10နှစ်ဆေးလိပ်သောက်ထားတာကြောင့် မည်းညစ်နေတဲ့အဆုတ်ကို
7ရက်အတွင်း ပြန်လည်သန့်စင်ပေးနိုင်သော ရှောက်ချိုသီးယို ရေနွေးကြမ်း
စီးကရက်အတွင်းမှာပါဝင်တဲ့ နီကိုတင်းဓာတ်ပစ္စည်းဟာ စိတ်ဖိစီးမှုများကို ပြေပျောက်စေခြင်း၊ စိတ်ရွှင်လန်းတက်ကြွစေခြင်း နှင့် စိတ်ခံစားချက်ကိုသက်သောင့် သက်သာဖြစ်စေခြင်း စသည်တို့ကြောင့် သင့်ကို တစ်နေ့ထက်တစ်နေ့ စွဲလန်းလာစေ မှာလည်းဖြစ်ပါတယ်။ နီကိုတင်းဓာတ်က အဆိပ်ပျော့တစ်မျိုးဖြစ်ပြီး စွဲလန်းလာပြီဆိုရင်ဖြင့် ဖြတ်ရခက်ပါတယ်။ ဒါကြောင့်လည်း မျက်မှောက်ကာလမှာ ဆေးလိပ်သောက်သုံးသူ တစ်စတစ်စများလာပြီး ဆေးလိပ်ကြောင့် ရောဂါရသူများ မှာလည်း တစ်စထက်တစ်စများပြားလာနေပါတယ်။
.
ဆေးလိပ်သောက်သူအတော်များများက ကိုယ့်ဖာသာကိုယ်သောက်တာ အခြားသူတွေကို ဂရုစိုက်စရာမလိုဘူးလို့လည်းတွေးတတ်ကြပါတယ်။ တစ်ကယ်တော့ ဒီအတွေးအခေါ်က မှားတယ်လို့ဆိုပါရစေ။ ဘာလို့လဲဆိုတော့ သုတေသန စစ်တမ်းများအရ ဆေးလိပ်သောက်သုံးသူ ၃ဒသမ၄ဦးကြောင့် ဆေးလိပ်မသောက်သုံးသူ ၇ဒသမ ၄ဦးကို ရောဂါဖြစ်စေရန် အကျိုးသက်ရောက်မှုများရှိနေတယ် လို့သိရပါတယ်။ ဒါကြောင့် မိသားစုတစ်ခုမှာ ဆေးလိပ်သောက်သုံးသူ ၁ဦးရှိပါက အခြား ၃ဦး၏ ကျန်းမာရေး ကိုပါခြိမ်းခြောက်မှုရှိနေတာကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။ ထို့အတူ အိမ်တွင် ကလေးငယ်များရှိပါက အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများကို ပါကြုံတွေ့ရနိုင်ပါတယ်။ ကျွန်ပ်တို့ မြန်မာနိုင်ငံမှာ ၁၅နှစ်အရွယ် ကလေးသူငယ်များ ဆေးလိပ်သောက်သုံးမှုများ များပြားလာတာကို လည်းတွေ့ရှိလာရပါသည်။ လူကြီးများက ကလေးငယ်များကိုဆေးလိပ်ဝယ်ခိုင်းခြင်း၊ ဆေးလိပ်မီးညှိခိုင်းခြင်း စသည်တို့ကြောင့် ကလေးငယ်များလည်း လမ်းမှားကို လျှောက်လှမ်းလာလျှက် ရှိနေပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်စေရန်လည်း လူကြီးများအနေဖြင့် ဆင်ခြင်သင့်ပါတယ်။ ထို့အတူ ဆေးလိပ်သောက်သုံး သူများအနေဖြင့် မိမိမိသားစုအတွက် မိမိချစ်သောရင်သွေးများအတွက် တတ်နိုင်ရင်ဆေးလိပ်ကို ဖြတ်သင့်ပါတယ်။
.
ဆေးလိပ်၏ဆိုးကျိုးကိုသိသော်လည်း အလွယ်တကူမဖြတ်နိုင်သူများ၊ နောက်ဆက်တွဲရောဂါများ လျှော့ချလိုသူများအတွက်တော့
အခုကျွန်ပ်တို့ MI Mediaမှတင်ပြပေးမည့် နည်းလမ်းလေးကို အသုံးပြုခြင်းဖြင့် သန့်စင်ပြီးကျန်းမာသော အဆုတ်ကို အထိုက်အလျောက်ပြန်လည်ကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ လုပ်နည်းလေးကလည်းလွယ်ပါတယ်။
.
#ဆေးနည်း
လိုအပ်တာကတော့ ရှောက်ချိုသီးယို နှင့် ရေနွေး သာဖြစ်ပါတယ်။
ရှောက်ချိုသီးယို ကိုတော့ နေရာအတော်များများမှာ ၀ယ်ယူလို့ရပါတယ်။(ရှောက်ချိုသီးယိုဝယ်မရပါက အခွံလေးတွေပါပါတဲ့လိမ္မော်သီးယို သို့မဟုတ် ကျွဲကောသီးယိုနဲ့လည်းအစားထိုးနိုင်ပါတယ်။)
ရှောက်ချိုသီးယို ထမင်းစားဇွန်း ၁ဇွန်းကို ရေနွေးဖြင့်ထည့်ဖျော်ကာ ခပ်နွေးနွေးဖြစ်ချိန်တွင် သောက်သုံးပေး ရမှာဖြစ်ပါတယ်။ တစ်နေ့နှစ်ခွက် သောက်ပေးပြီး တစ်ပတ်ဆိုရင်တော့ အဆုတ်အတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။
#Crd
ဆင်ခြင်မှ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ကောင်းတဲ့ ကျန်းမာရေးအကြောင်းတင်ပြမှု အောင်မြင်ပါစေ။ let's go STEEMIT
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit