လူပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံနိုင်ဖို့ ဆိုတာ မလွယ်တဲ့ကိစ္စတစ်ခုဖြစ်သလို လူတိုင်းနီးပါးအဲ့ချို့ ယွင်းချက်ရှိပါတယ်။ ဘယ်သူမှ မွေးကတည်းက တော်လာတာ တတ်လာတာမရှိပါဘူး။ကြိုးစားပြီးသင်ယူရတာပါဘဲ။
သင် မာနကြီးတဲ့သူတွေ အမြဲရန်လိုနေတဲ့သူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ?သူတို့ ဆက်ဆံတဲ့အတိုင်းပြန်ဆက်ဆံမယ်ဆိုရင်အခြေအနေတွေကပိုဆိုးဆိုးသွားမှာအသေချာဆုံးဘဲ။ဒါ့ကြောင့် ပြဿနာတစ်ရပ်ကို ဘယ်လိုဖြေရှင်းမလဲ? ဘယ်လိုကိုင်တွယ်မလဲ? ပြဿနာရှိတဲ့လူတွေ ဆက်ဆံရေးညံ့တဲ့လူတွေ ရန်လိုနေတဲ့သူတွေကိုဘယ်လိုဆက်ဆံမလဲ? ဆိုတဲ့အချက်တွေက သင်အလေးထားသင်ယူသင့်တဲ့အရာ လေ့လာသင့်တဲ့အရာဆိုရင်လည်းမမှားပါဘူး။သင်သိထားသင့်တာက တခါတလေမှာ လူတွေက သင်ရဲ့သည်းခံနိုင်စွမ်းကိုစမ်းသပ်ပါလိမ့်မယ်။အောင်မြင်မှုဆိုတာ ကြိုတင်ပြင်ဆင်မှုပေါ်မှာမူတည်ပါတယ်။ နေရာတိုင်းမှာပါဘဲ။ကြိုတင်ပြင်ဆင်မှုမရှိဘဲ အောင်မြင်ဆိုတာ သင်နဲ့ ဝေးနေဦးမှာဘဲ။
လူတိုင်းအောင်မြင်ချင်ကြတာပါဘဲ။ဒါပေမယ့် အများစုကမအောင်မြင်ကြပါဘူး။ဘာလို့ လဲဆိုတော့ သူတို့ က ဘယ်အရာကိုလိုချင်လဲ? ထိုက်တန်လဲဆိုတာမသိကြဘူး။ သူတို့ စိတ်ကူးတွေက မြင့်မားလွန်းတယ်။ မဖြစ်နိုင်ဘူးဆိုပြီး စိတ်ကိုလျှော့ချလိုက်ကြတယ်။ထိုက်သင့်သလောက် မကြိုးစားကြတော့ဘူး။ ဘဝမှာ မရရှိခဲ့ဖူးတဲ့အရာတွေအတွကိ ကြိုးစားတယ်ဆိုတာ ဆင်ကန်းတောတိုးနေသလိုပါဘဲ။ဒါပေမယ့် လူရယ်လို့ ဖြစ်လာရင် ကြိုးစားရမယ်။စွန့် စားရမယ်။သင်မကြိုးစားဘဲနဲ့ တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ကြိုးစားရင် ကျရှုံးမှာဘဲ။စိတ်ဓတ်တွေကျနေမှာဘဲ။ဆက်ကြိုးစားပါ။သင့်အိမ်မက်တွေကသင်နဲ့ ထိုက်တန်ပါတယ်။ကြိုးစားမှုလျော့မသွားပါနဲ့။
ဘဝဆိုတာ အတားအဆီးတွေနဲ့ ပြည့်နှက်နေတာပါ။ လူတွေကသင့်ကိုအောက်ကိုဆွဲချကြမယ်။သင်မလုပ်နိုင်ဘူးလို့ ပြောကြမယ်။ဘာလို့ လဲဆိုတော့ သင်အောင်မြင်သွားမှာကိုမနာလိုလို့ ပါဘဲ။သင့်ကိုတိုက်ခိုက်ကြတဲ့အခါ သင်သူတို့ စကားတွေကိုနားမယောင်ပါနဲ့ ။သင့်ကိုယ်သင် ယုံကြည်ပါ။အပြစ်တင်မှုတွေ ၊ငေါ့တော့တော့လုပ်တာတွေ ၊ ခက်ခဲတဲ့အချိန်တွေရှိမှာဘဲ။မိမိကိုယ်ကိုယုံကြည်မှုမရှိတဲ့သူတွေဟာ ဖိအားတွေရှိလာတဲ့အခါ အလွယ်တကူအလျော့ပေးလိုက်ကြတယ်။ ဘယ်သူမှဘသင့်ကိုမယုံကြည်ရင်တောင် သင့်ကိုသင်ယုံကြည်ရမယ်။
ပထမဆုံးအကြိမ် ကြိုးစားရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ ၁၀၀မှာ ၉၉ယောက်ကျရှုံးမှာဘဲ။ကျရှုံးရင်ပြန်ထ စိတ်ဓတ်ကျစရာ ငိုကြွေးနေစရာမလိုပါဘူး။အမှားတွေလုပ်မိတဲ့အခါ ဘယ်နေရာမှားနေလဲ? ဘာလို့ မှားတာလဲဆိုတာအဖြေရှာ သင်ခန်းစာယူပြီးမေ့ပြစ်လိုက်ပါ။ အမြဲသင်ယူနေပါ။ အောင်မြင်မှုကသင့်လက်တစ်ကမ်းကိုရောက်နေပါပြီ