ကျော်တော်တို့ ဈေးတစ်ခုမှာ ပစ္စည်းတစ်ခုသွားဝယ်တယ်ဗျာ။ ဈေးဝယ်တဲ့နေရာမှာ ရောင်းသူနဲ့ ဝယ်သူရှိတာပေါ့။ ဝယ်သူကို တနည်းအားဖြင့် ဖောက်သည်လို့လဲ ခေါ်နိုင်ပါတယ်။ ရောင်းသူဆီမှာ အမြဲတမ်းဝယ်နေသူတစ်ယောက်ဆိုရင်တော့ ဒီလူဟာ ဖောက်သည်ဖြစ်သွားပါပြီပေါ့။ ဖောက်သည်က ရောင်းသူကို ဂရုစိုက်ချင်မှစိုက်မယ်။ ဒါပေမဲ့ ရောင်းသူက ဖောက်သည်ကို ဂရုစိုက်ဖို့တော့လိုမယ်။
ကျော်တော် ဈေးဆိုင်တွေမှာ ဈေးဝယ်ဖူးတယ်။ တော်တော်များများက ရောင်းသူက ဖောက်သည်အပေါ် ဂရုတစိုက်ဆက်ဆံလေ့မရှိကြဘူး။ ဒီတော့ ဂရုတစိုက်အလေးပေးဆက်ဆံသူဆီမှာ ဖောက်သည်များနေပြီး ဂရုတစိုက်မရှိတဲ့ ရောင်းသူဆီမှာ ဖောက်သည်နဲနေတာမျိုးဖြစ်နေလိမ့်မည်။ အရေးကြီးဆုံးက ဂရုတစိုက်ဆက်ဆံရုံတင်မက ဝန်ဆောင်မူကောင်းရမည်။ စိတ်ရှည်ရမည်။ ဆက်ဆံရေးပြေလည်ရမည်။
ဒီလိုဆိုပြန်ရင်တော့ ဝန်ဆောင်မှုမကောင်းသော်လည်း ဈေးသက်သာတဲ့ဆိုင်မှာကော ဖောက်သည်မများနိုင်ဘူးလား ခင်ဗျားတို့ မေးလာနိုင်သည်။ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ကျော်တော်အမြင်ကတော့ ဈေးမသက်သာရင်နေပါစေ။ ဝန်ဆောင်မူကောင်းပြီး ဆက်ဆံရေးပြေလည်တဲ့ဆိုင်မှာ ဒီပစ္စည်းက ဈေးများနေရင်တောင် စိတ်ထဲမှာဝယ်ချင်စိတ်ပေါက်ပြီး ဝယ်မိမှာပါ။ ဖြစ်နိုင်ရင်တော့ ဈေးလဲသက်သာ ဝန်ဆောင်မူလဲ ကောင်းတဲ့ဆိုင်မျိုးရှာဝယ်နိုင်ရင်တော့အကောင်းဆုံးပါ။
ကျော်တော့် မနေ့တနေ့လောက်ကဖြစ်ခဲ့တဲ့ အတွေ့ကြုံလေးကို Steemit မှာပြန်လည်ဝေမျှပေးချင်ပါတယ်။ မြို့ထဲဈေးဘက်ဝယ်စရာလေးရှိလို့ထွက်ခဲ့တယ်။ ဈေးဘက်လမ်းလျှောက်လာတော့ ဖိနပ်က ပြတ်ခါနီးဖြစ်နေတယ်။ ဒါနဲ့ကျော်တာ့် နီးရာဖိနပ်ဆိုင်ထဲ ဝင်ဝယ်မိတယ်။ ဖိနပ်ဆိုင်ထဲဝယ်ပြီး ရောင်းသူမှ '' ဖိနပ်ဝယ်ဖို့လား'' ဟုမေးသည်။ ကျော်တော်လည်း ခေါင်းညိတ်လိုက်သည်။ ဆိုင်ကတော့ အကြီးကြီးမဟုတ်ပေမဲ့ ဖိနပ်တောစုံသား။ ကျော်တော် Rino ဖိနပ် အဖြူအမဲ ကွက်ကြားတစ်ရံကောက်ယူလိုက်ပြီး ရှိုကြည့်လိုက်သည်။ ဖိနပ်က ဆိုင်သေးနေလို့ ရှိုမရ။
'' မတော်ဘူးဗျ။ အခြားတစ်ရံပေးပါလား ''
ဟုကျော်တော်မှ ရောင်းသူပြောလိုက်သည်။
'' တကယ်ဝယ်မှာလား ''
ဟု ပြောလိုက်၍ ကျော်တော် ရုတ်တရက် ကြောင်တောင်တောင်ဖြစ်သွား၏။
'' တကယ်ဝယ်ရင်တော့ ရှာပေးမယ်။ ဟို ဂိုဒေါင်ထဲက ထုတ်ပေးရမှာမို့ ''
ကျော်တော်လည်း ခေါင်းညိမ့်လိုက်သည်။ သူမ ( ရောင်းသူ ) အောက်ထပ် ဂိုဒေါင်ထဲဆင်းသွားပြီး ဖိနပ်သွားရှာလေသည်။ ၃မိနစ်လောက်ကြာတော့ ပြန်တက်လာသည်။ ကျော်တော် သူမယူလာတဲ့ ဖိနပ်ကို လမ်းကြည့်လိုက်တော့ ကျော်တော်နဲ့ တော်လောက်မဲ့အရွယ်ထင်ပေမဲ့ ကျော်တော်မကြိုက်သည့် အရောင်လိမ္မော်ရောင်တောက်တောက်ကြီးဖြစ်နေသည်။ သူမက လက်ထဲဖိနပ်ထိုးပေးလိုက်သည်။
" အခြားဖိနပ်တစ်ရံ ထပ်ရှာပြီးလဲပေးပါလား ''
ဟု ပြောပြန်ရင်လဲ သူမအောင်ထပ်တစ်ခေါက်ပြန်ဆင်းပြီး ထပ်ရှာပေးရမှာမို့ ။ နောက်တစ်ခါ ကျော်တော့်တဲ့ကြိုက်တဲ့ အရောင်ဖြစ်နေရင်တောင် ဈေးခေါ်နေမှာဆိုး၍
'' နောက်မှ ဝယ်တော့မယ်နော် ''
ဟု ပြောပြီး လက်ထဲမှ ဖိနပ်ကိုချကာ လှည့်ထွက်ခဲ့သည်။ သူမမှ ကျော်တော်နှင့် ခပ်ဝေးဝေးလောက်ရောက်မှ မကြားတကြားလေသံဖြင့်
့ '' မဝယ်ချင်ရင်လဲ အစကတည်းက မမေးပါနဲ့လား။ သူများမှာ အပင်ပန်းခံပြီးထုတ်ပေးလာရတယ် ''
ဟု ပြောသံကြားလိုက်ရာ စိတ်ထဲတော့ ကထိကအောင့်ဖြစ်သွား၏။
'' နောက်တစ်ခါ ဒီလိုဆိုင်နောက် ဘယ်တော့မှ အရိပ်မနင်းမိစေရ''
ဟူ၍ စိတ်ထဲတွေးလိုက်သည်။
ဒါနဲ့ကျော်တော်လဲ ဖိနပ်ပြတ်ခါနီး ဖြစ်နေတာကြောင့် ဘေးက ဆိုင်တစ်ဆိုင်မှာ (Super Glue) ဝင်ဝယ်ပြီး ဖိနပ်ခေါင်ကို ယာယီကပ်လိုက်၏။ ဘဏ်မှာ လုပ်စရာလေးရှိလို့ ဘဏ်သို့ဆက်လျှောက်ခဲ့သည်။
ကျော်တော့်တို့မြို့မှာတော့ KBZ Bank ခွဲ သုံးခုရှိတယ်ဗျ။ ဘဏ် ၁ က လူအရင်းများလွန်းသောကြောင့် ဘဏ် ၂ မှာဘဲငွေအလွဲပြောင်းလုပ်သည်။ KBZ Bank သို့ဝင်လာပြီး ကျော်တော်စာရေးမက
ို '' ATM ကပ်လျှောက်ထားတာ ရပြီလားသိချင်လို့ ''
ပြောပြီး စာရေးမက ဘဏ်စာအုပ်တောင်းလေသည်။ ကျော်တော်လည်း လှမ်းပေးပြီး စာရေးမက
'' အကို ATM ကပ်မလျှောက်ထားသေးဘူး '' ဟုပြောရာ ''
"လျှောက်ထားတယ်လေဗျာ။ တစ်လစောင့်ရမယ်လို့ပြောလို့ ကျော်တော်ဒီနေ့ လာတာလေ။ ''
'' အကိုလျှောက်တုန်းက ကပ်ဖိုးငွေသုံးထောင်ပေးခဲ့သေးလား ''
'' မပေးဘူးဗျ။ ဒီကစာရေးမတွေကလဲ ကပ်ဖိုးပိုက်ဆံ ၃ထောင် ပေးရတယ်ဆိုပြီးလဲမတောင်းပါလား။''
'' အင်း၊ အကို ကပ်ဖို့းပေးမှ ATM ကပ်လုပ်ပေးလို့ရမယ်။ ''
'' ဘာလို့လဲ ကျော်တော် တခြားဘဏ်တွေမှာ လျှောက်တုန်းကဘအဲလိုမတောင်းပါဘူး။ ဘဏ် Acc ဖွင့်ထဲက ATM ကပ်ပါပေးလိုက်တာ။ ကပ်ဖိုးလဲမတောင်းပါလား။ ''
'' ဪ.ဒါ ပရိုမိုးရှင်းကာလ မို့နေမှာပါ။ ညီမတို့ဘဏ်က တခြားဘဏ်လို့်မဟုတ်ဘူး ကပ်ဖိုး ၃ထောင်ပေးမှရတယ်။ ''
ဟု ပြောရာ
" ဒါဆိုလဲမလျှောက်တော့ဘူးဗျာ။ ''
ပြော၍ လှည့်ထွက်ခဲ့သည်။
ဘယ်နဲ့ ကပ်ဖိုး ၃ထောင် ပေးရတယ်လို့ ကပ်လျှောက်ကတည်းကတောင်းပါလား။ တစ်လ တစ်လစောင့်ရသည့်အချိန်ကနဲသည်မဟုတ်။ ဖိနပ်ဝယ်လို့ကလဲ အဆင်မပြေ။ ATM ကပ်သွားတောင်းတာလဲ အဆင်မပြေ။ စိတ်ထဲတော်တော်တင်းနေမိသည်။ တံတွေးကို မျိုချလိုက်မိသည်။
ဒါနဲ့ပတ်သက်ပြီး ကျော်တော်ဖတ်ဖူးတဲ့ဆာင်းပါးတစ်ပုဒ်ကို သတိရသွားမိသည်။
နာမည်ကျော် အထက်တန်းစားသောက်ဆိုင်တစ်ဆိုင်တွင် စားသုံးသူအရင်းများသောကြောင့် စားပွဲထိုးကောင်းလေး၊ကောင်းမလေးများ အများပြားငှါးထား၏။
(ဆက်ရန်)
@shwetoe
Photo credit - Google Image
Good တယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit