Life Lesson From LIKASHING📝💰💸💱

in motivations •  7 years ago 

ဟောင်ကောင်သူဌေးကြီးလီကာရှင်းပေးတဲ့ဘဝသင်ခန်းစာများ

💰အမြဲကိုယ့်ကိုကို နှိမ့်ချပါ။အကောင်းမြင်စိတ်ထားရှိပါ။ဒါပေမယ့် အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ
လီဟာ သူ့ မိသားစုကိုထောက်ပံ့ဖို့ အတွက်ကျောင်းထွက်ခဲ့ပါတယ်။လီက, " ကျွန်တော်က အကောင်းမြင်တတ်တဲ့သူတစ်ဦးဗြ, ကျွန်တော်၁၀နှစ်အရွယ်မှာကျောင်းထွက်ခဲ့ရတယ်, ဒါပေမယ့် ငါကျောင်းပြန်တတ်ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေအများကြီး ကျွန်တော့်မှာရှိတယ်။ကျွန်တော်တို့ ဟောင်ကောင်ကိုရောက်လာတော့ ကျွန်တော်တို့ မိသားစုမှာရွေးချယ်စရာမရှိဘူး,ကျွန်တော်အလုပ်လုပ်ရပါတယ်,ဒါဟာ ကျွန်တော်လောကကြီးကိုစပြီးနဖူးတွေ့ ဒူးတွေ့ တွေ့ တာပါဘဲဗြာ, ကျွန်တော်ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားခဲ့ရတယ်, ကျွန်တော့်အနာဂတ်စိတ်ချရမယ့် နည်းလမ်းတွေရှာဖွေခဲ့ရတယ်, လွန်ခဲ့တဲ့နှစ်၅၀ကိုပြန်ကြည့်လိုက်, အများကြီးဖြစ်ပျက်ခဲ့တယ်, ခင်ဗြား ချောင်ကောင်းရဲ့ငွေကြေးအင်အားချည့်နဲ့ နေတယ် , ဒုက္ခရောက်နေတယ်လို့ နှစ်၅၀အတွင်းကြားဖူးလား?ဘယ်တော့မှမကြားဖူးခဲ့ဘူး, ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ကအဆိုးဆူံးအတွက်အမြဲပြင်ဆင်ထားကြတယ်။ဒါကျွန်တော့်လမ်းစဉ်ဘဲ" လို့ သူ့ ရဲ့အတွေ့ အကြုံတွေကိုမျှဝေပေးခဲ့ပါတယ်

💰ဗဟုသုတများများရှိလေ သင့်ဘဝတိုးတတ်လေဘဲ
" ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ သူဌေးက စာတစ်စောင်ရေးဖို့ လိုလာတယ်။ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကိုညွှန်းကြတာပေါ့။ကျွန်တော့်သူဌေးက ရေးထားတဲ့စာတွေက မြန်သလောက် သပ်ရပ်တယ်လို့ ချီးကျူးတယ်။ကျွန်တော် ဌာနလေးတစ်ခုဆီကိုရာထူးတိုးခံရတယ်။ဗဟုသုတက ဘဝကိုပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော်အမြဲယုံတယ်," လို့ လီက ပြောဖူးပါတယ်

💰မတူညီတဲ့စီးပွားရေးလုပ်ငန်းတွေကိုကွပ်ကဲဖို့ လျှို့ ဝှက်ချက်
" လုပ်ငန်းငယ်တစ်ခု, မိသားစုလုပ်ငန်းမှာဆိုရင် သင်အကုန်လုပ်ရမှာဘဲ။ဒါပေမယ့်ကုမ္ပဏီကြီးလာပြီဆိုရင် ဝန်ထမ်းတွေကိုတာဝန်ခွဲပေးရပါတယ်, ဒါကအရေးကြီးဆုံးဘဲ။စီမံခန့် ခွဲခြင်းရဲ့လျှို့ ဝှက်ချက်က ထူးချွန်တဲ့အပိုင်းတွေကိုခွဲခြားပြီး မှန်ကန်တဲ့နေရာမှာအသူံးချတတ်ဖို့ ဘဲ။ဒါပေမယ့် ဝန်ထမ်းပျော်ဖို့ ကလည်းအရေးကြီးသေးတယ်လေ" လို့ လီကမိန့် ဆိုဖူးပါတယ်

💰ရိုးရိုးရှင်းရှင်းနေထိုင်ခြင်းက ကြီးကျယ်ခမ်းနားတဲ့အရာတွေဆီကိုခေါ်ဆောင်သွားနိုင်ပါတယ်
" အရင်ဆုံးကတော့ နေထိုင်မှုစရိတ်ပေါ့,ရိုးရိုးရှင်းရှင်းဘဲနေထိုင်ပါ, တနေ့ ကိုဒေါ်လာ၂၀ထက်နည်းတဲ့ပမာဏကိုဘဲသူံးပါ, အစားအသောက်ကို တစ်လ ဒေါ်လာ၅၀၀ဝန်းကျင်ဘဲထားလိုက်, ငယ်ငယ်ရွယ်ရွယ်ကတည်းကဒီလိုကျင့်သွားရင် နှစ်ကြာလာတဲ့အခါ သင်ကျင့်သားရသွားလိမ့်မယ်" - လီကာရှင်း

💰သူတပါးကိုကူညီပါ
ဟောင်ကောင်သူဌေးကြီးလီဟာ ပညာရေး ကျန်းမာရေးကိစ္စတွေမှာများစွာထောက်ပံ့ကူညီသူတစ်ဦးပါ။လီကာ ဆင်းရဲသားဘဝကနေလာတာဖြစ်တာကြောင့် သူဆင်းရဲခြင်းအရသာကိုကောင်းကောင်းသိပါတယ်။သူဟာ အမေရိကန်ဒေါ်လာ၁.၄ ဘီလီယျံလှုပြီးပါပြီ။လီက, " ကျွန်တော်ဆက်ပြီးလှုသွားဦးမှာဘဲ, ပိုပြီးလည်းလှုသွားမှာ" လို့ အင်တာဗျူးတစ်ခုမှာဖြေကြားသွားပါတယ်

💰ကျွန်တော်အောင်မြင်တာဟာ ကံကောင်းလို့ မဟုတ်ဘူး
လီက, " ကျွန်တော်ကံမကောင်းခဲ့ပါဘူး,ကျွန်တော့်ရည်မှန်းချက်တွေအောင်မြင်ဖို့ ကျွန်တော်ကြိုးစားခဲ့ရတယ်, ကျွန်တော်လုပ်ငန်းတစ်ခုစတင်ပြီဆိုရင် ကံတရားကိုမယူံဘူး, ကျွန်တော့်အလုပ်ကြိုးစားမှု, ငွေရှာနိုင်တဲ့စွမ်းရည်ပေါ်မှာဘဲ အလုပ်ကိုပုံထားတယ်, " လို့ ပြောဖူးပါတယ်

https://steemit.com/@toptenmotivation

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post has received a 0.37 % upvote from @drotto thanks to: @toptenmotivation.