လွမ်းသူစာ​ခွေ

in maynmar •  7 years ago  (edited)

FB_IMG_1515932155888.jpg

{ လွမ်းသူစာ​ခွေ }
တောင်​​လေ​ဝေ့​ဝေ့ စိမ်း​မြေ့​မြေ့
လွမ်းသူ​တောင်​သို့ အလွမ်း​တွေ​ခွေ ။
စုံမြိုင်​မဟာ ​တောင်​တန်း သာ
ကျေငှက်​​ပေါင်းတို့. တွန်​ကျူး​ဝေ ။
မောင်​နှံတူမကွဲ ချစ်​အိမ်​စခန်း
တွဲလက်​မြဲဖို့ ဆု​တွေ​ချွေ ။
အလွမ်းဝန်​ခ မျက်​ရည်​စ
ဘယ်​​သောခါမျှ မရည်​စူး​စေ ။
ဘဝတစ်​သက်​ ကြင်​​ဖော်​ဖက်
ရင်​မှာစွဲလို့ ထာဝရ​မြေ ။
ရင်​မှာရည်​စူး ​သောတာဦး
စပယ်​ဖူးလို ​မွှေးပျံ့​နေ ။
အခါခါ​​တွေးသီ လွမ်း​စေတီ
ဆုထူးပန်​လို့ မခွဲ​ပေ ။
မေတ္တာ​​စေကျွန်​ ချစ်​လွန်းသူ
ချစ်​မိုး​ဆွေလို့ ရွာသွန်း​နေ ။

FB_IMG_1515474590908.jpg

သစ္စာမဏ္ဍိုင်​ အချစ်​ကမ္ဘာပိုင်
ရာသက်​လုံးတိုင်​ ချစ်​မြဲ​နေ ။
မောင်​ဖွဲ့ စကား ကမ္ဘာမခြား
သံ​ယောဇဉ်​နွယ်​ ခိုင်​မြဲ​စေ ။
သမုဒယသွယ်​ အ​တွေးများရယ်
ညဉ့်​သန်း​ခေါင်​ယံမှာ ​ခြောက်​ခြာ​နေ ။
ယှဉ်​ပြိုင်​ချစ်​ဦး ရင်​မှာစူး
တမူထူးလို့ လွမ်းပြီး​စွေ ။
သိ​နေမလားပါ့ မှန်းဆရ
မျှော်​သူ​မောလို့ လွမ်းနာကျ ။
ဝေရပ်​​မြေခြား ချစ်​သူနား
လွမ်းစာပါးလို့ တမ်းတ​နေ ။
အ​နေလဲ​ဝေး ​သွေးလဲ​အေး
စာ​တွေမပါးလို့ ​မေ့မလား​လေ ။
ဟို​တွေဒီ​တွေ ကဗျာ​တွေ​ရေး
လွမ်းသူတစ်​​ယောက်​ရဲ့ အခါခါ​ချွေ..။
@arkarsoe
Photo.google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်းကောင်းတယ် bro ကျွန်တော်လည်းကဗျာရေးချင်ဒါ မရေးတတ်ဘူးဗျ

စမ်း​ရေကြည့်​​ပေါ့ အစ်​ကိုရ ​နောက်​​တော့​ရေးတတ်​သွားမှာ​ပေါ့