လက်နက်ကုန်သည် (မောင်မြင့်ကြွယ် ) အပိုင်း၂

in mso •  7 years ago 

IMG20180405072824.jpgသူငယ်ချင်းတို့ရေ
ဒီရက်ထဲစာလဲမရေးဖြစ်ဘူး ။ ပိုစ့်တွေလဲမတင်ဖြစ်ဘူး။ စိတ်တွေလေပြီးဘာမှမလုပ်ဖြစ်ဘူးဖြစ်နေတာ။ ဗုတ်တွေလဲမပေးဖြစ် ။ ခွင့်လွှတ်ကြပါနော့်။ ဒီနေ့ကစပြီးမှန်မှန်ပြန်တင်ပါမယ်။ ဘုတ်လဲပေးပါမယ်လို့နော်။
အမှန်တိုင်းပြောရရင် ကော်ပီမတင်ချင်ဘူး ။ ဒါပေမယ့် နေ့တိုင်းစာတစ်ပုဒ်လဲမရေးနိုင်ဘူး။ မရေးတက်သေးဘူးလေ။ ကော်ပီမတင်ချင်တာက ကိုယ့်ကို ဘုတ် လာပေးတဲ့သူတွေ ကို အားနာလို့။ ကိုယ့်ရဲ့အားထုတ်မှု့ ဘာမှမပါတဲ့စာတွေပုံတွေကို တင်ပြီး ဘုတ် ယူဖို့ကိုမဝံ့ဘူးလေ။
ခုတော့ အားလုံးကိုတောင်းဆိုချင်ပါတယ်။ ကျနော်က စာကောင်းကောင်း သိပ်မရေးတက်ဘူး။ အဒါမို့ နေ့တိုင်း ပိုစ့်တင်နိုင်အောင် ကော်ပီ လေးတွေလဲ တင်ပါရစေလို့ ။ ပြီးတော့ ကျနော့်ရဲ့ မကောင်းတကောင်း စာလေးတွေကဗျာလေးတွေ လဲတင်ပါရစေလို့။ ကျနော် ကိုယ်ပိုင်ရေးမယ့် စာတွေ ကဗျာကိုလည်း ပိုကောင်း လာအောင်အမြဲကြိုးစားပြီး ရေးသွားပါမယ်။ ကျနော်တင်တဲ့ပိုစ့်တွေနဲ့ ပတ်သက်ပြီးတော့လဲ အကြံညာဏ်များ ကွန်မန့်မှာရေးပေးကြပါလို့။ အင်္ဂလိပ်လို ပိုစ့်တင်နိုင်ဖို့လဲ ခုလေ့လာနေပါတယ်။

IMG_20180328_164915.jpgလက်နက်ကုန်သည် အပိုင်း (၂)

အစ္စရေးနိုင်ငံမှ မော့ဆက်နှင့် ရှင်းဘတ် ဆိုသော ထောက်လှမ်းရေး အေဂျင်စီနှစ်ခုသည် အိမ်တိုင်းသိသော စကားလုံးများဖြစ်ကြသလို ထိုအေဂျင်စီနှစ်ခု၏ ထူးခြားသော သူရသတ္တိဆိုင်ရာ စွမ်းဆောင်မှု့များမှာလဲ သမိုင်းတင်ရလောက်အောင် ထူးခြားလှပါပေသည်။ အစ္စရေးနိုင်ငံမှ ကြီးမား သောလက်နက်ထုတ်လုပ်ရေးလုပ်ငန်းကြီးအတွက် ထွက်ပေါက်အဖြစ် အသုံးပြုသော ဆာချာ နှင့် အစ်ပရက် ဆိုသည့် မထင်မရှား အဖွဲ့အစည်းများကိုမူ လူသိများအောင်ဆောင်ရွက်ပေးခြင်းမရှိပါ။
အစ္စရေးနိုင်ငံသည် အူဇီ စက်သေနတ်ငယ်များမှစ၍ အလွန့် အလွန် ခောတ်မီပြီး အဆင့်အတန်း မြင့်သောတိုက်လေယာဉ်ပျံများနှင့် ဒုံးပျံများအထိ စစ်ဘက်ဆိုင်ရာ လက်နက် ပစ္စည်းများကို ထုတ်လုပ်ရောင်းချ သောနိုင်ငံဖြစ်သည်။
အမေရိကန်နှင့် ဆိုဗီယက်နိုင်ငံတို့မှ လွဲလျှင် စစ်ဘက်ဆိုင်ရာပစ္စည်းများကို ထုတ်လုပ်ပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချသော နိုင်ငံကြီး ငါးနိုင်ငံတွင် အစ္စရေးနိုင်ငံလည်းပါဝင်သည်။
တကယ်ကလည်း လက်နက်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်းသည် တစ်နိုင်ငံလုံးရှိ အလုပ်သမား အားလုံး၏ သုံးပုံတစ်ပုံကို ငှားရမ်းအသုံးပြုနေသော နိုင်ငံ၏ အဓိကလုပ်ငန်းကြီးပင်ဖြစ်ပါ၏။
အစ္စရေးနိုင်ငံသည် ၎င်းနိုင်ငံက ရန်လိုသည်ဟု ယူဆသော အာရပ်နိုင်ငံများအား လူသတ်လက်နက် များကို ရောင်းချခြင်းမရှိပါ။ အခြားကိစ္စများတွင်မူ ၀ယ်သူ၏ မျိုးရိုးဇာစ်ဖြစ်နှင့် ပတ်သက်သည့် မေးခွန်းအနည်းငယ်ကိုသာ မေးမြန်းလေ့ရှိသည်။ဆာချာနှင့် အက်စပရက် တို့သည် နိုင်ငံတကာဈေးကွက် တွင် လဲလှည်အသုံးပြု၍ ရနိုင်သော ကျောထောက်နောက်ခံရှိသည့် ငွေမာများပေး၍ ၀ယ်ယူသူတိုင်းလိုလိုအား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို ရောင်းချလေ့ရှိသည်။
အသက်လေးဆယ်ခန့် ရှိသူ ပေါလ်မင်ဒယ် နှင့် အသက်ငယ်သော်လည်း ပို၍ ၀ဖိုင့်သူ ဒေးဗစ်ဘွန်း တို့သည် အက်စရက်ကို ကိုယ်စားပြုသူများဖြစ်ကြသည်။ Screenshot_2018-04-10-18-41-05.png
အယ်လီဆန် သည် ယခင်ကလည်း ထိုပုဂ္ဂိုလ်များနှင့် ဆက်ဆံခဲ့ဖူးသည်။ မကြာမီကလည်း ပဏာမ ဆွေးနွေးမှု့များကိုပြုလုပ်ခဲ့သည်။ ယခုထိုမှာကြားဝယ်ယူမည့်ကိစ္စကို အပြီးသတ်ရန် ဖြစ်ပါ၏။
အယ်လီဆန်သည် ထိုပုဂ္ဂိုလ်နှစ်ယောက်ကို ဧည့်ခန်းထဲ၌ နံနက်ရှစ်နာရီတိတိတွင် လက်ခံတွေ့ဆုံသည်။ ပေါလ်မင်ဒယ်က လက်ဆွဲသေတ္တာငယ်ကိုဖွင့်လိုက်၏။
ကျုပ်ကဗွီဒီယိုတိပ်ခွေတွေကို ယူလာပါတယ် မစ်ကရိတ် ။ ဘီတာမတ်လား ဗီအိတ်ခ်ျအက်စ် လား။
အယ်လီဆန်က VHS ဟုပြောပြီး ခလုပ်တစ်ခုကို နှိပ်လိုက်၏။ပိုးထည်နှင့် ကာရံထားသော နံရံမှ အစိတ်အပိုင်းတစ်ခုသည် နံဘေးသို့လျော၍ပွင့်သွားသည်။ ဤတွင် ကွယ်ဝှက်ထားသော ရုပ်သံစက်နှင့် အလွန်ကြီးမားသော ပိတ်ကားကြီးတချပ် ပေါ်လာလေ၏။ ဒေးဗစ်ဘွန်းကမှန်ကန်သော တိတ်ခွေကို ထည့်လိုက်သည်။ များမကြာမီပိတ်ကားပေါ်၌ အသက်ဝင်၍ အသံထွက်လာလေ၏။ အင်္ဂလိပ်လို စာတန်းထိုး၍ ပြသသည်သာမက အမျိုးစုံအသုံးချနိုင်သော ကင်းနီးရပ်စ် အမ် ၈၁ ၆၃ မီလီမီတာ အော်တိုမတ်တစ် အမြှောက်၏ စွယ်ဆုံ စွမ်းဆောင်ရည်များကို ပြသတော့မည်ဖြစ်ကြောင်း အင်္ဂလိပ် ဘာသာနှင့် ကြေငြာတော့သည်။
အယ်လီဆန်သည် အစ္စရေးနိုင်ငံ၏ နောက်ဆုံးပေါ် အံ့ဖွယ်လက်နက်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များနှင့် နားယဉ်နေသူဖြစ်သော်လည်း စောင့်ကြည့်နားထောင်လိုက်သည်။
(ဆက်ရန်)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by maythzinkyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

I would like to suggest you not to post copies. If you make the same action again, I will report you to @steemcleaners . Please try your best in Steemit Platform. Thanks.