အကယ်၍ယင်းသို့ စိတ်ထားသန့်ရှင်းစင်ကြယ်သည့်အနေအထားမျိုးရောက်အောင်ကြိုးပမ်းမည်ဆိုပါစို့။လုံးဝစင်ကြယ်သောအဆင့်သို့ မရောက်မီများစွာအလှမ်းဝေးနေသေးသည့်အနေအထားမျိုးလောက်မှာပင်သူအဇ္ဈတ္တနှင့်သူ့ဘ၀ကိုဆက်စပ်သုံးသပ်ခြင်းမှနေ၍ အကောင်းကြောင့် မကောင်းမဖြစ်နိုင်၊မကောင်းကြောင့် အကောင်းမဖြစ်နိုင် ဟူသည့်နိယာမတရားကြီးကိုသူ သိမြင်သွားမည်ဖြစ်၏။ သည်လိုအမြင်မျိုးရှိလာသောအခါ၌မူ မိမိအမြင်မှောက်မှားခဲ့သည့်အဖြစ်ကိုအပြန်လှန်သုံးသပ်မိကာ မိမိဘ၀သည်အကြောင်းကြောင့် အကျိုးဖြစ်ပေါ် သည့်သဘောအတိုင်းသာ စနစ်တကျ တရားမျှတစွာဖြစ်ခဲ့ပါတကား၊ မိမိ ကြုံကြိုက်ခဲ့ရသည့်ကောင်းသောအတွေ့အကြုံ၊ ဆိုးသောအတွေ့အကြုံတို့သည်လည်း မိမိအတ္တ(၀ါ)အဇ္ဈတ္တ၏သရုပ်သကန်များထင်ရှားထွက်ပေါ်ခြင်းသာဖြစ်ပါတကားဟူ၍ သဘောပေါက်လက်ခံမိလာပေမည်ဖြစ်သည်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!