Quality content ဆိုတာမရှိပါ

in meme •  6 years ago  (edited)

image

Image source

ကျွန်တော် Steemit မှာစာတွေစပြီးရေးတုန်းက Quality content ဖြစ်အောင်ကြိုးစားပြီးရေးမယ်ဆိုတဲ့ စိတ်အားထက်သန်မှုရှိခဲ့ပါတယ်။ ကျွန်တော်ထင်တာက Quality content ကိုသာရေးနိုင်ရင် Upvote အကြီးကြီးတွေရလာနိုင်မယ်ပေါ့။ နောက်ပိုင်းကိုယ်ကမြန်မာလိုပဲရေးနေပြန်တော့ ကိုယ်ရေးတဲ့စာက Quality content ဖြစ်သလားမဖြစ်သလား။ ဘယ်သူဖတ်တတ်လို့သိမှာလည်းလို့တွေးမိပါတယ်။ ကိုယ်က English လိုရေးတတ်ရမယ်။ ပြီးရင် Quality content လည်းဖြစ်ရမယ်ဆိုတော့ ပိုပြီးခက်ငွားပါပြီ။ သိကြတဲ့အတိုင်း English စာကို ထမင်းစားရေသောက်သလိုပြောနိုင်ရေးနိုင်နေသူတွေ၊ မိခင်ဘာသာစကား သမားတွေကိုကျော်ပြီး ကိုယ့်ရေးတဲ့ မတတ်တစ်ခေါက် အင်္ဂလိပ်စာကိုဘယ်သူက Quality content လို့ သတ်မှတ်ပြီးလာ Vote ပေးမှာလည်းနော်။

Steemit platform ပေါ်မှာ အစကနဦးတုန်းကတော့ မျှော်လင့်ချက်တွေအများကြီးထားမိခဲ့ပြီး Steemit platform ဆိုတာကို Social media အပြင် ဝင်ငွေလည်းရှာနိုင်တဲ့ နေရာတစ်ခုအဖြစ်အထင်တကြီးဖြစ်ခဲ့ပါ တယ်။တကယ်တန်းကိုယ်တွေထဲထဲဝင်ဝင် အသုံးပြုလာတဲ့အခါကျတော့ Steemit platform ပေါ်မှာစီးပွား ရေးဆန်တဲ့စီးပွားရေးသမားတွေပဲတွေ့နိုင်ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ ဆောာင်းပါးကောင်းတွေ တွေ့ပေ မယ့်လည်း Vote ကသိပ်ရမထားတာတွေ၊ သိပ်ကောင်းလှတယ်မဆိုနိုင်ပေမယ့်လည်း Vote အများကြီး ရထားတာတွေတွေ့လာရတဲ့အခါမှာတော့ Steemit platform ဆိုတာ စီးပွားရေးဆန်တဲ့ နယ်ပယ်တစ်ခု အဖြစ်သာပဲထင်မြင်မိပါတယ်။ ကိုယ့်အုပ်စုနဲ့ကိုယ် Group ဖွဲ့ပြီး အပြန်အလှန် Vote ပေးကြတာ၊ Curie လို အဖွဲ့မျိုးတွေဆီက အကူအညီတောင်းတာတွေကြောင့်သာ Vote တွေရကြပြီး ကျန်တာတွေအများစုကတော့ 0.001$ Vote သေးသေးလေးတွေနဲ့ လျောက်ပြီး ကိုယ့်ကိုယ်လူသိအောင် Dust vote ပေးကြတဲ့ ကြော်ငြာ သမားတွေပဲတွေ့ရပါတယ်။

ဒါကြောင့် Steemit platform ကိုခိုင်မြဲလိမ့်မယ်လို့မှတ်ယူနိုင်ရင် လူ (၅၀)(၁၀၀)စသည်ဖြင့် အဖွဲ့ဖွဲ့။ ပြီးရင် ငွေရင်းထည့်ပြီး actifit လိုပေါ့ပေါ့ပါးရေးလိုရတဲ့ နေရာကနေပုံမှန်ပို့စ်လေးတွေတင်ပြီး အပြန်အလှန် Vote တဲ့ လုပ်ငန်းအဖြစ်လုပ်ကြရင် ပိုပြီးအဓိပ္ပါယ်ရှိလိမ့်မယ်ထင်ပါတယ်။သို့သော်လည်း Steem ဈေးတွေဘယ် လောက်ကျတယ်ဆိုပေမယ့် Steem Power 5000 လောက်ဝယ်ယူဖို့ တစ်ယောက်ကို သိန်း ၂၀ လောက် ရင်းရမည်။Vote ပြန်ပေးတော့ 5000SP က 0.1$ သာပေးလို့ရသည်။လူ (၅၀) လောက်ဝိုင်းပြီး Vote ပေးလျှင် 5$ တော့ရမည်။ ဒါတောင်လူ (၅၀)စလုံးအတွက်မရနိုင်ပါ။ရသည်ထားတော့ တစ်နှစ်လောက် တစ်ရက်မှ မပျက်မကွက် အလုပ်လုပ်မှအရင်းကျေနိုင်မည်။တစ်ခုတော့ရှိသည် ဈေးထပ်ကျလျှင်ရှုံးဦးမည် ဈေးတက်သွားလျှင်တော့ ရတနာပုံစိုက်သွားပါမည်။

အခုနောက်ပိုင်းတွင် Steem Power မဝယ်ပဲ Delegate တောင်းသည့် အဖွဲ့များ SMTs Token များပေး မည်ဆိုပြီး ထူထောင်လာကြသည်။ သူတို့ Token များသည် အဘယ်မျှအဖိုးတန်သနည်း ပြောစရာမလိုပါ။ Token 10000 ကို 1Steem ဖြင့်သာလဲပေးမည်ဆိုလဲ မည်သူတတ်နိုင်ပါမည်နည်း။လောလောဆယ် တန်ဘိုးကိုထုတ်ဖေါ်ပြောပြစရာမလိုအပ်ခြင်းက သူတို့အတွက်အားသာလှသည်။ ကြည့်ရသလောက်သူတို့ က အခြေအနေကောင်းလှသည်။ SP 500 မှ SP100000 အထိပင် Delegate ပြုလုပ်တွေကိုတွေ့ရသည်။

Steemit platform တွင် သူများတကာလို စီးပွားရေးဆန်ဆန်လုပ်ကိုင်လိုပါက သူတို့၏နည်းလမ်းသည် အကောင်းဆုံးဖြစ်မည်ထင်သည်။ ထိုသို့မဟုတ်မူပဲ ပုံမှန် 1$ လောက်ရနေသည့် UPVOTE ဖြင့်ကျေနပ် နေပါက တစ်နေ့နေ့တော့ဖြစ်လာလိမ့်မည် သို့သော်..........ဘယ်နေ့မှန်းမသိ။

မင်းစိုးနိုင်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Unity is strength. ဆိုတာကို အကောင်အထည် ဖော်ရမှာပဲ မိမိတတ်နိုင်တာ လုပ်ရုံပဲ မဟုတ်လား😁

Posted using Partiko Android

ဟုတ်ပါတယ်၊ကိုယ်တတ်နိုင်တဲ့အထဲက လုပ်သင့်ဆုံးကိုရွေးပြီးလုပ်သွားရမှာပေါ့

Posted using Partiko Android

ဘယ်လိုများတောင်ရေးရပ ဦးမင်းရယ်

ပြောချင်တာကရေးချင်သလိုသာရေး ကိုယ့်ကို vote မယ့်သူရှိဖို့ပဲလိုတယ်။ဆိုတဲ့သဘောပါပဲ။

Posted using Partiko Android

ရေးချင်တာရေး ဗုတ်ပါဟေး

Posted using Partiko Android

ကိုယ့်အထင်တွေရေးထားတာပါ၊ဟုတ်သော်ရှိ မဟုတ်သော်ရှိ

Posted using Partiko Android