" သတိရပေးဖို့လား "...
ကိုယ်မတောင်းဆိုတော့ပါဘူး...
ရေစက်ကုန်လို့ ဝေးကြရတာဘဲ
ငါ့ဘက်ကလွမ်းနေရယုံနဲ့ ကျေနပ်နေရသူပါ...
"ပြန်လာခဲ့ဖို့လား".
ကိုယ်မတောင်းဆိုတော့ပါဘူး...
အနားမှာမနေချင်လို့ ကျောခိုင်းထားခဲ့သူဘဲ
တိတ်တဆိတ်မျှော်လင့်နေယုံလေးသာ
ငါတက်နိုင်ခဲ့တာပါ...
"ပြန်ချစ်ဖို့လား"...
ဘယ်တော့မှမတောင်းဆိုတော့ပါဘူး..
မချစ်ချင်လို့ ပုန်းရှောင်ထွက်ပြေးနေတဲ့သူဘဲ
ပြန်ချစ်ပေးပါလို့ တောင်းဆိုဖို့အတွက်
ငါ့သိက္ခာငါ့မာနကို စတေးပစ်လိုက်ဖို့
မဝံ့ရဲတော့ပါဘူး...
ခုချိန်မှာ နင့်ကိုမုန်းပစ်ဖို့ထက်
ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်ကို
မျှော်ငေးတမ်းတနေမိတဲ့
အဖြစ်ဆိုးကြီးထဲက ရုန်းထွက်ခွင့်ရချင်လို့ပါ..