အနာဂတ်မှာ ပိုမိုကြီးမား လာနိုင်ဖွယ်ရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေး Bitcoin

in mso •  7 years ago 

အပိုင်း ၃
image
Charles ‘Charlie’ Shrem IV ဟာ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှာ မွေးဖွားခဲ့ သူ ဖြစ်ပြီး အမေရိကန် စွန့်ဦးစီးပွားရေး သမားတစ်ဦးပါ။ Bitcoin လိုမျိုး Cryptocurrencies တွေကို ထောက်ခံအားပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ယနေ့ခေတ်မှာ ပျောက် ကွယ်သွားပြီဖြစ်တဲ့ BitInstant ကုမ္ပဏီကို ပူးတွဲ တည်ထောင် သူဖြစ်ခဲ့ပြီး BitInstant ဟာ Bitcoin တည်ထောင်ရာမှာ အရေးပါတဲ့ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဒီဇင် ဘာလမှာတော့ Charlie Shrem ဟာ တရားမဝင် ငွေကြေး လွှဲပြောင်းမှုပုဒ်မနဲ့ ထောင်ချ ခံခဲ့ရပါတယ်။ တရားမဝင် ငွေကြေးလွှဲပြောင်းမှု ဆိုတာထက် Silk Road လို့ခေါ်ဆိုကြတဲ့ အွန်လိုင်း မှောင်ခိုဈေးကွက် အတွင်း ဥပဒေနဲ့ မလွတ်ကင်းတဲ့မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ငွေကြေး အနုတ်အသွင်း အတွင်း ပါဝင်ပတ်သက်ခဲ့လို့ဆိုရင် ပိုမှန်ပါလိမ့် မယ်။ ထောင်ကနေ လွတ်မြောက် လာလာချင်းပဲ Bitcoin အမှတ်တံဆိပ် ပါတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး လက်ထဲမှာ Absinthe ဖန်ခွက်ကိုင် ထားကာ Charlie Shrem ပြောလိုက်တဲ့ စကားက Cryptocurrencies ဈေး ကွက်ကို လှုပ်ခတ်စေခဲ့ပါတယ်။ သူပြောတာက "ကျုပ် စကားလုံး တွေဟာ ရွှေဖြစ်ပါတယ်" ဆိုတာပါပဲ။

လက်ရှိအချိန်မှာ တန်ဖိုးကြီးတဲ့ ကမ်းခြေမှာ အဖိုးတန် အဝတ်အစားဝတ်၊ ဈေးကြီးတဲ့ ယမကာကို ဇိမ်ခံသောက်နေသူ တစ်ဦးဟာ သူ့ရဲ့ကျဆုံးမှု မတိုင်ခင်က Bitcoin မှာ သန်း ကြွယ်သူဌေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ အသက် ၂၇ နှစ် ရှိနေပြီဖြစ်တဲ့ Charlie Shrem ဟာ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို ထပ်မံသက်သေ ပြနိုင်ဖို့ စိတ်ကူးနေ ပုံပါပဲ။ ထောင်ကနေ လွတ်ပြီး ဆယ်လ အကြာမှာပဲ Charlie Shrem တစ်ယောက် အလုပ် အသစ်ရရှိခဲ့ပြီး မကြာမီ အချိန်အတွင်း သူ့ရဲ့ စွမ်းဆောင်ရည် တွေကို မြင်တွေ့ကြရ ပါတော့ မယ်။ ဥပမာ အနေနဲ့ Cryptocurrency ဈေးကွက်ကို ထရီလီယံ ပမာဏရှိတဲ့ ဈေးကွက် တစ်ခု ဖြစ်အောင် တည်ဆောက်ပြနိုင်မလား ဆိုတဲ့အရာမျိုးတွေပေါ့။
Credit image from facebook.

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!