မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ တစ်ခုခုကို သေချာသိချင်ရင်
( အပြင်က ဆေးခန်း ၊ ဆေးရုံကိုလည်း အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တဲ့အခါ )
ရုတ်တရက် မေးလို့ရတဲ့ ... ယုံကြည်ရတဲ့ နေရာ နည်းပါတယ် ။
ဒီတော့ ကျွန်တော်တို့ ပြည်သူ အများစုဟာ ကျွမ်းကျင်သူတွေကို မေးဖို့
အချိန် / ငွေကြေး အဆင်မပြေတဲ့အခါ
ကျွမ်းကျင်သူတွေ မဟုတ်တဲ့ " ပျောက်စေ ဆရာတွေ " /
" ကျင့်ဝတ်မရှိတဲ့ အရောင်းသမားအချို့တွေ "
" ထုတ်ကုန် အစွမ်းကို အလွန် အမင်း ချဲ့ကားပြောဆိုလေ့ရှိတဲ့
MLM သမားတွေ " ရဲ့
ဖိမ့်လုံး လှိမ့်လုံးတွေ ကိုပဲ နားယောင်မိပြီး
မသောက်သင့်တာ တွေ သောက်မိ ၊ မသုံး သင့်တာတွေ သုံးမိပြီး
အပို ကုန်ကျနေရတာတွေတင်မက
တစ်ခါတလေမှာ ကျန်းမာရေးပါ ပို ထိခိုက်ခံရတာမျိုးတွေ ရှိတတ်ပါတယ် ။
မြင်သာထင်သာ ရေတို ထိခိုက်မှုမျိုး မဟုတ်တဲ့
ရေရှည် ထိခိုက်မှုမျိုးတွေဆိုရင် ပို တောင် ကြောက်ဖို့ ကောင်းတာပေါ့ဗျာ ။
ဒီတော့ အဲ့လို အပြင်မှာ ဆေးခန်း သွား ၊ ဆရာဝန်သွားပြဖို့ အဆင်မပြေတဲ့လူတွေ ၊
သွားဖြစ်ရင်တောင် သေချာ ရှင်းပြတဲ့ ဆရာဝန်တွေနဲ့ တွေ့ခွင့်မကြုံလို့
အဆင်မပြေ ဖြစ်နေရသူတွေအတွက်
ကျွန်တော် သတိထားမိတဲ့ Page တစ်ခုနဲ့
Mobile App လေး တစ်ခု အကြောင်းကို စေတနာနဲ့ ပြန်ပြောပြချင်ပါတယ်ဗျာ ။
Page ကတော့ ဒီ Page ပါ ။
( https://www.facebook.com/OnDoctor/ ) <<<
ဒီ Page ကနေ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ စာစုတွေကို ပုံမှန်တင်ပေးနေပါတယ် ။
တင်ပေးနေသူတွေကလည်း သာမန်စာရေးသူတွေ သက်သက် မဟုတ်ပဲ
ကျန်းမာရေးနဲ့ ပတ်သက်လို့ တကယ်နားလည်တဲ့ ဆရာဝန်တွေ ၊ ပညာရှင်တွေ ပါ ။
ပိုပြီး ကောင်းတာက တင်ထားတဲ့စာတွေကို ဖတ်ရုံတင်မကပဲ
Page ရဲ့ Message Box ကနေ ( https://m.me/OnDoctor ) တဆင့်လည်း
ကိုယ်သိချင်တာကို လှမ်းမေးလို့ရပါတယ် ။
ပြန်ဖြေပေးတာက ဆရာဝန် တွေ ဖြစ်မှာပါ ။
Facebook Page ကနေ မေးတာထက် ပိုပြီး မြန်ဆန်ထိရောက်ချင်ရင်တော့
ဒီ ဖုန်း Application လေးကို အခမဲ့ ဒေါင်းလုပ်ရယူပြီး မေးနိုင်ပါသေးတယ် ။
( https://play.google.com/store/apps/details?id=co.ondr.chat ) <<<
ဖုန်းထဲကနေ တိုက်ရိုက်လှမ်းမေးနိုင်တာဆိုတော့ အတော်ကြီးကို အဆင်ပြေမှာပါ ။
ဒီလို ဝန်ဆောင်မှုတွေကို အခမဲ့ ရနိုင်တယ် ဆိုတာ ကျွန်တော် ကြားကြားချင်းက အံ့တောင် ဩမိသေးရဲ့ဗျာ ။
အရင်ကဆို ကျန်းမာရေးနဲ့ ပတ်သက်လို့ တစ်ခုခု သိချင်ရင်
ဆရာ ဒေါက်တာ တင့်ဆွေ ( https://www.facebook.com/drtintswe/ ) ကိုပဲ
အဓိကထားပြီး မေးဖြစ် ဖတ်ဖြစ်ရာကနေ
အခုလို Page / App တွေ ပေါ်လာတော့ ပိုပြီး အဆင်ပြေလာမှာပါ ။
အထူးသဖြင့်တော့ ဆရာဝန် ၊ ကျန်းမာရေးပညာရှင်တွေနဲ့ တွေ့ဖို့ အခြေအနေမပေးတဲ့လူတွေအတွက်
ဒါလေးတွေ ရှိတာ အတော်ကြီးကို အဆင်ပြေမှာပါဗျာ ။
ဒီတော့ မိတ်ဆွေတို့လည်း သုံးကြည့်ပါ ။
အဆင်ပြေရင် ဒီ သတင်းကို လက်ဆင့်ကမ်းပေးပါ ။
ကျန်းမာရေးနဲ့ ပတ်သက် တဲ့ ဗဟုသုတ အမှားတွေ ၊
လိုရာစွဲရေးထားတာတွေ ပျံ့နှံ့နေတဲ့ အွန်လိုင်း ပေါ်မှာ
ဒီလို Page မျိုး ဒီ လို Mobile App မျိုးကို လူသိများလာရင် လူများစုအတွက် ပို ကောင်းတာပေါ့ဗျာ ။
ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေ မဟုတ်တဲ့
" ပျောက်စေ ဆရာတွေ "
" ကျင့်ဝတ်မရှိတဲ့ အရောင်းသမားအချို့တွေ "
" ထုတ်ကုန် အစွမ်းကို အလွန် အမင်း ချဲ့ကားပြောဆိုလေ့ရှိတဲ့
MLM သမားတွေ " ရဲ့
ဖိမ့်လုံး လှိမ့်လုံးတွေ ကိုပဲ နားယောင်မိပြီး
ငွေကုန် အချိန်ကုန် ၊ ကျန်းမာရေးထိခိုက်ရတာမျိုးတွေကနေ ကင်းဝေးအောင်
ဒီ သတင်းလေးကို လက်ဆင့်ကမ်းပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေဗျာ ။
စေတနာဖြင့်
ကိုဇင်ဇေ
စာကြွင်း ။
ဒီ Page နဲ့ App ကို ဦးဆောင်ဖန်တီးတာက မိတ်ဆွေ တစ်ယောက်ပါ ။
ဒါပေမယ့် ဒီစာဟာ သူ့ကို ခင်လို့ သက်သက် ရေးပေးတာမဟုတ်ပဲ
ဒီ ဝန်ဆောင်မှုလေးကို တကယ် သဘောကျလွန်းလို့ ရေးပေးလိုက်တာပါ ။
ဒီလိုလူမျိုးတွေနဲ့ မိတ်ဆွေ ဖြစ်နေရလို့လည်း ဝမ်းသာ ဂုဏ်ယူမိပါသဗျာ ။
ဆက်လက်ပြီး အများအကျိုး ကိုယ့်အကျိုး အောင်မြင်အဆင်ပြေအောင်
ဆောင်ရွက်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ် ။ :)
Zin Zae Lwin