မတူတာကို မရောပါရစေနဲ့ 

in mso •  6 years ago  (edited)

မတူတာကို မရောပါရစေနဲ့ 

ဘုရားရှင်လက်ထက်က တရားနာလာကြတဲ့အခါ
ရဟန်းတော်တွေအတွက်နေရာကတနေရာ
ဘုရင်အတွက်ကတနေရာ မူးကြီးမတ်ရာတွေကတနေရာ သာမန် လူတန်းစား
တွေကတနေရာ စသဖြင့်သူ့ နေရာနဲ့ သူ
တရားနာကြရတယ်

ဒါဟာ လူတန်းစားခွဲခြားတာ မဟုတ်ပါဘူး

သူ့ အဆင့် နဲ့ သူ လိုက်လျှောညီထွေမှု့ဖြစ်အောင်
နေရာယူကြရတာပါ

လောကမှာ မိခင် နဲ့  မယားဟာ အသွင်တူပေမဲ့
ဂုဏ်ကျေးဇူးကွာတဲ့အတွက် တန်ဘိုးရှိပုံချင်းရော
တန်ဘိုးထားပုံချင်းပါ မတူပါဘူး မယားကိုသတ်ရင်
အဝီစိမကျပါဘူး တရားထူးတရားမြတ်ရဖို့  အခွင့်အလမ်း ရ ရှိနိုင်ပါသေးတယ်

မိခင်ကိုသတ်ရင်တော့ ဘာကုသိုလ်မှ
မကယ်နိုင်တော့ပါဘူး အဲဒီသားသမီးဟာ ငရဲကျဖို့ ကလွဲလို့ ဘာမှ မရှိတော့ပါဘူး ဒါဟာ ဘာ့ကြောင့်လည်းဆိုတော့ ပေးဆပ်တဲ့ ဂုဏ်ကျေးဇူးကွာပြီး သက်ရောက်မှု့ခြင်းပါ ကွာခြားသွားတာပါ

လူလူချင်း ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တာ
တူပေမဲ့ သီလ သမာဓိ ပညာ ဆိုတဲ့ ပေတံနဲ့ တိုင်းတာတဲ့အခါ
အနိမ်အမြင့် အယုတ်အလတ်အမြတ် ဆိုပြီး
သူ့ သဘောတရားနဲ့ သူ ကွာခြားပါတယ်
လူလူချင်းတူပေမဲ့ ကွဲပြားတာတွေ အများကြီးပါ

ကျွန်တော်တို့ ရဲ့ ဂေါတမ ဘုရားရှင်ဟာ
သဗ္ဗေညုတ ဥာဏ်ရ ရှိဖို့ အတွက် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရပါတယ်
အသွေးတော်တွေလှူတာက သမုဒ္ဒရာလေးစင်းထဲကရေထက်များပြီး မျက်လုံး
တော်တွေလှူတာ ကောင်းကင်က ကြယ်တာရာထက်များတယ် တဲ့ ဖြည့်နိုင်ခဲ့တဲ့
ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခဲ့လို့  ဘုရားအဖြစ်ကို
ရောက်တော်မူခဲ့ပါတယ်

အဲဒီလို ဘုရားအဖြစ်ရောက်ခဲ့တဲ့အတွက်
ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင်တွေဟာ
ကောင်းမှု့မကောင်းမှု့ ကုသိုလ် အကုသိုလ် ကို
ပိုင်းပိုင်းခြားခြား သိခွင့်ရခဲ့တယ် အမြတ်ဆုံးနိဗ္ဗါန်အတွက် ပါရမီတွေ ဖြည့်ဆည်းခွင့်
ရ ရှိခဲ့ပါတယ်

ပြောချင်တာက ဗုဒ္ဓဘာသာဖြစ်ခွင့် ရနေတာ ဟာသာမန်ဘုန်းကံမဟုတ်ပါဘူး ဒါ့ကြောင့်
ကျွန်တော်တို့ ဘဝနဲ့  ကျွန်တော်တို့ ဘာသာကို
မြတ်နိုးတယ် တန်ဘိုးထားတယ်
ဘာနဲ့ မှ မလဲနိုင်သလို ဘာအတွက်နဲ့ မှ အဆုံးရှုံးမခံနိုငိပါဘူး

အခု အခြေအနေ အရပ်ရပ်ကြောင့် ဘာသာရေး
ပဋိပက္ခတွေဖြစ်တယ် ဒါဟာ လူတန်းစား
ခွဲခြားတာမဟုတ်ပါဘူး ကိုယ့်ဘာသာကို ကိုယ်ကာကွယ်တာပါ
သူ့ ဘုရား ငါ့ဘုရားဆိုပြီး ခွဲခြားတာမဟုတ်ပါဘူး
စစ်မှန်တဲ့ ဘုရားမို့  အသက်နဲ့ လဲပြီး ကိုးကွယ်
ယုံကြည်တာပါ

ရှင်းရှင်းပြောရရင်

လေးအသင်္ချေကမ္ဘာတသိန်းပေးဆပ်ခဲ့ရတဲ့
ဂေါတမ ဘုရား ရှင်ကို
စိတ်ကူးယဉ် ဘုရားတွေနဲ့ 
တန်းတူမထားနိုင်ပါဘူး

အကြောင်းအကျိုး ဝါဒကို
ထာဝရ ယုံကြည်မှု့ ဆိုတာနဲ့ 
အစားမထိုးနိုင်ပါဘူး

ဒါဟာ လူတန်းစားခွဲခြားတာမဟုတ်ပါဘူး

ကိုယ့်အဆင့်နဲ့ ကိုယ်
ကိုယ့်တန်ဘိုးနဲ့ ကိုယ်
သိက္ခာရှိရှိ နေချင်လို့ ပါ

ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်ပေမဲ့
သီလ သမာဓိ ပညာ ကွာတဲ့အတွက်
တန်းတူ မထားနိုင်ပါဘူး

အစွန်းရောက်တယ် တဘက်သတ်ဆန်တယ်လို့ ပြောလည်း ပြောကြပါစေတော့

ဗုဒ္ဓဘာသာကို အသက်ထက် မြတ်နိုးတယ်
အသက်ထက် တန်ဘိုးထားတယ်

ဘယ်ဘာသာနဲ့ မှ
တန်းတူမထားနိုင်ပါဘူး

မတူတာတွေကို
အတင်းမရောခိုင်းပါနဲ့ 

ဗုဒ္ဓက လူလူချင်း
အသားအရောင်မခွဲခြားခိုင်းပေမဲ့
လူဆိုး နဲ့  လူကောင်းတော့
ခွဲခြားခိုင်း ခဲ့ပါတယ်

မတူရင်
သမုဒ္ဓရာထဲကရေတောင်
မရောပါဘူး

ဒါကိုတော့
နားလည်ထားသင့်ပါတယ်

သာသနာ့အားမာန် မှ လှူ ဒါန်းမည်

သာသနာ့အားမာန် အသင်းမှ
လှူ ဒါန်းပွဲအား

မန္တလေး မြို့ တွင် ပထမဝါဆိုလပြည့် ( 27 - 6 - 2018 ) နေ့ 
နေ့ လည် တစ်နာရီတွင် ပုညဝဍ္ဎန
ဓမ္မာရုံ ပေါက်စိမ်း ရပ်ကွက် မဟောအောင်မြေမြို့ နယ် ၌

လှူ ဒါန်းပွဲ ပြု လုပ်မည် ဖြစ်ပါသဖြင့်
သာသနာ့အားအာန်အသင်းသို့ 
လျောက်လွှာတင်ထားသော
ရဟန်းသံဃာတော်များ အား
ပင့်ဖိတ် လျှောက်ထားအပ်ပါသည်ဘုရား

အလှူ ရှင်များမှလည်း ကြွရောက်၍ ကိုယ်တိုင် ကိုယ်ကျ လှူ ဒါန်း
နိုင်ပါကြောင်း ပင့်ဖိတ်အပ်ပါသည်

အသင်းအား တိုးချဲ့ ဖွဲ့ စည်းလိုပါသဖြင့် စိတ်ပါဝင်စားသူများအား
သာသနာ့အားမာန်အသင်း မှ
ဖိတ်ခေါ် အပ်ပါသည်

ရဟန်းတကာ ပစ္စည်းလေးပါး တကာဖြစ်လိုသော ပုဂ္ဂိုလ်များ
ရှိပါက
သာသနာ့အားမာန် အသင်း မှ
ရဟန်း သာမဏေ များ နှင့်
တိုက်ရိုက် ချိတ်ဆက်ပေးပါမည်

အသေးစိတ် သိလိုပါက image
အောက်ပါ ဖုန်းနံပါတ်များသို့ 
ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း
အသိပေး အပ်ပါသည်

ဆရာဦးလှမျိုး ( ဓမ္မရောင်ခြည် )
၀၉ ၇၈၅၀၇၉၆၇၄

ဦးမြင့်ခိုင်
၀၉ ၇၉၉၈၄၃၆၈၉

   သာသနာ့အားမာန်

ဆရာ ဒကာ ချိတ်ဆက်ရေးအသင်း

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!