တိတ်တော့
✏ ✏ ✏
ဘဝ မှာ အချစ်က
အများကြီးအရေးပါတယ်
အချစ်ဆိုတာ ဘဝမဟုတ်ဘူး
ဒါပေမယ့် ဘဝက အချစ်ရှိမှပြည့်စုံတယ်
သွေးသားမဟုတ်ဘူး
နှလုံးသား
ကိုယ့်ကိုယ်ကို ချစ်ပါ
မိဘ ကိုချစ်ပါ
သဘာဝရဲ့ အလှအပကိုချစ်ပါ
ချစ်တတ်တဲ့နှလုံးသားဟာ
လိမ်ညာခြင်းများစွာခံရလိမ့်မယ်
မပူပါနဲ့
နာကျင်လည်းခဏပါ
တစ်ချိန် လမ်းကြုံရင်တောင်
ယုတ်မာခဲ့သူတွေခေါင်းငုံပေးမှာပါ
အနိုင်မယူပါနဲ့ မေတ္တာ ထားပါ
ကိုယ့်ရဲ့ဖြူစင်မှုကြောင့်
အမှားကျုးလွန်သူအားလုံး
ရှက်သွားလိမ့်မယ်
ခဏ ကြိမ်ဖန်များစွာနာကျင်ပါ
ဒါဟာ လှေကားထစ်တွေပါ
ကိုယ်ချင်းစာစိတ် နဲ့ လူပီသမှုဆိုတာ
ငွေကြေး စည်းစိမ်ဥစ္စာ ရှိရုံနဲ့မရဘူး
ချစ်တတ်တဲ့နှလုံးသားရှိသူတွေမှာပဲရှိတယ်
ခုနာကျင်နေသေးလား
အကြိမ်ကြိမ် တွန်းလှန်ပါ
မေ့ဖို့မကြိုးစားနဲ့ အလိုလိုပျောက်ကွယ်သွားမှာပါ
နာကျင်စေသော အရာကိုဖန်တီးပေးသူတွေ
မင်းရှေ့မှာခေါင်းငုံနေပါလိမ့်မယ်
မင်း ကရုဏာ တွေပြန်ပေးလိုက်ပါ
အမွန်မြတ်ဆုံးလူသားတွေဟာ
ပေးဆပ်ခြင်းမှာ ပျော်မွှေ့သွားကြတယ်။
ဘာမထီဘွား....အတွေးစာစုလေးများ