို အံ့အားတကြီးလက်နဲ့ သုတ်လိုက်တော့ ဟင်..မျက်ရည်တွေပါလား ။ ငါဘာလို့ငိုနေမိပါလိမ့် ။

ကျုပ်ဘာကိုမှ မတွေးချင်တော့ဘူးဗျာ . . .နံရံပေါ်က အိပ်ခန်းမီးကို ကျုပ် ချောက်ကနဲ ပိတ်ချလိုက်ပါတော့ တယ် ။ အဲဒါဟာ ဘ၀တစ်ခုစတာလား ဘ၀တစ်ခုဆုံသွားတာလား စည်းတစ်ခုရဲ့ နယ်လွန် ကိုရောက်သွား တာလား ကျုပ်မတွေးတတ်တော့ပါဘူး။

Lulin

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
Loading...

Good

Good

Good

Good

Congratulations @lulin44! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You made your First Comment
You got a First Vote

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!