မထားပါရမီဖြည့်ဖက်

in mso •  6 years ago 

ပါရမီဖြည့်ဖက်
************* image
၁။ရွာ၏လုပ်အား ကာလသားတို့ 
ကျ က်စားတေးညို ပုလွေတိုနှင့်
ခြေတိုအောင်လျှောက် ချောင်းရေပေါက်လိမ့်
ရွာမြောက်ပိုင်းသည်အလှမြေ။ ။

၂။ရွာ၏ရှေ့ပိုင်း အုံ့ ဆိုင်းဆိုင်းတည့်
တံတိုင်းအိုအို ကျောင်းအိုအိုသည်
ဖိုးအိုအဖွားတို့ ပျော်သည့်မြေ။

၃။ရွာတောင်ပိုင်းကား ရွာ့လုပ်အားတည်း
ဥာဏ်အားပိုပို ခွန်အားပိုသည်
ကိုယောက်ျားတို့ ပေါတဲ့မြေ။

၎။ရွာ၏နောက်ပိုင်း ညစ်မှိုင်းမှိုင်းတည့်
အရိုင်းတို့ စု ခိုးဝှက်လုနှင့်
သူ့ အိမ်လွန်ကျူး ကိုယ့်အိမ်ကျူးသည်
အမူးသမားတို့ နေရာမြေ။

၅။အလှတွေကြား လှနိုင်အား၏
ထား--၏အလှ ရွာ့စံပြမို့ 
ကာလသားများ တထားထားနှင့်
နှုတ်ဖျားမချ တသသတည့်
အလှမြေဖွား လုံမေထား။

၆။လုပ်အားတွေကြား ပေါ်ထင်ရှား၏
ယောက်ျားပီသ အားဗလနှင့်
ကာယဥာဏ သူပြည့်ဝ၍
ရွာကဂုဏ်ယူ သတင်းကြူ သည်
ကိုသူ ခေါ်သည့်မောင်လုလင်။
image
၇။ထားနှင့်ကိုသူ ရွာကြည်ဖြူ ၏
သူတို့ နှစ်ဦး ကုသိုလ်ထူး၏
ဖူးစာနတ်ရေး စုံဖက်ပေး၏
ဟိုရှေးဆုတောင်း သူတို့ ကောင်း၏
ပေါင်းဖက်ပါက ရွှေနှင့်မြသည်
နေ လ သို့ လဲရှိပေမည်။

၈။ကိုသူတို့ ရွာ မထားရွာ၌
ရွာသူရွာသား အများအားဖြင့်
ရိုးသားအားနာ စိတ်ကောင်းရှာ၏
သို့ ပါသော်ငြား ပညာအားဖြင့်
နိမ့်ပါးနုံချာ နောက်ကျ ရှာ၍
ရွာသည်မတိုးတက်ဖြစ်နေသည်။

၉။ပညာရေးမှာ နောက်ကျ ပါသော်
ရွာသည်ဆင်းရဲ တွင်းနက်ထဲမှ
ဆွဲတက်ဖို့ ရာ ခွင့်မသာဟု
ပညာတတ်ရေး တိုးတက်ရေးကို
ဆွေးနွေးခါခါ အဖြေရှာ၏
ရွာဦးဆရာတော်ဦးဆောင်၍။

၁၀။သင်္ကြန်ရက်များ နေ့ တိုင်းသွား၍
မထားပန်ဖို့  ပိတောက်ပို့ ရင်း
နေစို့ အတူ အိမ်ထောင်ထူဖို့ 
နားပူနားဆာ တောင်းဆိုရှာသော်
ဒီခါဝါကျွ တ် မိုးလေလွတ်ပေါ့
ဇွတ်တင်းပူဆာ မလောပါနဲ့
ညင်သာခွန်းချို မထားဆိုသော်
ကိုသူပီတိရင်ထဲပြည့်။
၁၁။သင်္ကြန်ပြီးခါ ရက်မကြာဘူး
ရွာဦးဘုန်းကြီး ရွာလူကြီးတို့ 
စည်းဝေးပြီးသော် ကိုသူ့ ခေါ်၍
မျှော်လင့်ချ က်များ ထုတ်ပြောကြား၏
စကားပယ်လှန် လက်မခံလည်း
တောင်းပန်ကြကာ နားချ ကာနှင့်
မေတ္တာရပ်ခံ အတန်တန်ကြောင့်
လက်ခံခဲ့ပါ သူရင်နာ၏
ရွာရှေ့ပိုင်း၏ ပေးတာဝန်။

၁၂။မြို့ ကိုသွားကာ ပညာရှာမည်
တာဝန်အတွက် သူ့ ခေါင်းထက်က
မည်းနက်ဆံပင် ပယ်ရိတ်သင်၍
အရှင်သူရိယ ဖြစ်သွားပြီ။

၁၃။သတင်းစကား မထားကြားသော်
နားကိုလည်းပိတ် မျ က်စိမှိတ်၍
အံကြိတ်ရှိုက်ကာ ရင်ကွဲရှာ၏
အစာမဝင် ရေမဝင်နှင့်
အိမ်ပြင်မထွက် သူငြိမ်သက်၏
သွားရက်နိုင်သူသွားပေါ့လေ
ထားရက်နိုင်သူထားပေါ့လေ။

၁၄။သူထားသွားနိုင် ငါမုန်းနိုင်၏
အန်ုင်မပေး ဝေးပါသေးဟု
အားမွေးမထား သူ့ လုပ်အားကို
စီးပွားကျိုးဖက် နှစ်ခဲ့ပြီ
ကြီးပွားတိုးတက်ဖြစ်ခဲ့ပြီ
ဒေါ်ထားဒေါ်ထားခေါ်ကြပြီ။

၁၅။လောကုတ်လောကီ လက်လှမ်းမီက
နှစ်လီပညာ အရှင်ရှာ၏
ရွာကိုပုံပြောင်း သွေးသစ်လောင်းဖို့ 
ကျောင်းတိုက်ပေါင်းစုံ နယ်ပေါင်းစုံသို့ 
အစုန်အဆန် နည်းနာခံ၏
ရံဖန်ခါငြား စိတ်ကစား၍
မထားအလွမ်း ရွာအလွမ်းကို
ကြိုးပမ်းကြိတ်မှိတ်ဖြေရသည်။

၁၆။ဆယ်နှစ်အကြာ ရွာပြန်လာ၍
ရွာကိုကွပ်ကဲ မူသစ်ဆွဲ၏
နည်းလွဲနည်းမှား သူဖယ်ရှား၏
ရွာသားရွာသူ စိတ်ကြည်ဖြူ ၏
ကူညီလက်တွဲ လုပ်အားနွှဲ၍
ပြောင်းလဲမကြာ တိုးတက်လာ၏
ရွာအနောက်ပိုင်း မညစ်မှိုင်းပြီ
တောင်ပိုင်းလုပ်အား နှစ်ဆပွား၍
တံတားကိုဆင် တံတိုင်းတင်၏
လမ်းပြင်ကျောင်းဆောက် ရေမြောင်းဖောက်၏
ရွာမြောက်ပိုင်းက လေးနှမတို့ 
အလှထပ်မြှင့် အယဉ်ဆင့်၏
အကျ င့်ဘာဝနာ တရားရှာဖို့ 
ရွာ၏ရှေ့ဖျား အဖိုးသွား၏
အဖွားလည်းပါ ကျောင်းရိပ်သာ၏
ဆရာတော်ကတရားပြ။
ပြောင်းလဲသည့်ရွာအလှ။

၁၇။ပညာတတ်ကာ ကြီးပွားလာသည့်
ရြာသူရြာသား လူအမ် ားကို
မထားမြင်ကာ နားလည်ပါပြီ
ရွာကောင်းစားရေး သူမျှော်တွေးလို့ 
ကိုယ်ရေးနောက်ဆုတ် ရွာတွက်လုပ်၏
အဟုတ်ယောက်ျားကောင်းတကား။
အတွေးငါလျှ င်မှားခဲ့ပါလား။

၁၈။နာကြည်းချ က်စား မေတ္တာပွား၍
မထားဝိုင်းကူ လိုရာလှူ ၏
ရွာသူသားတို့ သာဓုခေါ်
အလှူ ရှင်ဒေါ်ထားနာမည်ကျော်
ကျောင်းကန်ရိပ်ကိုခိုပြီနော်။

၁၉။ရွာ၏အလင်း သူနေမင်းကား
အလင်းတောက်ထိန် မွန်းတည့်ချိ န်၌
တိမ်စွယ်မည်းညို ဝါးကာမြို ၍
ရွာကိုရုတ်တရက်ခွဲသွားပြီ။
ငိုရှိုက်သံတို့ ရွာလုံးမြည်။

၂၀။တစ်ရွာလုံးငို မျ က်ရည်ယိုလည်း
မငိုမထား မြတ်ဘုရား၌
ဝပ်တွားကြည်သာ ဆုပန်ထွာ၏
ပါရမီဖြည့်ဖက် ဖြစ်ရလို
ယောက်ျားမြတ်၏အရိပ်ခို
သံသရာတစ်လျှောက်ဆုံရလို
မထားမထားမြတ်နိုးပို။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!