သို့သူငယ်ချင်း

in mso •  7 years ago 

၁ ။
့/
သူငယ်ချ င်းပညာသာမိ
အမြန်လာပါ။အရေးကြီးကိစ္စ
ပေါ်နေလို့ ။
မှ/
ဦးဓမ္မသာမိ
ဝါဆိုခါနီးဆယ်ရက်အလို စာတိုလေး
တစ်စောင် လက်ခံရရှိသည်။ဦးဓမ္မ ဘာ
တွေများအရေးကြီးကိစ္စပေါ်နေပါလိမ့်။သွား
ရမည်ပေါ့။သူက မိမိအရင်းနှီးဆုံးသူငယ်ချ င်း
မဟုတ်လား။သူနဲ့အတူစာဝါတွေတက် စာမေး
တွေအောင်ခဲ့သည်။မိမိတို့ အကြီးတန်းအောင်
သည့်နှစ်မှာပင် ဦးဓမ္မရဲ့ဆရာတော်ကလူထွက်
အိမ်ထောင်ပြု သွားလို့  ဦးဓမ္မခမျာ ပညာသင်
ရပ်ပြီး ကျောင်းထိုင်လုပ်ရ၏။သူကျောင်းထိုင်
ဖြစ်တော့ မိမိသွားလည်သေးသည်။ကျောင်းက
အကွက်ကျ ယ်ကြီး။အုန်းခြံကြီးက ဟီးထနေ၏။
အရင်ဆရာတော်က ဘာစိတ်ကူးနဲ့အုန်းပင်
ဒိေလာက္မ် ားမ် ားစိုက္သြားသည္မသိ။မိမိက
တော့မကြိုက် ။အရိပ်မရဘူးမဟုတ်လား။
တခြား စားပင်သီးပင် အနည်းငယ်ရှိ၏။လမ်း
မကြီးဘေးမို့  နေရာကောင်းသည်။ကျောင်းထဲ
မှာ ကျောင်းဆောင်လေးဆောင်။သုံးဆောင်
ကပြု ပြင်ဖို့ နီးနေပြီ။အခုဆိုအတော်ပြောင်းလဲ
ရောပေါ့။မရောက်တာ ခြောက်နှစ်ကျော်သွား
ပြီမဟုတ်လား။ဒီခြောက်နှစ်အတွင်း မိမိစာပဲ
ဖိလုပ်နေခဲ့သည်။လုပ်ရကျိုးလည်းနပ်ပါ၏။
ဓမ္မာစရိယဘွဲ့ဒီနှစ်ရပြီလေ။

"အော် ဦးပညာရောက်လာပြီ။ကျောင်း
အောက်ကြွ"
ှုဦးဓမ္မ၏ ကြိုဆိုသံမှာတည်ငြိမ်လွန်းသည်ဟု
ထင်မိသည်။အားရဝမ်းသာမရှိလှ။မိမိ ညနေ
ငါးနာရီလောက်ရောက်သွားသည်။ဦးဓမ္မက
အပင်များရေလောင်းနေသည်။အခြားကိုရင်
ဦးဇင်းတစ်ပါးမှမမြင်ရ။သူအလုပ်မအားပင်
ပန်းလို့ နေမှာပါဟု အောက်မေ့လိုက်သည်။
ခဏနေတော့ သူရောက်လာပြီး
"ညရောက်မှ စကားပြောရအောင်နော်၊အခု
နားနားနေနေ နေပါဦး"
ဟုဆို၏။မိမိက အဆင်ပြေကြောင်းခေါင်းညိတ်
ပြ၏။ကျောင်းဝင်းထဲဆင်းပြီးလှည့်ကြည့်သည်။
အရင်တစ်ခေါက်ကထက် ဘာမျှ မထူးခြားလှ။
ကျောင်းဟောင်းတို့ ကို တတ်နိုင်သမျှ ပြု ပြင်
ထားသည်ကိုတော့တွေ့ရသည်။ခုနှစ်နှစ်အတွင်းမှာ ဒိလောက်မျှ သာပြောင်းလဲသည်ဆိုပါက သူသိပ်အဆင်မပြေလောက်ဘူးဟုတွက်မိသည်။ညနေအမှောင်လာတော့ အရှေ့ဘက်ကပ်
ရက်ကျောင်းကသံဃာတော်တွေ ဘုရားဝတ်ပြု
သံကြားရလို့ ကြည်နူးမိသည်။ဒီဘက်မှာတော့
သူငယ်ချ င်းတစ်ပါးတည်းသာ။အရှေ့ဘက်
ကျောင်းကိုသေချာကြည့်လိုက်တော့ ကျောင်း
ဆောင်များက ကောင်းမွန်လှ ခန့် ထည်လှ၏။
ကားသုံးစီးရပ်ထားတာကိုလည်းမြင်ရသည်။
ဘုန်းတန်ခိုးကြီးမားလှပါ၏။သူငယ်ချ င်းပြောပုံ
အရဆို ဒီမြို့ မှာကျောင်းပေါင်းငါးဆယ်ကျော်
ရှိ၏။သာသနာထွန်းကားသည့်နေရာပါတကား။

"ဦးဓမၼ ဘာမ် ားအေရးၾကီးကိစၥလဲဘုရား"
ညရှစ်နာရီကျော်တော့ ကျောင်းအောက်မှာ
နှစ်ပါးမျ က်နှာချ င်းဆိုင်ထိုင်ကြ၏။မိမိကစကား
စ လိုက်သည်။သူ့ မျ က်နှာက အလွန်လေးနက်
နေသည်။ဖြည်းညင်းလေးပင်စွာ စကားထွက်
လာသည်
"တပည့်တော် လူထွက်တော့မယ်ဘုရား"
"ဘယ်လို "
မိမိအလန့် တကြားပြန်မေးမိသည်။
"ဟုတ်တယ် ဦးပညာ တပည့်တော်ဒီဘဝ
ဆက်မနေနိုင်တော့ဘူး"
"ဘာအခက်ခဲရှိလို့ လဲ။မိန်းကလေးတွေ့နေ
လို့ လားဦးဓမ္မ"
"အဟား ဘာအခက်ခဲလဲဟုတ်လား
မိန်းကလေးတွေ့နေလား ဟုတ်လား"
သူက လှောင်ရယ်တစ်ချ က်ရယ်ပြီးပြောသည်။
မိမိဘာမှားသွားပါလိမ့်။သူကဆက်ပြောသည်။
"တပည့်တော်ခံစားရတာတွေပဲပြောပါရစေ။
အဲဒီခံစားချ က်တွေဟာ အခက်ခဲလား မခက်ခဲ
လားဆိုတာကတော့ ဦးပညာပဲဆုံးဖြတ်ပါတော့"
"ဟုတ်ပါပြီ။ပြောလေ"
သူတစ်စုံတစ်ရာရင်ဖွင့်လိုနေသည်ဟုထင်သည်။စကားမပြတ်ရုံ ထောက်ပေးသည်။သူက
မေးသည်
"ညနေက အရှင်ဘုရားလှည့်ကြည့်ပြီးပြီ။
တပည့်တော်ကျောင်းတိုးတက်နေသလား
ရပ်တန့် နေသလား ဆုတ်ယုတ်နေသလား
အမှန်တိုင်းဖြေပါဦးပညာ"
"ရပ်တန့် နေတယ်"
"အဲဒီရပ်တန့် ခြင်းဟာ တိုးတက်မည့်ဘက်
ယိမ်းနေသလား ဆုတ်ယုတ်မည့်ဘက်ယိမ်း
နေသလားဘုရား"
"ဆုတ်ယုတ်တဲ့ဘက်"
မဖြေချ င့်ဖြေချ င်ဖြေရသည်။ဘာအတွက်
မေးနေပါလိမ့်။
"အေး ဟုတ်တယ်။ကျောင်းက အကျ ရိပ်ဘက်
လုနေတယ်။ဒီလိုအခြေနေလေးဖြစ်အောင်
ငါဘယ်လိုထိန်းနေရသလဲမေးပါဦးကွာ"
"ဘယ်လိုထိန်းနေရသလဲဦးဓမ္မ"
"အုန်းသီးနဲ့သင်္ကန်းနဲ့ထိန်းနေရတာ"
"ဘယ်လိုဘယ်လိုးမလည်ဘူး"
"ဦးပညာ ဘယ်နားလည်မလဲ။ကြုံမှမကြုံဘူး
တာ၊ကျောင်းကို ပြု ပြင်စရာတွေပြု ပြင်ဖို့ 
တွေ့လား ဟိုးအုန်းခြံကအုန်းသီးရောင်းရတယ်
မလောက်ရင် သင်္ကန်းရောင်းရတယ်ဘုရား
သပိတ်လည်းမနေသာပါဘူး"
ဝမ်းနည်းသံကြီးနှင့်ပြောသောသူ့ စကားကြောင့်
မိမိလည်း ငိုင်သွား၏။သူငယ်ချင်းကိုလည်း
သိပ်သနားသွားသည်။သူအတော်ခက်ခက်ခဲခဲ
ရပ်တည်နေရပါလား။သိချ င်တာလေးမေးလိုက်
သည်။
"ကျောင်းအလှူ ရှင်တွေမရှိတော့ဘူးလား"
"ရှိသေးတယ်ဦးပညာ"
"သူတို့ ဆီမသွားဘူးလား"
"မသွားဘယ်နေမလဲဦးပညာရယ်"
"!သူတို့ ကဘာပြောလဲ"
"သူတို့ ကလား သူတို့ ကပြောတယ်
ကိုယ်တော်ဆရာက လူလိမ်ကြီးတဲ့။သူတို့ က
ဒီလောက်လှူ ထားတာကို သူတို့ မျ က်နှာမ
ထောက် လူထွက်မိန်းမယူတယ်တဲ့။ကျောင်း
လည်းစိတ်ပြတ်ပြီ။နောင်ဘယ်တော့မှမဆက်
သွယ်နဲ့တဲ့။ရှက်တယ်တဲ့"
သူ့ စကားကြောင့် ပိုပြီးစိတ်ဆိုးဝမ်းနည်းဖြစ်ရသည်။သူကပြော၏
"ဦးပညာ လူတွေက တကယ်တော့သာသနာ
ကို သံဃာကို မကြည်ညို ဘူးဘုရား။နာမည်
ကြီးဘုန်းကြီးတဲ့ဆရာတော်တွေကိုပဲကြည်ညို
တာလေ"
သူ့ စကားကိုဘယ်လိုဖြေသိမ့်ပေးရမှန်းမသိ။
စိတ်ထဲပေါ်လာတာမေးလိုက်သည်
"ရပ်ကွက်ထဲကဒကာဒကာမတွေရော
မလာကြဘူးလား"
"အဟား လာတာပေါ့ဦးပညာ။ဟိုးးးးးမှာတွေ့
လား မီးထိန်ထိန်လင်းနေတဲ့သုံးထပ်တိုက်
ကြီး။အဲဒီတိုက်ကနောက်ကျောဘက်မှာ
သစ်စက်ရှိတယ်။သစ်ခွဲတယ်။တပည့်တော်
ကျောင်းထိုင်ကာစက အဲဒီအိမ်ကဒကာကြီး
လာတယ်။တစ်ပါတ်လောက်ဆွမ်းပို့ တယ်။
နောက် သစ်တွေကျောင်းထဲပုံချ င်တယ်လို့ 
လျှောက်တယ်။တပည့်တော်ငြင်းလိုက်တယ်။
ငြင်းပြီးနောက်ရက်ကတည်းကပေါ်မလာတော့
ဘူး။လမ်းတွေ့တောင်မမြင်ဟန်ပြုသွားတာ"
သူငယ်ချ င်းပြောတာကိုပဲနားထောင်နေမိတော့
သည်။အခက်သားတွေပါလား
"အဲဒီဒကာလိုပဲ ကားထားချ င်သူတွေ
ကျောင်းထောင့်လဖက်ရည်ဆိုင်ဖွင့်ချ င်သူ
တွေ ကျောင်းထဲမှာစပ်တူစားပင်သီးပင်စိုက်
ချ င်သူတွေလာကြတာပေါ့။အကုန်ငြင်းတယ်။
သူတို့ ကလည်းတပည့်တော်ကို အကုန်ကွင်း
တယ်ဘုရား"
သူ့ အစားမောလှပါဘိ။ကျောင်းသို့ မလာသင့်
သူများလာပြီး လာသင့်သူတို့ ဘာကြောင့်
မလာကြသနည်း။အမေးဆက်မိသည်။
"အရှေ့ဘက်တိုက်ကဆရာတော်ကရော
မစောင့်ရှောက်ဘူးလား"
"စောင့်ရှောက်တာပေါ့ဘုရား။လွန်နေတာပဲ
သူက သံဃာ ၅၀ လောက်ရှိတာ။ဒကာ ဒကာမ
လည်းသိပ်များတယ်။သူက ကုန်းအမြင့်က
ဆိုတော့ မိုးရွာရင်သူ့ ကကျောင်းထဲကအမှိုက်
အကုန်လုံးကတပည့်တော်ကျောင်းကွင်း
ထဲမျောလာတော့တာပဲ။လေးငါးခြောက်ရက်
ရှင်းရတယ်။သွားလျှောက်တော့ မိုးရွာလို့ ဖြစ်
တာမတတ်နိုင်ဘူးတဲ့။မိုးမရွာအောင်လုပ်ပေါ့
တဲ့ "
ဤမျှ ဆိုပါလျှ င်ဦးဓမ္မ၏အခက်ခဲများကို မိမိ
ထောက်ဆ နားလည်နိုင်ပါပြီ။ဒီဝန်းကျ င်မှာ
သူဘယ်လိုနေနိုင်ပ့ါမည်နည်း။အဓိကမေးခွန်း
မေးလိုက်သည်။
"တပည့်တော်ကိုဘာလုပ်ဖို့ ခေါ်တာလဲ"
"အရှင်ဘုရားကိုကျောင်းအပ်ထားခဲ့မလို့ "
"ဘုရားးးးးးးးးးးး"
မိမိအလန့် တကြားရေရွတ်မိ၏။
"ဟုတ်တယ် အရှင်ဘုရားကိုကျောင်းအပ်
ထားခဲ့မလို့ ။အခက်ခဲတွေလည်းပြောပြပြီးပြီ
အလှူ ခံချ င်မှလည်းခံပါ။တပည့်တော်စာနာ
ပါတယ်။အရှင်ဘုရားလက်ခံခံ မခံခံ တပည့်
တော်က မနက်ဖန်လူထွက်တော့မယ်။
အရှင်ဘုရားလက်မခံရင်တော့ ကျောင်းကို
ဒီအတိုင်းထားခဲ့မယ်။ခွေးနေနေ နွားနေနေ
ပေါ့"
ည သန်းခေါင်တိုင်ပြီ။သူက စာချု ပ်စာတမ်း
များယူလာပြီးအပ်သည်။ကျောင်းအပ်ပြီး
သိက္ခာချ လူထွက်သည်။မိမိကိုကန်တော့ပြီး
ငါးပါးသီလယူသည်။သီလယူပြီး လျှောက်သည်
"မနက်တော့ အရှင်ဘုရား နိုးနိုး မနိုးနိုး
တပည့်တော်သွားပြီ။တစ်ခါတည်းနှုတ်ဆက်
ထားတယ်ဘုရား။တပည့်တော်အဆင်ပြေရင်
ကျောင်းလိုအပ်တာလာလှူ ပါမယ်ဘုရား။
အရှင်ဘုရား သာသနာကိုတကယ်ကြည်ညို
တဲ့သူတွေနဲ့တွေ့ပါစေလို့ ဆုတောင်းပေးပါ
တယ်ဘုရား။"
"စာရွက်စာတမ်းများ ဖျာအောက်ထားပြီး
အိပ်လိုက်သည်။အိပ်မက်လေလားဟု
တွေးမိရင်း။

မနက်အိပ်ယာကနိုးတော့ သူငယ်ချ င်း
မရှိတော့ပါ။
#ကျောင်းတော်ကြီးကိုထားသွားလေပြီ
ကျောင်းဆောင်အပြင်ကိုငေးကြည့်
လိုက်တော့ အုန်းပင်များကလေအလာမှာ
ယိမ်းကနေကြ၏။မိမိကိုလည်းအားမငယ်
နဲ့ဟုပြောနေကြသယောင်--------။
20171102_123651.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!