" ချစ်တာ အပြစ်လား ကိုကို " အပိုင်း ( ၁ )

in love •  7 years ago 

" ချစ်တာ အပြစ်လား ကိုကို " အပိုင်း ( ၁ )

  ကျယ်ဝန်လှသော  ခြံကြီးအတွင်းရှိ  သုံးထပ်တိုက်ကြီး၏  မျက်နှာရှေ့တွင်  လူတော်တော်များများ  အလုပ်ရှူပ်နေကြလေသည်။သူတို့တွေဒ အလုပ်  ရှူပ်နေသလောက်  ဗညားအောင်  တစ်ယောက်ကတော့  ခြံအနောက်  လူသူရှင်းရာမှာ  တစ်ယောက်တည်း  ငေးငိုင်နေလေသည်။

 တကယ်တမ်းကြ  ဘွားဘွားနဲ့မေမေက  သူ့အပေါ်  ချစ်ရာမကျပဲ  အတ္တကြီးခဲ့ကြတာပဲ။ တကယ်ဆို  ချစ်သူရှိနေတဲ့  သူ့ကိုမှ  ဘာ့ကြောင့်ရွေးချယ်ပြီး  မိန်းမပေးစားကြတာလဲ။

 ပေးစားတဲ့  မိန်းကလေးလည်း  ကြည့်ကြပါဦး  သူ့ထက်  ဆယ်နှစ်လောက်  ငယ်တဲ့  မိန်းကလေးပါ။  လူကိုသိပေမယ့် ခင်ခင်မင်မင်  ရင်းရင်းရနီးနှီးတော့  သိပ်မရှိလှ  ။

   ချစ်ရတဲ့  ချစ်သူက  နိုင်ငံခြား   သူ့မိဘတွေ  အလည်အပတ်သွားနေစဉ်အတွင်း  ဇွတ်ဒီကိစ္စကို  စီစဉ်ကြခြင်းဖြစ်လေသည်။  သူ့မှာ  အကြောက်အကန်  ငြင်းနိုင်လောက်တဲ့  အခြေအနေ  အခွင့်အရေး  လုံးဝမရှိခဲ့ပါခြေ။

 နှလုံးမှာ  ပြဿနာရှိနေသော  ဘွားဘွား  တဆိတ်ရှိ  သွေးပဲတိုးနေတတ်သော  မေမေတို့ရဲ့  ဖိအားတွေကြောင့်  ဒီကိစ္စကို  သူ့ဆန္ဒမပါပဲ  ခေါင့်းငိမ့်ခဲ့ရခြင်းဖြစ်လေသည်။

 ဘာ့ကြောင့်များ  မင်းဆီဖုန်းခေါ်တိုင်း  စက်ပိတ်ထားရတာလဲ  ဖြူရယ်  မင်းကို  အကျိုးအကြောင့်အသိပေးဖို့တောင်  မောင့်မှာ  အခွင့်အရေး  မရှိပါလားကွာ။  မင်း  မောင့်သတင်းကို  ကြားရင်  မောင့်ကို  စိတ်နာသွားမှာလား  မုန်းမေ့သွားမှာလား  ဖြူ။

 အပြစ်ပြောစရာ  တစက်ကလေးမှ  မရှိအောင်  အဘက်ဘက်က  တော်လွန်း  ထက်မြက်လွန်းနေတဲ့  ဖြူ့ကို  မေမေတို့ဘွားဘွားတို့  ဘာ့ကြောင့်  သဘောကျ  လက်ခံမပေးကြတာလဲကွာ ။

မင်း  နိုင်ငံခြားက  ပြနါရောက်လာရင်  မင်နားလည်အောင်မောင်  ဒီကိစ္စကို  ရှင်းပြပါ့မယ်  ။  ခုနေခါမှာတော့  မောင်ကိုယ်တိုင်တောင်  ရင်ကွဲနာကျင်ခံခက်ဖြစ်နေရပါတယ်  ဖြူရယ်။

 "  ကိုကို  ဘာတွေ  တွေးနေတာလဲဟင်  "

သူ အတွေးတို့က သူ့နောက်ပါးမှ တိုးညှင်းသောဘ အသံလေးကြောင့် အတွေးပြတ်တောက်သွားလေသည်။ သူ မီးမီးငယ် ဆိုသော သူ့သတို့သမီး လောင်း ကောင်မလေးကို စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်လေသည်။

   "   ငါ  တစ်ယောက်ထဲ  အေးဆေးနေချင်တယ်  မီးမီး  အနှောင့်အယှက်  ကိုယ့်ကို  လာမပေးပါနဲ့  "

" မီးမီး အနှောင့်အယှက် လာပေးတာ မဟုတ်ပါဘူး ဘွားဘွားက မမြင်လို့ တွေ့ရင်ခေါ်ပေးပါဆိုလို့ မီ ကိုကို့ကို မြင်လို့လာခေါ်တာပါ ကိုကို ။

"  တော်ပြီ  ရှေ့ဆက်ပြီး  ငါ့ကို  ကိုကို  ကိုကို  ဆိုပြီး မခေါ်နဲ့  ပါလားဟင်း  မင်းခုလိုခေါ်လိုက်တိုင်း  ငါ့ရင်တွေ  အသည်းတွေ  အရမ်းနာနာသွားတယ်  မီးမီး  နောက်ပြီ  ငါ  မင်းကို  ခုကတည်းက  ပွင့်ပွင့်လင်းလင်းပဲ  ငါ့ရင်ထဲရှိနေတာကို  အမှနါတိုင်း  ပြောပြမယ်။

 "  ငါ  မင်းကို  လက်ထပ်ပေမယ့်  ငါ့ရင်ထဲက  ချစ်သူ  ဖြူ့ကိုတော့   ဘယ်နည်းနဲ့မှ  မေ့ပျောက်လို့  မရဘူး  ခုလည်း  ဖြူကို  ချစ်နေတုန်းပဲ  နောင်လည်း  ဆက်ချစ်သွားမှာပဲ  ဒါ့ကြောင့်  ငါ့ကို  သစ္စာမရှိတဲ့  ယောက်ျားတစ်ယောက်လို့  မင်းထင်မြင်နေခဲ့လည်း  ငါစိတ်မဝင်စားဘူး  မင်းထင်ချင်သလို  ထင်မြင်နိုင်တယ်  ငါ  ခိုးကြောင်ခိုးဝှက်  ချစ်ရတာ  သဘောမကျဘူး  နောက်ပြီး  ငါ  မခေါ်မပြောပဲ  မင်းငါရှေ့ကို  ပေါ်ပေါ်မလာပါနဲ့  မင်းကို  မြင်တိုင်း  ငါ  ဖြူ့ကို  သတိရနေတယ်  အဲ့ဒါကြောင့်  ခုချိန်က  စပြီး  မင်း  ငါနဲ့ဝေးရာမှာပဲ  နေပေးပါ  ဒါမင်းကို  တောင်းဆိုတာပဲ  မီးမီး  "

ဗညားအောင်  မီးမီးဆိုသော  ကောင်မလေး  အနီးမှ  ခြေသံပြင်းပြင်းဖြင့်  လှမ်းထွက်ခဲ့လေသည်။

  ထိုကောင်မလေးရဲ့  မျက်ရည်လေး  ဝဲနေသော  မျက်နှာလေးကို  သူ  မမြင်တွေ့လိုက်ရပါ။***************

   "   ငါ့  မြေး  ဘွားဘွားတို့ကို  မမုန်းလိုက်ပါနဲ့ကွယ်  ဘွားတို့  ဖြူနဲ့  ငါ့မြေးကို  သဘောမတူတာက  သူမက  အရမ်းထက်မြက်လွန်းနေတယ် ထက်မြက်လွန်းတဲ့  မိန်းကလေးတွေဆိုတာ  များသောအားဖြင့်  ကိုယ့်ခင်ပွန်းတွေ  အပေါ်မှာ  အုပ်စီးအနိုင်ဟူတတ်ကျတယ်  ငါ့မြေး   ဘွားမြေးလေးကိုတော့  အဲ့လို  မိန်းမမျိုးလက်အောက်မှာ  အဘွားတို့  မထားနိုင်ဘူး  ဒါ့ကြောင့်မို့  ငယ်လည်းငယ်  ဖြူလည်း  ဖြူစင်ပြီး  အနေအေးတဲ့  မီးမီးငယ်နဲ့  ပေးစားဖို့  အဘွားတို့  စီမံခဲ့ရတာပဲ  မြေး  ။
 ဘွားဖြစ်သူ  စကားကြောင့်  ဗညားအောင်  မချိပြုံးပြုံးလိုက်မိလေသည်။

" ကိစ္စမရှိပါဘူး အဘွား အဘွားနဲ့ မေမေ စိတ်ချမ်းသာရင် ကျနော်ကျေနပ်ပါတယ် ဘွားဘွား ဒါပေမယ့် မင်္ဂလာဆောင်ပြီးရင်တော့ ကျနော်တို့ အိမ်ခွဲနေချင်ပါတယ် ဘဘွားဘွား "

" သြေ်ဒါများ မြေးရယ် ပြောစရာမလိုပါဘူး ဘွားဘွား မင်ူအတွက်ဝယ်ထားတဲ့ တိုက်တစ်လုံး မန်းတလေး တောင်ခြေဘက် ရှိတယ်လေ အဲ့ဒီမှာ မြေတို့ လင်မဟား အေးအေးဆေးဆေး သွားနေကြပေါ့ ဟုတ်ပလား "

ဘွားဖြစ်သူက သူ့မျက်နှာလေးကို ချစ်ကြင်နာဖွယ်ကြည့်ရင်း ပီတိဖြစ်နေလေသည်။ ဗညားအောင် ဆိုတာ မြေးအားလုံးထဲမှာ သူချစ်ရဆုံးသော မြေးချော မြေးလိမ္မာလေး မဟုတ်လား ။*******


   ဗညားအောင်နဲ့  မီးမီးငယ်ရဲ့  မင်္ဂလာပွဲကို  ခန်းမတွေမှာ  မကျင်းပ  ပါပဲ  ခြံထဲရှိ  မြက်ခင်းပြင်  စိမ်းစိမ်းကြီးမှာပဲ  ကျင်းပကြလေသည်။  မီးမီးငယ်  ဘက်က  သူတို့လောက်  မချမ်းသာပါပေ။  ဗညားအောင်တို့  ဘက်ကတော့  ဆွေးကြီးမျိုးကြီး  ဖြစ်တာတကြောင်း   လူကုန်ထံ  အသိုင်ူအဝိုင်း  ဖြစ်တာတကြောင်းမို့  လက်ထပ်ပွဲက  အတော်စည်းကား သိုက်မြိုက်လှပေသည်။

 ဗညားအောင်  မျက်နှာက  ဟန်ဆောင်အပြုံးဖြင့်  ချောမောခန့်ငြားနေသလောက်  မီးမီးငယ်  မျက်နှာလေးက  ဟန်မဆောင်နိုင်အောင်  မျက်နှာပျက်ယွင်းနေလေသည်။

 "  သြော်  ကိုကိုရယ်  မီး  ကိုကို့ကို  တကယ်  သနားတယ်  တောင်းလည်း  တောင်းပန်ပါတယ်ရှင်  ကိုကို့ကို  လက်ခံခဲ့မိတာ  ချစ်သူမရှိဘူး  ထင်ခဲ့လို့ပါ  ခုတော့  ကိုကို့မှာက  ချစ်သူ့နဲ့တဲ့  တကယ်စိတ်မကောင်းတာပါကိုကို  သူများချစ်ချင်း  ခွဲသလို  ဖြစ်နေခဲ့ရင်  မီးကို  ခွင့်လွှတ်ပါ  ကိုကိုရယ်  တကယ်တမ်းကျ  မီးက  ကိုကို  ပြုံးနေတာပဲ  မြင်ချင်တာပါ  ကိုကိုကလေ  ပြုံးနေရင်  အရမ်းချောတာပဲ  ကိုကိုရယ်    ဘာ့ကြောင့်  မီးမီး  ကိုကို့ကို  အလွယ်လက်ခံရတာလဲ  သိလားဟင်  ကိုကို  မီးမီး  ကိုကို့အပြုံးတွေကို  ပိုင်ဆိုင်ချင်ခဲ့လို့ပါရှင်  ခုတော့ မီးတွေမြင်နေရတာက  ကိုကိုရဲ့   ဟန်ဆောင်  အပြုံးတွေကိုပဲနော်  "

    ဘာပဲ  ဖြစ်ဖြစ်  ကိုကိုရယ်  ရှေ့ရှောက်  ကိုကို  အမြဲပြုံးနေစေဖို့  မီး  ကြိုးစားပါ့မယ်  ကိုကို။*******************************

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Excellent post!