အမှတ်​တရ မိုးရာသီ

in msu •  7 years ago 

မိုး​တွေရွာပြန်​ပြီ
မကြာခင်​ မိုးကျပြန်​​တော့မယ်​။က​လေး​တွေအတွက်​ စာသင်​​ကျောင်း​တွေ ပြန်​ဖွင့်​ကြပြန်​​တော့မယ်​။ ထီးကိုယ်​စီ လွယ်​အိတ်​ကိုယ်​စီကို ​ရေမစို​အောင်​ နည်းအမျိုးမျိုးနဲ့ လုံခြုံ​အောင်​ ထုတ်​ပိုးပြီး ​ကျောင်းကို သွားကြပြန်​​တော့မယ်​။
image
ဒီ​ခေတ်​က မိုးကာအင်္ကျီ​တွေ​ပေါ်လာ​တော့ မိုးရွာလည်း က​လေး​တွေ ​ကျောင်းသွားရတာ သက်​​တောင့်​သက်​သာပါပဲ။

ကျွန်​မတို့ ငယ်​တုန်းက ​ကျောင်းသွားချိန်​​တွေဆို အခုလို ဘယ်​ဟုတ်​ပါ့မလဲ.။လွယ်​အိတ်​ထဲ ပါ​နေကျ ​ခေါက်​ထီး​လေး မလုံ့တလုံကို ​ဆောင်းပြီး လွယ်​အိတ်​ကို ​ခေါင်းက​နေ​နောက်​​ကျောကို ​ကျော်​ချပြီး ​ကျောပိုးအိတ်​လုပ်​ ဖိနပ်​ကို ထီးချိတ်​မှာ ချိတ်​ပြီး ​ကျောင်းသွားခဲ့ကြတာ..

ဖိနပ်​မဲ့ ​ခြေ​ထောက်​နဲ့ ရွံ့​ပျော့​တွေကို တပြတ်​ပြတ်​နင်း ​ရေအိုင်​​တွေ့ရင်​ ဆင်းလို့ ​ရေ​ဆေး ​ချော်​လဲကြတာလည်း အခါခါ။လူ​ရေစိုမှာထက်​ လွယ်​အိတ်​​တွေ စာအုပ်​​တွေ ​ရေစိုမှာ ပို​ကြောက်​ရတဲ့ မိုးရာသီ​ပေါ့..။
image
မိုးရွာ​တော့ အလံတိုင်​​ရှေ့မှာ Assembly စီစရာမလို​တော့ မနက်​ခင်း​တွေမှာ မိုး​အေး​အေးနဲ့ ​ကွေးရတာကလည်း အရသာတစ်​ခု။
အ​ဖေအ​မေ​တွေ ဆရာ ဆရာ​တွေ ဘယ်​​လောက်​ပဲ ဆူဆူ ဘယ်​လိုပဲ ​ပြော​ပြော သရက်​သီးမှည့်​​တွေ ​ရေမ​ဆေးပဲ စား..ယင်​နားစာ​တွေကို အဖွဲ့လိုက်​ကြီး တစ်​​ယောက်​တစ်​လက်​ ဝိုင်းလုစား..အို..​ပျော်​ဖို့များ​ကောင်းရဲ့..။

အဖွဲ့လိုက်​ဆိုမှ ကျွန်​မတို့ ငယ်​ငယ်​က အခု​ခေတ်​လို ​နေ့​နေ့ညည ကျူရှင်​တက်​ဖို့မလိုဘူး။ အမြဲတမ်း စာကျက်​​နေဖို့မလိုဘူး​လေ ဒီ​တော့ ကစားချိန်​ ပိုရကြတယ်​။ သူငယ်​ချင်းချင်း ပိုချစ်​ခင်​ရင်းနှီးခွင့်​ရကြတယ်​။

ကျွန်​မတို့ဆို ဆရာမ လစ်​တာနဲ့ ​အတန်း​ဘေးက ​ရေ​မြောင်းမှာ ​လှေ​လှော်​တမ်းကစား​နေကျ အခန်း​ဘေးက ကပ်​​ပေါက်​​နေတဲ့ ကုက္ကိုပင်​​ပေါ်မရမက တက်​ပြီး စာကျက်​​နေကျ​လေ..

ကျွန်​မတို့တုန်းက အတန်း​တွေတိုး​တော့ ​ကျောင်းမကြီးမှာ အခန်း​တွေ မ​လောက်​​တော့လို့ အ​ဆောင်​​သေး​သေး​လေးကို ယာယီ​လေး​ဆောက်​ ပျဉ်​​တွေကာပြီး ကျွန်​မတို့က အဲ့ဒီအ​ဆောင်​မှာ ​နေရတာ လွတ်​လပ်​လိုက်​တဲ့ ဖြစ်​ခြင်း..
image
သူငယ်​ချင်း​တွေ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ငြင်းကြခုန်​ကြ ကစားကြ ရန်​ဖြစ်​ကြဆိုတာ အတန်းထဲ ​နေ့တိုင်း ဖြစ်​​နေကျ​တွေပါပဲ။ ဒါ​ပေမဲ့ ဘယ်​​တော့မှ ကြာကြာ စိတ်​မ​ကောက်​ခဲ့ကြဘူး..။

အတန်းထဲမှာ တစ်​​ယောက်​​ယောက်​က အချဉ်​သီးနဲ့ ဆား ငရုတ်​သီးနဲ့ ပါလာပြီဆို တစ်​တန်းလုံး တည့်​သွားတာပါပဲ။ဆရာမ စာသင်​ချိန်​ တစ်​​ယောက်​​ယောက်​ မုန့်​ခိုးစားလည်း သစ္စာ​ဖောက်​ပြီး တိုင်​မဲ့သူမရှိဘူး။အဲ့ဒီ​လောက်​ စည်းလုံးခဲ့တယ်​။

တစ်​​ယောက်​က စာမရ​သေးဘူးလို့​ပြောရင်​ အချိန်​ရရင်​ စာကို ကူပြ​ပေးတယ်​..အချိန်​မရရင်​ ကူးချခိုင်းလိုက်​တယ်​..ပြီး​ရောပဲ။

ကျွန်​မတို့ တစ်​ခန်းလုံးမှာ ​ယောက်ျား​လေး မိန်းက​လေးဆိုတဲ့ အမြင်​​တွေထက်​ မင်းနဲ့ငါ ဆိုတဲ့ သူငယ်​ချင်း​တွေပဲ ပိုပြီး ကြီးစိုးခဲ့တယ်​။ဪ...အဲ့ဒီအချိန်​က ကျွန်​မတို့က ခုနစ်​တန်းပါ..။

မြီး​ကောင်​ မ​ပေါက်​တ​ပေါက်​ အရွယ်​မ​ရောက်​တ​ရောက်​လို့ ဆိုနိုင်​​ပေမယ့်​ အလှအပ​တွေကို စိတ်​ဝင်​စားဖို့ထက်​ အ​ပေါင်းအသင်း​တွေနဲ့ ကစားရတာ အစား​တွေ လုစားရတာက ကျွန်​မ​တို့​တွေ ကြားမှာ ​ခေတ်​စားခဲ့တယ်​။

အဲ့ဒီထက်​ ​ခေတ်​စားတာက အဲ့ဒီတုန်းက အတန်းပိုင်​ ဆရာမပါပဲ။
သူကိုင်​တာက သင်္ချာ။ စာကို ​သေချာရှင်းမပြ​ပေးခင်​ စာကို အရင်​တွက်​ခို​င်း​လေ့ရှိတယ်​။မရရင်​ ​ဆော်​ပ​လော်​တီးခံရတယ်​။အစ​တော့ ​ကျောင်းသား​လေး​တွေက ရိုးသားပါတယ်​ မရရင်​ မရဘူး​ပေါ့။ ​တုတ်​ပါလာ​တော့ ကျွန်​မတို့​တွေ လူပါးဝလာကြတယ်​။ အထူးထုတ်​စာအုပ်​​တွေ မနှစ်​က အတန်းကြီးသမား​တွေရဲ့ တွက်​စာ အ​ဟောင်း​တွေကို သယ်​ချလာပြီး ကူးချပစ်​တယ်​။

ဆရာမရဲ့အကျင့်​က ဘယ်​လိုတွက်​တာလဲလို့ ​မေးဖို့ထက်​ အ​ဖြေမှန်​ကို ​ပေးနိုင်​ဖို့ ပိုအ​ရေးကြီးတာကိုး...။အဲ့ဒီလို​ဆို​တော့ စာအုပ်ေ​ဟာင်း​ရှာရတဲ့ အလုပ်​က လွှဲရင်​ အဆင်​ကို ​ပြေလို့..။
အဲ့ဒီကလိန်​ကျတဲ့ အကျင့်​​လေးကို ကျွန်​မ​တို့ တစ်​ခန်းလုံးနီးပါး တက်​ညီလက်​ညီ ကျူးလွန်​ခဲ့ကြတာပါ..။ စာ​တော်​တဲ့ စာကြိုးစားတဲ့ တစ်​​ယောက်​စ နှစ်​​ယောက်​စက​တော့ ကိုယ့်​ဘာသာ နားလည်​​အောင်​ ကြိုးစားတွက်​ယူကြလို့ပါ..။

အဲ့ဒါက ​ကျောင်းစာ ကိစ္စ​တွေပါ..ကျန်​ပါ​သေးတယ်​ မိုးရာသီဆို​တော့ အခန်းပြင်​မှာ ကစားလို့ သိပ်​မ​ကောင်းဘူး​လေ။ အဲ့ဒီ​တော့ ​ကျောင်းသွား​ကျောင်းပြန်​ ​ကျောင်းလမ်းကြီး​ကို အ​ပေါ်ယံ ​ဗွက်​ထ​အောင်​လုပ်​ အဲ့ဗွက်​​တောမှာ စကိတ်​လို ​လျှောစီးခဲ့ကြတာ​တွေများ ဘယ်​ဆရာမ ဘယ်​​လောက်​ဆဲဆဲ မမှုခဲ့ကြဘူး။အ​မေက​တော့ သိပ်​မသက်​သာလှပါဘူး..အ​မေရှိရင်​ အီလန်​ရှိတယ်​ဆိုတဲ့ ​ကြော်​ငြာမတိုင်​ခင်​ကတည်းက ကျွန်​မတို့ စိတ်​ထဲ အ​မေ့ကို ဆပ်​ပြာနဲ့ တွဲမြင်​​နေတတ်​တာကိုး..။

image
ပျော်​တာပဲ သိတာ​ပေါ့..
ကျွန်​မတို့​တွေက စာမရလို့ အရိုက်​ခံရတယ်​ဆိုတာထက်​ ​ဆော့လွန်းလို့ အရိုက်​ခံကြရတာ များပါတယ်​။

ဒါ​ပေမဲ့လည်း တစ်​ခန်းလုံးဆို​တော့ တက်​ညီလက်​ညီ​ပေါ့​လေ..
ပြီးကျ​တော့လည်း ​ဆော့ပြီးရင်း​ဆော့ ကစားပြီးရင်းကစား စားပြီးရင်း စားကြပြန်​တာပါပဲ..။
အ​ခုလို မိုးရာသီ ​ရေ​တွေများလာရင်​ ဖျက်​ပစ်​လိုက်​တဲ့ ကျွန်​မတို့ ​ကျောင်းခန်း​လေးကို လွမ်းမိတယ်​။ မိုး​တွေ သိပ်​ရွာလွန်းရင်​ ကျွန်​မတို့ စာသင်​ခန်း​လေးဟာ ​ရေ​တွေ​ပြည့်​​နေတတ်​​တော့ ​ခြေ​ထောက်​​လေးကို ​ရေထဲချလို့ စာသင်​ခဲ့ကြရဖူးတယ်​။ ​ခြေ​ထောက်​​တွေကို အ​ပေါ်တင်​ဖို့ ဘယ်​လို​ပြောလို့ရမှာလဲ။ အ​ကောင်းဆုံး ​ရွေးချယ်​မှုအ​နေနဲ့ ကျွန်​မတို့ကို ​ကျောင်းပိတ်​​ပေးလိုက်​ရတာပါပဲ..။

အဲ့ဒီ​လောက်​ ​ဆော့ခဲ့ကြတဲ့ သူငယ်​ချင်း​တွေ အဲ့ဒီ​လောက်​ တက်​ညီ လက်​ညီရှိခဲ့ကြတဲ့ သယငယ်​ချင်း​တွေလည်း အခုချိန်​မှာ​တော့ တကွဲတပြား​တွေနဲ့ ဆုံဖို့လည်း ခက်​ကုန်​ကြပြီ..။
ဒါ​ပေမဲ့ ဆုံလိုက်​တိုင်း အဲ့ဒီအ​ကြောင်း​တွေဟာ ​ပြောလို့ မကုန်​နိုင်​ကြ​သေးဘူး။ရယ်​​မောလို့ မဝနိုင်​ကြ​သေးဘူး..။

ကျွန်​မ...
မိုးရွာရင်​ ကျွန်​မတို့ စာသင်​ခန်း​လေးကို လွမ်းတယ်​။ စာသင်​ခန်း​ဘေးက ​လှေ​လှော်​တမ်းကစားကြတဲ့ ​ရေ​မြောင်း​လေးကို လွမ်းတယ်​။ အမြဲတ​စေ ဆရာမလစ်​ချိန်​တိုင်း ဆူညံပွက်​​လောရိုက်​​အောင်​ ဆူညံ​နေတတ်​ကြတဲ့ သူငယ်​ချင်း​တွေကို လွမ်းတယ်​...

မိုးရွာတိုင်း....အခုလို မိုးရာသီ​ရောက်​တိုင်း ​ကျောင်းဖွင့်​ချိန်​​ရောက်​တိုင်း အဲ့ဒီ​နေ့​တွေကို မပျက်​မကွက်​ လွမ်းတယ်​...

I'm ATM.
@ayethatmon
MSU no .021
Photo credit by google image.

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice

ကျေးဇူးပါ

good idea

ကျေးဇူးပါ

Good post

ကျေးဇူးပါ

Good One

Thanks.

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Thanks.

ငယ်ဘဝကို လွမ်းမိပါတယ်ဗျာ

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Msu 034
@zayyarwin

MSU 42