မိန်းကလေးတစ်ယောက်
တကယ် ချစ်လာတဲ့အခါ
သာမန်ထက် ပိုရစ်လာတတ်ပေမယ့်
သည်းခံစိတ်ရှည်ခြင်း မြင့်မားလာတယ်
အတိတ်ကဇာတ်လမ်းတွေကို
စကားနာမထိုးတတ်တော့ဘဲ
လက်ရှိအနေအထားမှာ သူမက
သဘောထားပြည့်ဝသူအဖြစ်
ခိုင်ခိုင်မာမာ ရပ်တည်လာတတ်တယ်
ဘေးစကားတွေ နားမယောင်တတ်တော့ဘဲ
ပြဿ နာတစ်ခုကို ခေါင်းအေးအေးနဲ့
ဖြေရှင်းလာတတ်သလို
အပေါင်းအသင်းတွေနဲ့ သူမရဲ့ အချိန်တွေကို
ကုန်ဆုံးမှုနည်းလာစေပြီး
သူမ ချစ်ရသူကိုပဲ အချိန်တွေ ပုံအပ်လာတတ်တယ်
အလျော့ပေးလာတတ်ပြီး
စကားပြောဆိုရာတွင် ချိုချိုသာသာပြောတတ်လာကာ
အလှအပကို သာမန်ထက်
မက်မောလာတတ်တယ်
အချစ်စိတ်ကြောင့်ပဲလား မသိ
ကလေးဆန်မှုတွေ လျော့နည်းလာကာ
တည်ငြိမ်ရင့်ကျက်လာပြီး
ဘဝအတွက် လေးနက်တဲ့အစီအစဉ်တွေကို
ရေးဆွဲပြင်ဆင်နေတတ်တယ်
ဘယ်လောက်ပဲ ပျော်ပျော်နေတတ်တယ်ဆိုပေမယ့်
တစ်ယောက်တည်း တိတ်ဆိတ်စွာ
ငိုကြွေးနေတတ်ပြန်တယ်
နှလုံးသားထဲက နေရာယူထားသူ
တစ်ယောက်တည်းကိုပဲ အာရုံစိုက်နေတတ်ပြီး
ဘယ်လောက်ပဲ အစစအရာရာပြည့်စုံသူဖြစ်ပါစေ
သူမကို ချဉ်းကပ်လာရင်
ပြတ်သားစွာ ငြင်းဆန်လာတတ်တယ်
သာမန်ထက် သတ္တိတွေရှိလာပြီး
ချစ်သူနဲ့ ပတ်သက်လာရင် မိဘနဲ့ အသိုင်းအဝိုင်း
ပတ်ဝန်းကျင်ကိုတောင်မှ
ရင်ဆိုင်ရဲလာတတ်တယ်
ဆုံးဖြတ်ချက်တစ်ချို့်ကို
ပြတ်သားစွာချတတ်လာပြီး
အသုံးအစွဲကြီးသူ ဖြစ်ခဲ့ရင်တောင်မှ
ကပ်စေးနှဲ လာတတ်တယ်
မိန်းကလေးတစ်ယောက်က
အချစ်နဲ့ ထိတွေ့သွားတဲ့အခါ
နဂိုထက် သိသိသာသာ
ပြောင်းလဲလာခြင်းအကြောင်းက
အချစ်ကြောင့်လို့ တထစ်ချ စွပ်စွဲလို့ မရတတ်ပေမယ့်
သူမ ချစ်ရသူကို ဆုံးရှုံးသွားမှာ စိတ်ပူတဲ့
စိတ်ကြောင့်ပဲ ပြုပြင်ပြောင်းလဲလာတယ်ဆိုရင်
ပိုမှန်ပါလိမ့်မယ်
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!