“ပဋ္ဌာန်းတရားရွတ်ဖက်သောအခါ ဖြစ်ပေါ်လာတက်သော အခတ်အခဲများဖြေရှင်းနည်း”

in mso •  6 years ago 

“ပဋ္ဌာန်းတရားရွတ်ဖက်သောအခါ ဖြစ်ပေါ်လာတက်သော အခတ်အခဲများဖြေရှင်းနည်း”


image
“နတ်ပင့် ဂါထာ’’
သမန္တာ စက္က၀ါဠေသု ၊ အတြာဂစ္ဆန္တု ဒေ၀တာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
အနက်ပြန်-----
သမန္တာ - ဤစကြ၀ဠာခွင် ပတ်ဝန်းကျင်မှ၊ စက္က၀ါဠေသု- စကြ၀ဠာပေါင်း တိုက်တစ်သောင်းတို့၌ ၊ဒေ၀တာ- နတ်ဗြဟ္မာတို့သည်။ အတြ- ဤ(ပဋ္ဌာန်း)တရား ဟောရာ ရွက်ဖက်ပူဇော်ရာဌာနသို့ ၊ အာဂစ္ဆန္တု -လာရောက်ကြကုန်လော့။ မုနိရာဇဿ - မုနိတို့ဘုရင် အရှင်တော်မြတ်ဘုရား၏ ၊သဂ္ဂမောက္ခဒံ- နတ်ပြည်နိဗ္ဗာန်အကျိုးပေးတက်သော ၊သဒ္ဓမံ္မ- (ပဋ္ဌာန်း)တရားတော်ကို ၊သုဏန္တု - နာလှည့်ကြကုန်လော.။
ဦးစွာပထမတော့ ပဌာန်းတရားတော်ကြီးကို မရွတ်ဖက်မပူဇော်မှီ နတ်များကိုပင့်ဆောင်ထားရမည်။ ထိုသို့သောအခါ မိမိနေအိမ် သို့ နတ်များရောက်ရှိကာ တရားနာကြလိမ့်မည် ထိုအခိုက်တွင် နတ်အသေးအမွှားလို့ခေါ်တဲ့ ပုဂ္ဂိုလ်လေးတွေက ခေတ္တခဏ ဘေးကို ဖယ်ခွာသွားတက်စမြဲပါ ။ မကောင်းတဲ့ မိစ္ဆာနတ်များလည်း အနီးနားကိုတောင်ကပ်ခွင့်မရကြပါ ။မြတ်စွာဘုရား လက်ထက်ကလည်း ကလေးငယ်လေး နေမကောင်းဖြစ်နေတာ သေခါနီးမှာ ပဋ္ဌာန်းတရားပူဇော်နေတဲ့အတွက် အဲ့ဒီအိမ်ကို မိစ္ဆာနတ်များလာခွင့်မရဘဲ ဘေးမှာဖယ်ခွာနေရတယ် အဲ့ဒီတော့ သေမင်းကခေါ်ရမည့်ရက် ကိုကျော်လွန်သွားရင်ခေါ်ခွင့်မရဘဲ မိစ္ဆာနတ်ပြန်သွားခဲ့ရတယ် ပဋ္ဌာန်းတရားကြောင့် လူငယ်လေး အသက်ချမ်းသာရခဲ့တဲ့ ဇာတ်တော်ရှိခဲ့ပါတယ်။(မြန်မာလိုပြေားကြတော့ ဘုရားကု ကုတယ်တဲ့ ဘုရားယတြာတဲ့... )လူတွေပြေားကြတာနော်။ တကယ်တော့ ပဋ္ဌာန်းတရားကြောင့် နတ်မင်းကြီးတွေ အိမ်မှာရောက်နေတော့ နတ်မိစ္ဆာတွေမကပ်နိုင်ဘူးပေါ့ ။ (တစ်နည်းပြေားရလျှင်တော့ လူကြီးတိုင်းမှူး လောက်လာရင်တောင် လူဆိုးသူခိုးတွေငြိမ်နေကြသလိုဘဲ ။နတ်မင်းကြီးတွေ ရှိနေတော့ သေမင်းနတ်က အနားတောင် ကပ်ခွင့်မရဘူးဆိုတဲ့ သဘောပါ။)
“ထေရ၀ါဒဗုဒ္ဓဘာသာမှာ နတ်စစ်သူကြီး( ၉ )ပါး၊ နတ်တပ်သား (၂၈ )ပါးရှိတယ်လို့တော့၊ လေ့လာမှတ်သားဘူးပါတယ် .....”
“အဲဒါကိုရှင်းပြဦးမယ်...”
မဟာသမယသုတ်စသော စာပေမှာ နတ်စစ်သူကြီး (၉) ပါး ဟူ၍ ရှိတယ်....
ဒါပေမည့် သေခြာတော့မဟောထားဘူး၊ သူတို့က ထေရ၀ါဒ ဗုဒ္ဓဘာသာ နတ်စစ်သူကြီး မဟုတ်လို့တဲ့။
ဟောထားတဲ့ နတ် စစ်တပ်သား (၂၈)ဦးတော့ ဟောထားတယ် ...
၁။ ဣန္ဒောနတ်
၂။ သောမနတ်
၃။ ၀ရုဏနတ်
၎။ ဘုရဒွါဇနတ်
၅။ ပဇာပတိနတ်
၆။ စန္ဒနတ်
၇။ ကာမသေဌနတ်
၈။ ကန္နုဃဏ္ဍုနတ်
၉။ နိဂဏ္ဍုနတ်
၁၀။ ပနာဒနတ်
၁၁။သြပမညနတ်
၁၂။ မာတလိနတ်
၁၃။ စိတ္တသေနနတ်
၁၄။ နဠောရာဇနတ်
၁၅။ ဇနေသဘနတ်
၁၆။ သာတာဂိရိနတ်
၁၇။ ဟေမ၀တနတ်
၁၈။ ပုဏ္ဏကနတ်
၁၉။ ကရတိယနတ်
၂၀။ ဂုဠနတ်
၂၁။ သိဝကနတ်
၂၂။ မုစလိန္ဒနတ်
၂၃။ ဝေဿာမိတ္တနတ်။
၂၄။ ယုဂန္ဓရနတ်
၂၅။ သုပ္ပရောဓနတ်
၂၆။ ဟိရိနတ်
၂၇။ နေတ္တိနတ်
၂၈။ မန္ဒိယနတ်
သိကြားမင်းမှာ ဒီနတ်စစ်သူကြီးနှင့်တကွ တစ်ခြား နတ်စစ်သူကြီး တွေ နတ်တပ်သားတွေရှိသေးတယ် ဒါပေမည့် ....
ဒီ (၂၈)ပါးကတော့ အထူးအာဏာပေးခြင်း ခံရတဲ့နတ်တွေပေါ့ ၊လူပြည်ကိုသွားလာပြီ လူပြည်မှာ ရှိတဲ့ ရုက္ခစိုးတို့ လူပြည်မှာရှိတဲ့ နတ်တွေ ကို စီမံအုပ်ချုပ်ခွင့်ရတဲ့နတ်တွေပေါ့ ......
လူ့ပြည်မှာရှိတဲ့ ရုက္ခစိုးတို့ဘာတို့က လူတွေ သစ်ပင်ခုတ်လှဲတဲ့ အခါမှာရုက္ခစိုးတို့က လူတွေကို ဒုက္ခပေးတက်ကြတယ် အဲဒီရုက္ခစိုးတို့ လူပြည်မှာရှိတဲ့နတ်အသေးမွားလေး တွေကို လူတို့အား ဖမ်းစားခြင်းမပြုအောင် နိတ်စက်ခြင်းမပြုအောင် ဆုံးမနှိပ်ကွတ်နိုင်တဲ့ အာဏာရ နတ် တပ်သား (၂၈)ပါးပေါ့ကွယ်၊ သူတို့ကိုလည်း ကိုးကွယ်ရမည်လို့မဟောထားဘူး၊ ထိုနတ်တွေကို တောလမ်းသွားတဲ့ အချိန် ခရီးသွားတဲ့အချိန် အလှူလုပ်တဲ့အချိန် မိမိကုသိုလ်ကို အမျှပေးဝေရမည်လို့ပဲ ဟောထားတာ.....
ပဌာန်းတရားနာလာကြတဲ့နတ်တွေထဲမှာ သိကြားမင်းတို့ တစ်ခြားတပါးသော နတ်တွေလည်းပါတယ် အဲဒါဆိုတော့ လူပြည်မှာ ရှိတဲ့ ရုက္ခစိုးတို့ တစ်ခြားသော နတ်သေးသေးလေးတွေက အိမ်မှာမကပ်နိုင်ဘဲ ဘေးကို ဖယ်နေကြရတာပေါ့ ....
အဲဒါကြောင့် ပဌာန်းတရားရွတ်ဖက်ပြီးလျှင် နတ်တွေကိုပြန်ပို့ရတယ် မပို့ရင်တစ်ချို့ကကပ်နေကြတယ်တဲ့ ...
(ဥပမာ- အိမ်မှာဆို အိမ်စောင့်နတ်က ဘေးဖယ်နေရတယ်ဆိုပါစို့ နတ်ကြီးတွေ မပြန်မချင်း အိမ်စောင့်နတ်က မိမိအိမ်ကို ပြန်ပြီးမကပ်နိုင်ဖြစ်တက်တယ်... )သူတို့က ပြန်လာချင်တော့ ပဌာန်းပူဇော်သူကို ဆက်မရွက်နိုင်အောင် ဟန့်တားတက်ကြတယ် ဘာကြောင့်လည်းဆိုတော့ ဧည့်သည်နတ်တွေက ပဌာန်းမပြီးမချင်းမပြန်ကြဘူးလေ ၊ အဲဒီတော့ ရွက်ဖက်ပူဇော်သူတွေကို နည်းအမျိုးမျိုးနဲ့ မရွက်နိုင်အောင် လုပ်တော့တာဘဲ ....
တစ်နည်းပြေားရလျှင်တော့ စီးပွားရေးတို့ လူမှုရေးတို့ ရှုပ်အောင်လုပ်ပြီး စိတ်ကုန်အောင်လုပ်တက်တယ် ...
ဒါကလည်းသဘာဝပေါ့ ...
ရွက်ဖက်သူကလည်း ရည်ရွယ်ချက်ထားရမယ် ဘာအတွက်ရွတ်ဖက်တာလည်း အဓိဌာန်ထားရမယ်ပေါ့။ အဲလိုမှမဟုတ်လျှင်လည်း မရွက်မှီနတ်ကိုပင့် ၊ရွတ်ဖက်ပြီးလျှင် နတ်ကို ပြန်ပို့ရမယ်.....
နတ်တွေပြန်မပို့လျှင်တော့ ပြဿနာတွေ တတ်တက်ပါတယ်...
နတ်ကြီးတွေက မပြန်တော့ မူလ နေရာမှာရှိတဲ့နတ်က ပြန်လာချင်လို့ မလာရလျှင် ရွတ်ဖက်သူကို ဒုက္ခပေးတက်ပါတယ် တစ်နည်းမဟုတ်တစ်နည်းပေါ့ ၊ တစ်ချို့ဆို စည်းပွားရေး ၊တစ်ချို့ကျတော့လည်း လူမှုရေး၊ စသဖြင့်နှောက် ယှက်တက်ပါတယ်....
“ နတ်များပြန်ပို့ ဂါထာ ”
ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရကန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေ၀တာဂတာ။
အနက်ပြန်----
ဒါနံ -ပေးကမ်းစွန့်ကြဲနဲများမဟူ အလှူဒါနကို ၊သဒ္ဓါယ- ကံကံ၏အကျိုးကိုယုံကြည်လျက်၊ ဒဒန္တု-ဘ၀ ဘောဂ တောင်းတမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြကုန်သတည်း။ သဗ္ဗဒါ- နေ့ရောညဉ့်ပါ ဘယ်ခါမဆို၊ သီလံ- စာရိတ္တသီလ မြတ်သီလကို၊ ရကန္တု- မကျိုးမပေါက်အောင် စောင့်ရှောက်ထိန်းသိမ်း နိုင်ကြပါစေကုန်သတည်း။ ဘာဝနာဘိရတာ-သမထ၀ိပဿနာ ဘာဝနာ၌ ကောင်းစွာကြိုးပမ်းလျက် စီးဖြန်းမွေ့လျော်ကြကုန်သည်။ ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း။ အာဂတာ စကြ၀ဠာ ကမ္ဘာလောကဓာတ်သို့ ဆိုက်ကပ်ညီညာ ရောက်လာကြကုန်သော ။ဒေ၀ါ နတ်ဗြဟ္မာအပေါင်းတို့သည်။ ဂစ္ဆန္တု- သာဓု အနုမောဒနာဝမ်းမြောက်စွာလျှင် နှုတ်လျှာသံညီးပြုပြီးလေဘိ မိမိတို့၏နေရာ ပျော်ဘွယ်ရာရိပ်ခန်း ဘုံဗိမာန် နန်းသို့ ကြွမြန်းတော်မူကြပါစေကုန်သတည်း။
အကယ်၍မြန်း ပဌာန်းပူဇော်လို့ စီ်းပွားရေးလူမှုရေးကျလာတယ် စိတ်ရှုတ်လာတယ် ဆက်မရွတ်ဖက်နိုင်အောင် အမျိုးမျိုးဒုက္ခရောက်လာပြီဆိုလျှင်တော့ ဘာဆက်လုပ်ရမလည်း မေးခွန်းတက်လာပါတယ် ...
အဲဒါဆိုလျှင်တော့ မေတ္တာသုတ်တော်ကို ရွက်ဖက်ရပါမည်။ အကျဉ်းလောက်တော့ ဒီနေရာမှာပြေားပြပါမယ်...
မြတ်စွာဘုရားရှင်လက်ထက်က ရဟန်း(၅၀၀)တို့သည် ဘုရားထံမှ ကမ္မဋ္ဌာန်းတရားကိုယူပြီး ဟိမ၀န္တာနှင့်တစ်စပ်တည်းရှိတဲ့ တောအရပ်ကို သွားပြီး ၀ိပဿနာ တရားအားထုတ်ကြပါတယ်။ ထိုရဟန်းတော်တွေ၏ သီလတန်ခိုးကြောင့် တောမှာရှိတဲ့ သစ်ပင်မှာနေထိုင်တဲ့ နတ်များ(ရုက္ခစိုး)နတ်များမှာ သစ်ပင်၌မနေ၀ံ့ဘဲ ကလေးများကို လက်ကိုဆွဲကာ လှည့်လည်နေကြရကုန်သတဲ့။တစ်နေ့ပြန်နိုးနိုး တစ်နေ့ပြန်နိုးနိုးနဲ့ စောင့်နေခဲ့ရာ အရှင်များ မပြန်တော့သည်ကို သိကြသောအခါ ထိုအရှင်ရဟန်းများ တောမှာ မနေ၀ံ့အောင် ညဥ့်အခါ ကြောက်မက်ဖွယ် အဆင်း ၊အသံ ၊အနံ့ မျိုးစုံတို့ဖြင့် ခြောက်လှန့်ကြကုန်သတဲ့၊ ထိုးအကြောင်းအရာများကြောင့် ထိတ်လန့်ကြပြီး ရောဂါအမျိုးမျိုးတွေရ၊ တရားထူးမရကြဘဲ သမာဓိတွေလည်းမရ ဖြစ်ကုန်သတဲ့....
ထိုအကြောင်းကြောင့် တောကိုစွန့်ဘို့ရန် ဆုံးဖြတ်ပြီး မြတ်စွာဘုရားကို လျှောက်ထားကြကုန်သတဲ့၊ ဘုရားရှင်ကလည်း ထိုရဟန်းတို့နှင့် သပ္ပါယဖြစ်ရာ အခြားအရပ်ဒေသသည်မရှိဟု မြင်တော်မူ၍ ထိုအရပ်သို့ပင်ပြန်လည် နေကြရန် မိန့်တော်မူပြီးလျှင် ဤမေတ္တာသုတ်တော်ကို ကမ္မဋ္ဌာန်းအလို့ငှါလည်းကောင်း၊ အကာအကွယ် အလို့ငှါလည်းကောင်း အရံအတားအလို့ငှါလည်းကောင်း၊ သင်ကြားပေးတော်မူခဲ့ကြောင်း လေ့လာမှတ်သားဘူးပါတယ်။
အကျယ်ကို ဖတ်ရှုလိုလျှင် သုတ္တနိပါတ် (၁၉၁)၊ခုဒ္ဒကပါဌ(၂၁၅) အဌကထာများတွင်ကြည့်ပါ။

chirstonawba (21-7-2018)11:46 PM

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This user is on the @buildawhale blacklist for one or more of the following reasons:

  • Spam
  • Plagiarism
  • Scam or Fraud