MSF Myanmar

in msf •  8 years ago 

မူဆယ်၊ ရှမ်းပြည်နယ်

[English Version Below]

“သူ့မှာ အိတ်ခ်ျအိုင်ဗီပိုး မရှိဘူးဆိုတာ ကျွန်တော်တို့ သေသေချာချာ သိထားပေမယ့်လည်း ထွက်လာမယ့်အဖြေကို ကျွန်တော်တို့ အရမ်းကို စိတ်လှုပ်ရှားနေမိတယ်” ဟု ကိုအောင်သင်း (၃၆နှစ်) က ပြောသည်။ သူ့ဇနီးသည် မခမ်းဆေး (၃၂ နှစ်) လည်း အတူပါလာပြီး သူတို့၏ ၁၈ လ သမီးလေး မွေ့ဟွမ်းအွန်၏ သွေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေကြသည်။
သူတို့က မူဆယ်ကနေ တစ်နာရီခန့်မောင်းရသည့် မန်းစီမြို့အနီး၊ မန့်ဝိန်းကြီးဟု ခေါ်သည့် ရွာတွင်နေထိုင်ကြသည်။ ဖခင်ဖြစ်သူ ကိုအောင်သင်းသည် မူးယစ်ဆေးစွဲနေသူတစ်ဦးဖြစ်ပြီး ထောင်၁၅ နှစ်ကျခဲ့ပြီး ရှစ်နှစ်ကြာ ထောင်တွင်းနေထိုင်ပြီးနောက် ၂ဝ၁၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ “ဟိုးလွန်ခဲ့တဲ့နှစ်တွေကတော့ ကျွန်တော် တစ်လလောက် ချောင်းဆိုးပြီး ကိုယ်အလေးချိန် အတော်လေးကျသွားတယ်” ဟု ကိုအောင်သင်းက ပြောသည်။ “တစ်ခုခုတော့ မှားနေပြီဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် တူမ တစ်ယောက်က အကြံပေးတာနဲ့ ဒီဆေးခန်းကို ရောက်လာခဲ့တယ်။ အဲတော့မှ ကျွန်တော်တွေးထားတာ မှန်နေမှန်း သိတယ်။ ကျွန်တော့်မှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေပြီ။ နောက်တစ်ပတ်လောက်ကြာတာ့ ကျွန်တော့်မိန်းမလည်း သွေးစစ်ကြည့်တယ်။ သူ့မှာလည်း ပိုးရှိတယ်တဲ့။”
“သမီးလေးကို မွေးကတည်းက အိတ်ခ်ျအိုင်ဗီ စစ်ပေးလာခဲ့တာ။ အဖြေတွေက အမြဲတမ်း အနုတ်ချည်း ပြနေတာ” ဟု မခမ်းဆေးက ပြောသည်။ “သူ့ကို နို့ဘယ်လိုတိုက်ရမယ် ဆိုတာကအစဆရာဝန်ညွှန်ကြားချက်အတိုင်း ကျွန်မ လိုက်နာခဲ့တယ်။ သူ မနေ့က ၁၈ လပြည့်တယ်။ ဒီနေ့ နောက်ဆုံးအကြိမ်အဖြစ် သွေးလာစစ်နေတာပါ။ အဖြေက အနှုတ်လက္ခဏာဆိုရင် သူ့မှာ အိတ်ခ်ျ
အိုင်ဗီပိုး မရှိဘူး။”
“ကျွန်တော်တို့ ကံကောင်းတာက၊ ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် တစ်ခါမှ ခွဲခြားမဆက်ဆံကြဘူး။ အခု ကျွန်တော်တို့သမီးလေးက ကံအကောင်းဆုံး ဖြစ်နေပြီ။ သူ ဒီလို အေအာရ်တီဆေးတွေ ဘယ်တော့မှ သောက်ရမှာမဟုတ်တော့ဘူး” ဟု ကိုအောင်သင်းက ပြောသည်။

ကိုအောင်သင်း (၃၆ နှစ်)၊ မခမ်းဆေး (၃၂ နှစ်) နှင့် မွေ့ဟွမ်းအွန် (၁၈ လ)

Muse, Shan State

“We are very excited about the results, although we are already very sure she does not have HIV,” says Ko Aung Thin, 36, accompanied by his wife Ma Kham Say, 32, as they wait for the test results of their 18-month-old daughter, Mway Huam Om.
The family come from a village called Mann Wain Gyi, near Mann Si, one hour’s drive from Muse. Ko Aung Thin, a farmer, became addicted to drugs and was sentenced to 15 years in prison, but was released in 2011 after serving eight years. “Some years ago, I was coughing for over a month and I lost weight,” says Ko Aung Thin. “I sensed that something was wrong. I came to this clinic on the suggestion of one of my niece’s and found that my feelings were right: I was HIV-positive. A week later, my wife also took the test and was found positive.
“[Our daughter] has been tested for HIV since she was born and the results were always negative,” says Ma Kham Say. “I’ve followed the doctor‘s instructions about how to breastfeed her. She turned 18 months yesterday so today she is being tested for the last time and, if the result is negative, she does not have HIV.”
We are lucky: our families and friends never discriminated against us and now our daughter is the luckiest one. She will never need to take these antiretroviral drugs,” say Ko Aung
Thin.

Ko Aung Thin, 36, Ma Kham Say, 32, and Mway Huam Om, 18 months
Photograph: Pyay Kyaw Myint, 2017FB_IMG_1499782984418.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Aww ဒီလိုpost မျိုး ဘာလို့ vote မရတာလဲဗျာ

မှန်တယ်ကိုဇော်, ဒီလို post တွေဟာ ပုံမှန်အားဖြင့် hot topic တွေ ပါ။ ဒါပေမယ့် ခေါင်းစဉ်က ဆွဲဆောင်မှုအားနည်းနေတာရယ်, ကိုယ်တိုင်ရေးလား, credit လား , စိတ်ကူးယဉ် လား မကွဲပြာတာရယ်ကြောင့်ပါ, တကယ်လို့ ကိုယ်တိုင်ရေး original content ဆိုရင် တကယ် နှမြောဖို့ ကောင်းပါတယ်

@ahtaroo
Great writeup!
Keep sharing.

nice story that you share.
Welcome and nice to meet you.
Please follow me @patricksanlin and upvote. Thanks