သီရိဓမ္မာသောကမင်းကြီး၏ ကျောက်တိုင်များ
ထိပ်က အထိမ်းအမှတ် အဓိပ္ပာယ်များ
၁။ ငါသည် တိုင်းပြည်နဲ့ သာသနာတော်အတွက်
နွားကဲ့သို့ သည်းခံ၍… ရုန်းတော့မည် ဆိုတဲ့ရည်
ညွှန်းချက်နဲ့ ကောလိယတိုင်း ရာမ ရွာအနီးစိုက်ထူ
တဲ့ ကျောက်တိုင်ပေါ်မှာနွားလားဥဿဘရုပ်ကိုတင်
ခဲ့ခြင်းဖြစ်ပါတယ်။
၂။ ငါသည် သာသနာတော်နှင့်လူသားတို့ အတွက်
မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာဆောင်ရွက်မည်ဆို
တဲ့ အဓိဌာန်နဲ့ မြတ်ဗုဒ္ဓရဲ့ ဖွားမြင်ရာလုမ္ဗိနီမှာစိုက်ထူ
ခဲ့တဲ့ ကျောက်တိုင်ထိပ်ပေါ်မှာလည်း သိန္ဓောမြင်းရုပ်
ကိုတင်ခဲ့ပါတယ် ။
၃။ ငါသည် တိုင်းပြည်နှင့်သာသနာတော် ဆင်ကဲ့
သို့ ခွန်အားအပြည့်နဲ့ ရည်ရွယ်ချက်နဲ့ မြတ်စွာဘုရား
တာဝတိံသာမှ ဆင်းသက်ရာသင်္ကဿမြို့ တံခါးဝ
မှာတော့ ဆင်ရုပ်အထွတ်တင်တဲ့ ကျောက်တိုင်ကို
စိုက်ထူခဲ့ပါတယ် ။
၎။ ငါသည် တိုင်းကျိုး ပြည်ကျိုး သာသနာကျိုး သယ်ပိုး
ရာ၌လည်းကောင်းတိုင်းပြည်အန္တရာယ် သာသနာ့
အန္တရာယ်အသွယ်သွယ်ကို………ကာကွယ်စောင့်
ရှောက်ရာ ၌ လည်းကောင်း ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ
ပြုလုပ်ဆောင်ရွက်ဆောင်ရွက်မည်ဆိုတဲ့ သူရစိတ်
ဝီရိယစိတ်တို့ ကိုဖော်ညွန်းသည့် အနေနဲ့ ဗာရာဏ
သီ မိဂဒါဝုန်မှာ စိုက်ထူခဲ့တဲ့ကျောက်တိုင်ထိပ်မှာ
တော့ကေသရာဇာ သီဟရာဇာခြင်္သေ့ရုပ်ကို စိုက်ထူခဲ့
ပါတယ် ။
အဲ့ဒါကြောင့် တိုင်းကျိုးပြည်ကျိုး သာသနာပြုအလုပ်များကိုလုပ်တဲ့အခါမှာ
နွားလိုလည်းသည်းခံ , မြင်းလိုလည်းလျင်မြန်,ဆင်လိုလည်းအားသန်,
ခြင်္သေ့လိုလည်း…ဇွဲမာန်သတ္တိအပြည့်ရှိဆိုတဲ့
ဆောင်ပုဒ်အတိုင်းသီရိဓမ္မာသောကမင်းကြီးရဲ့
့အဓိဌာန်အဓိပ္ပါယ်များကိုတင်ပြပေးလိုက်ပါတယ်
မူရင်း Credit
Photo credit
![FB_IMG_1502164398062.jpg](https://steemitimages.com/DQmdwyYV313xXeQwAFZDBRpkoYhoJRyzAS3oU1oadkXKj6U/FB_IMG_1502164398062.jpg)![FB_IMG_1502164392521.jpg](https://steemitimages.com/DQmYPdePuZJ7bVG9n6brkGNKWRJyB5476kcydjVxTTofnFp/FB_IMG_1502164392521.jpg)![FB_IMG_1502164388934.jpg](https://steemitimages.com/DQmY6zhoVRgwMJfTQ2vRdzh9gL68Sp61CMs33ddNWyfsUrE/FB_IMG_1502164388934.jpg)