ထိတ်လန့်စရာကောင်းတဲ့ သရဲတစ္ဆေတွေကို တကယ်ကြောက်ရ မှာလား

in mm •  7 years ago 

image

သရဲဆိုတာ တကယ်ရှိတယ်လို့များ ခံစားမိလား
တို့ကတော့ သရဲဆိုတဲ့ အသံကြားရုံနဲ့တင် ဘာမှန်းမသိတာတောင် ကျောတချမ်းချမ်း ဖြစ်နေမိတာ…အမှောင်လောကဆိုတာလည်း ကြောက်စရာအကောင်းသား.. သရဲကားတွေထဲမှာ မှောင်တဲ့အခန်းရောက်လာပြီဆို အလိုလိုစိတ်ခြောက်ခြားတတ်ကြတာလေ… သရဲတစ္ဆေတွေရဲ့ စိတ်ဝင်စားဖွယ်အကြောင်းတွေကို ပရိသတ်ကြီး သိစေဖို့ တို့က ရှာဖွေပြောပြ ပေးလိုက်ပါတယ်နော်…

(၁) သိပ္ပံသဘောတွေရဲ့ နောက်ကွယ်မှာ ညတစ္ဆေတွေနေပါတယ်။ ဒါဟာဘာလဲဆိုရင် ဝိဥာဉ်တွေနဲ့ တစ္ဆေတွေဟာ ညအချိန် အီလက်ထရောနစ် အနှောက်အယှက်တွေ လျော့နည်းတာကြောင့် သူတို့ရဲ့စွမ်းအားတွေ ပိုပြီးအားကောင်းစေတဲ့အချိန်လို့ ပြောလို့ရနိုင်ပါတယ်။
image

(၂) ကလေးငယ်တွေနဲ့ တိရစ္ဆာန်တွေဟာ သရဲ၊ တစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဆီမှာရှိတဲ့ ဆွဲအားတစ်ခုဟာ သရဲတွေကသူတို့ဆီကို ရောက်လာနိုင်ဖို့ ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ တချို့ငယ်ရွယ်လွန်းတဲ့ ကလေးတွေဆိုရင် သရဲတွေနဲ့ သူငယ်ချင်းဖွဲ့တာမျိုးတွေ ရှိတတ်ပါတယ်။ များသောအား ဖြင့် ကြောင်တွေက သရဲတွေကို ပိုမြင်နိုင်စွမ်းရှိပါတယ်။

(၃) စိတ်အကျပ်အတည်း ဖြစ်နေတဲ့အခြေအနေမျိုးမှာ သရဲတွေကရှိနေတတ်ပါတယ်။ များသောအားဖြင့် သရဲ၊ ဝိဥာဉ်တွေက သူတို့သေဆုံးမှုကို မသိကြပါဘူး။ အခြားသူတွေရဲ့ အိပ်မက်ဆိုးတွေထဲမှာ ဝင်ရောက်နေနေတတ် ပါတယ်။

(၄) သရဲ၊ တစ္ဆေတွေဟာ ဘယ်တော့မှ မအိပ်တတ်ကြပါဘူး။ များသောအားဖြင့် သူတို့စွဲလမ်းတဲ့နေရာမှာ နေတတ်ကြပါတယ်။ ဥပမာဆိုရင်တော့ သူတို့ နောက်ဆုံးသေဆုံးခဲ့တဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။
image
(၅) သရဲတွေကသူတို့တွေကို လူတွေကသတိထားမိအောင်လုပ်ရတာ သဘောကျ နှစ်သက်ကြပါတယ်။ ဒါပေမဲ့ သူတို့က လူတွေကိုတော့ မသတ်နိုင်ကြပါဘူး။ သူတို့ကိုယ်တိုင်မသတ်နိုင်ကြပေမဲ့ လူတွေက စိတ်ဖောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်အောင်၊ ကိုယ့်လက်နဲ့ကိုယ် သတ်မိအောင် လုပ်တတ်ကြတာ ဖြစ်ပါတယ်။ (၆) သရဲတိုင်းကတော့ ခြောက်လန့်တတ်ကြတာမဟုတ်ပါဘူး။ လူတွေနဲ့ခင်မင်ရင်းနှီးချင်တဲ့ သရဲ၊ တစ္ဆေတွေလည်း ရှိတတ်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!