ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် အသွင်ထူးခြားနည်းပညာရပ်များ

in mmgroup •  7 years ago 

တိုးတက်လာတဲ့ နည်းပညာရပ်တွေထဲက ကမ္ဘာကြီးအပေါ် အန္တရာယ်သက်ရောက်မှုမရှိဘဲ စွမ်းအင်ရရှိနိုင်တဲ့ နည်းပညာရပ်တွေကို ပရိသတ်ကြီး သိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆိုလာမှန်ပြား

ဆိုလာမှန်ပြားတွေဟာ သန့်စင်ပြီး သဘာဝစွမ်းအင်ကို ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ အဆောက်အဦးတွေ၊ ကားမှန်တွေ၊ တံခါးမှန်တွေမှာ တပ်ဆင်အသုံးပြုမယ်ဆိုရင် လိုအပ်နေတဲ့ စွမ်းအင်ပမာဏကို နေ့စဉ် ထောက်ပံ့ ပေးနိုင်မှာဖြစ်ပါတယ်။

(၂) ဆိုလာမီးတိုင်

ကားလမ်းမတွေက လမ်းမီးတိုင်တွေကို ဆိုလာစနစ်နဲ့ အသုံးပြုခြင်းဖြင့် လျှပ်စစ်ကိုခြွေတာရာရောက်ပြီး နေစွမ်း အင်ကို မနက်ပိုင်းမှာ ခံယူပြီး ညဘက်မှာတော့ မီးလင်းစေနိုင်ပါတယ်။ ဆိုလာမီးတိုင်တွေက အားဖြည့်ထားရင် ၇နာရီ ၈နာရီ အတွင်း မီးအလင်းရောင် ရရှိစေနိုင်ပါတယ်။

(၃) ရေညှိ

ပင်လယ်အောက်ခြေမှာ ရှိနေတဲ့ အစိမ်းရောင်ရေညှိ တွေဟာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူ နိုင်စွမ်းရှိပါတယ်။ ရေညှိမှာဆိုရင် အီသာနော ပါဝင်တဲ့အတွက် ပညာရှင်တွေဟာဆိုရင် ရေညှိကနေပြီး သဘာဝ စွမ်းအင်တွေကို ထုတ်ယူပြီး အသုံးချနိုင်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(၄) ကာဗွန်

ကာဗွန်ကနေ စွမ်းအင်ထုတ်ယူမယ်ဆိုရင် လေထုညစ်ညမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ကာဗွန်ကနေ စွမ်းအင်ထုတ်တဲ့ နည်းပညာက တစ်နှစ်မှာယာဉ်ပေါင်း နှစ်သိန်းခွဲခန့်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု တွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။
Copy right
Credit#post owner

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သတင်းတွေမျှဝေလို့ကျေးဇူးပါ

vote အတွက်ကျေးဇူးတင်ပါတယ်

မောင်လေးပီးမမအလှည့်နော် ဟီးးးးး

like

thanks

done sir

thanks

Done

thanks