Steemit မှာမရေးဖြစ်တာကြာပါပြီ။ စာမေးပွဲကြောင့်ရယ်၊ Project ကိစ္စရယ်၊ Field ဆင်းရမယ့် ကိစ္စတွေရယ် တလကျော်လောက် steemit နဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ဟိုတနေ့ကမှာ ဘယ်လိုပြောရမလဲ ဆောင်းပါးမကျ ဘာမကျ ရေးလိုက်တာ တိုသွားတယ်။ 😂 အခုကအဆက်လေးပေါ့။ (၂) လို့ပြောလို့ရသလို နိဂုံးချုပ်လို့လည်း ဆိုရမှာပါ။ မရှည်ဘူးဆိုရင်တောင် မတိုအောင်တော့ ရေးမှာပါ။ အင်း....စကားနည်းနည်းရှည်သွားတယ်...😂 အဟမ်း....
ကျွန်တော်တို့အတွက် ကြီးပွားအောင်မြင်ရေး ၂
ဒီတော့ ကျွန်တော်တို့လူသားအလုံးကတော့ ကြီးပွားဖို့ ချမ်းသာဖို့ အောင်မြင်ဖို့ ကြိုးစားကြတာချည်းပါပဲ။ လူတိုင်းဖြစ်ချင်ကြတာပါပဲ။ ကြီးပွားအောင်မြင်ချင်ရင် ထိုသူဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထူးချွန်သူတွေ အောင်မြင်သူတွေရဲ့ Biography တွေကိုလည်း လေ့လာရပါလိမ့်မယ်။ ထိုအောင်မြင်သူတွေ ဆင်းရဲချိန်တုန်းက မထူးချွန်ခင်တုန်းက မည်သို့ မည်ပုံ ဇွဲခတ်ရင်းနှီးပြီး ကြိုးစားခဲ့ရသလဲဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်ခံစားတတ်မှာဖြစ်ပါတယ်။ ဥပမာ အေဗရာ ဟမ်လင်ကွန်းရဲ့ အကြောင်းပေါ့။ ကျွန်တော် ဖတ်ဖူးတယ် လင်ကွန်း ငယ်ငယ်က သစ်လုံးအိမ်ထဲမှာ ဘယ်လိုနေထိုင်ခဲ့ရတယ်ဆိုတာပေါ့။ ဘယ်သူသိနိုင်မှာလည်း လင်းကွန်းဆိုတာ အမေရိကန် သမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ် ဖြစ်လာမယ်ဆိုတာ။ ဒီလိုမျိုး ထူးချွန်သူတွေ ရဲ့ အတ္ထုတ်ပတ္တိတွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ ထိုသူတွေကို အတုယူနိုင်မယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ ခွဲခြမ်းစိတ်ဖြာတတ်မှာတော့ ဧကန်ပါပဲ။ ဒါဟာ ကျွန်တော်တို့ အတွက် အောင်မြင်ဖို့ လမ်းစပဲလို့ ကျွန်တော်ထင်ပါတယ်။
လကမ္ဘာတက်တဲ့ လူသားတစ်ဦးရဲ့ စွန့်စားမှုနဲ့ ပင်လယ်သမုဒ္ဒရာ လေမုန်တိုင်းကြားမှာ ကြမ်းတမ်းလှတဲ့ လှိုင်းလုံးတွေကြား စွန့်စားမှုတွေဆိုတာ အတူတူပါပဲ။ ဓာတ်ခွဲခန်းတွေထဲမှာ စာအုပ်ပုံတွေကြားမှာ မအိပ်မနေ မနားမနေ ရှာဖွေပြုစုနေတဲ့ လူတစ်ယောက်ရဲ့ စွန့်စားမှုဆိုတာကလည်း အတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လူသားတွေအားလုံးဟာ အတွင်းစိတ်ထဲက အကြောင်းအရာတွေကို အခြေခံပြီးမှ မိမိနှစ်သက်ရာ နယ်ပယ်မှာ ပါဝင်ကြတာချည်းဖြစ်ပါတယ်။ အခုကျွန်တော်တို့က steemit ဆိုတဲ့ နယ်ပယ်မှာ တစ်စိတ်တစ်ဒေသ တော့ပါဝင်နေကြတယ်မဟုတ်လား။
အောင်မြင်သူတွေရဲ့ အကြောင်းတွေလေ့လာကြည့်တဲ့အခါ သူတို့ဟာ ဘာမှမပြည့်စုံတဲ့ ဘဝကနေ တစ်ယောက်တစ်စ ရုန်းကန်စွန့်စားခဲ့ရာက ပြည်စုံသွားတာတွေ တွေ့ရမှာပါ။ ကျွန်တော်ထင်တယ် ဘယ်သူဘယ်ဝါကမှ စစဉ်ကတည်းက ပြီးပြည့်စုံပြီးသားရယ်လို့ မရှိခဲ့ကြပါဘူး။ မိမိဆွေမျိုး မိဘ အသိုင်းအဝိုင်း ကောင်းမှုကြောင့် အောင်မြင်ချမ်းသာတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် အတုယူလောက်စရာတော့ မရှိပါဘူး။ ကျွန်တော်တို့တွေရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေဟာ ကျွန်တော်တို့လိုပဲ ဘာမှမရှိတဲ့ ဘဝကနေစနေကြလို့ပါ။ ဒီတော့ ကျွန်တော်တို့ အားလုံးဟာ ဘာမှမရှိတဲ့ ဘဝကနေ အောင်မြင်လာတဲ့သူတွေကိုသာ အတုယူမှတ်သားသင့်ပါတယ်။ နိုင်ငံခြားတွေမှာ ထူးခြားတဲ့ အကြောင်းအရာတွေ မကြာခဏပေါ်ပေါက်နေတာတွေ၊ ထူးချွန်တဲ့ လူသားတွေဆိုပြီး TV မှာရော စာအုပ်မှာရော ကြုံဖူးကြမှပါ။ သူတို့ ဘာကြောင့် ထူးချွန်တာလဲ အောင်မြင်ကြတာလဲ။ သယံဇာတကြောင့်လား၊ ရာသီဥတုတွေကောင်းမွန်နေလို့လား။..ဒါမှမဟုတ် လူကောင်ကြီးတွေ ထွားနေလို့လား။
တစ်ခုမှမဟုတ်ပါဘူး။ သူတို့နိုင်ငံထွက် သယံဇာတပစ္စည်းဆိုတာကလည်း အများနိုင်ငံနဲ့ယှဉ်လို့တောင်မှ ၁၅ ရာခိုင်နှုန်း တောင်ရှိမှာမဟုတ်ပါဘူး၊ ပြီးတော့ ရာသီဥတု ဘယ်မှာကောင်းကြလို့လဲ။ တော်ကြာမီးတောင်ပေါက်ကွဲ၊ တော်ကြာလေမုန်တိုင်းေ၊ ရေကြီး၊ တော်ကြာ ငလျင်တဲ့...။ ဒါပေမယ့် သူတို့နိုင်ငံတွေ ချမ်းသာကြတယ် အောင်မြင်ကြတယ်။ သူတို့နိုင်ငံတွေမှာ ကမ္ဘာ့အချမ်းသာဆုံး စရင်းဝင်တွေ ဘာတွေ တွေ့နိုင်သေးတယ်။ အဲ့ဒါဘာကြောင့်လဲ။ ကျွန်တော်တို့ နိုင်ငံတွေရော ချမ်းသာလို့မရဘူးလား(အဘလိုပေါ့😛)။ ရှင်းရှင်းလေးပါပဲ။
သူတို့...သူတို့တွေဟာ ဘဝကို ဘယ်လိုအကျိုးရှိအောင် အသုံးချနေထိုင်ရမယ်ဆိုတာ စတဲ့ကျင့်စဉ်နည်းလမ်းတွေကို လက်ကိုင်ပြုထားလို့ပဲလို့ ကျွန်တော်ထင်ပါတယ်။ သူတို့မှာအောင်မြင်ရေးစိတ်ဓာတ်ကို ထက်မြတ်စေတဲ့ လှူံ့ဆော်မှုတွေ ရှိနေတယ်။ ပွားများမှုတွေရှိနေတယ်။ ကျွန်တော်ထင်တယ် ကျွန်တော်တို့နိုင်မှာသာ အဲ့လိုစိတ်ဓာတ်တွေကို လက်ကိုင်ထားနိုင်ရင် ပွားများနိုင်ရင် ကျွန်တော်တို့ နိုင်ငံဟာလည်း အောင်မြင်ကြီးပွားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ။
နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာမှုဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီးရဲ့ ချမ်းသာမှုနဲ့ပဲ ဖွဲ့စည်းစားထားတာပါ။ ဦးဇော်ဇော် ချမ်းသာလို့ ဦးသန်းရွှေ ချမ်းသာလို့ ကျွန်တော်တို့ နိုင်ငံချမ်းသာတာမဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အားလုံးတစ်ယောက်ချင်းစီ ချမ်းသာမှ
အောင်မြင်မှ ကျွန်တော်တို့ နိုင်ငံ ချမ်းသာတယ်လို့ ဆိုရမှာပါ။( နိုင်ငံရေးတွေပါကုန်တော့မှာပဲ😂) တစ်နည်းပြောရရင် ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်ကြိုးကိုင်မှုဟာ စွမ်အားတစ်ခုပေါ်ပေါက်မှုမှာ ဘယ်လောက်အရေးပါသလဲဆိုတာ ကိုယ်စီကိုယ်စီသိနေရမှာဖြစ်ပါတယ်။ သူတို့နိုင်ငံတွေမှာ ကြီးပွားမှုဆိုင်ရာ စိတ်ပညာဆိုင်ရာ စာအုပ်စာတမ်းတွေ။ ပညာရှင်တွေဆိုတာ အများကြီးပါပဲ။ ကျောင်းတွေမှာလည်း မူလတန်းအရွယ်ကတည်းက ယဉ်ကျေးမှု စိတ်ပညာတွေကို ဘာသာရပ်အနေနဲ့ ပို့ချမှုတွေရှိတယ်။ လူတိုင်းလူတိုင်းကို လူမှန်းသိကတည်းက စမ်းသပ်ချင်စိတ်၊ တီထွင်ချင်စိတ် မျိုးစေ့တွေကို ချပေးကြတယ်။ လူတစ်ယောက်မှာ သဘာဝကပေးတဲ့ လှူ့ဆော်မှုအားတွေ ကိန်းဝပ်နေကြပါတယ်။ ဒါတွေကို ကျွန်တော်တို့ အသိပေးဖို့လိုပါတယ်။
အောင်မြင်ချင်စိတ် ကြီးပွာချင်းစိတ် ဆိုတာကလည်း လှူ့ဆော်မှုနဲ့ဆိုင်တဲ့ အတွင်းစိတ်ကြောင့်ပါ။ အချို့အချို့သောလူတွေဟာ အောင်မြင်သထက်အောင်မြင်အောင် ချမ်းသာသထက်ချမ်းသာအောင် ကြိုးစားနေကြတာ အကြောင်းအရင်းတွေရှိပါတယ်။ သူတို့တွေဟာ ဘယ်အတိုင်းအတာထိ အောင်မြင်အောင်လုပ်နိုင်သလဲဆိုတာကို ဖော်ထုတ်နေတဲ့သဘောလေးတွေ တွေ့ရပါတယ်။ အအောင်မြင်ဆုံးဖြစ်အောင်ကြိုးစားချင်ကြတယ်။ အဲ့လိုအောင် အောင်မြင်အောင် သူတို့ရဲ့ စိတ်ကူးဉာဏ်တွေကို တိုးချဲ့ရင်း...တိုးချဲ.ရင်း......။ အဲ့ဒါဟာ အောင်မြင်သူတွေမှာ ရှိနေတဲ့ စွမ်းအားကို နည်းအမျိုးအမျိုးနဲ့ အသုံးချနေတာမျို့မို ကျွန်တော့်အနေနဲ့ နည်းနာအတုယူသင့်ကြောင်း ပြောကြားရင်း ကျွန်တော်ရဲ့ ကျွန်တော်တို့အတွက် ကြီးပွားအောင်မြင်ရေး ဆောင်းပါးအား နိဂုံးချုပ်အဆုံးသတ်လိုက်ပါတယ်။ ။
writer>>> konay1997
#motivation_2017
Good Article
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for your support @julybrave
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘဝမှာအောင်မြင်မှုတွေရပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူး @ayeminmaung
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks @yairthiha
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks sis
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်မှာပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာရေးဆရာတော်ပါတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
inn :-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
steemit သာမက အခြားလုပ်ငန်းများတွင်ပါအောင်မြင်ပါစေ အောင်မြင်သောလူတစ်ယောက်ဖြစ်နိုင်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူး bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Loads of information. Thanks. Love it. @konay1997 Followed
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good Post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Always do the best, success will follow.
From 3 idiots movie.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks bro 😃😄
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှင်သန်မှုနဲ့အတူ အောင်မြင်မှုတွေကို ရယူနိုင်ပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်မှုတွေနဲ့ ရှင်သန်ပါရစေ အကိုရေ 😒
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်နော်လည်းအောင်မြင်အောင်ကြိုးစားနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
if you achieve once, you are more hungry for more...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit