အသစ်တွေ မရှိတော့ပြီလား

in msu •  7 years ago 

စာအုပ်ကောင်းတွေဆို လူတွေညွှန်းကြအြေပာကြတဲ့ စာအုပ်တွေဆိုလည်း လွန်ခဲ့တဲ့ နှစ်ဆယ်စုနှစ်ချီ ရာစုချီအဟောင်းတွေကများ။
စာအုပ်သစ်တွေ ထုတ်တဲ့အထဲက စာအုပ်ကောင်းဟဆိုလည်း သူများဆီက နှစ်ဟောင်းစာအုပ်ကများ။
အများပြည်သူအတွက် ပြော ကြဆိုကြစကားဝိုင်းတွေနာမည်ကြည့်တော့လည်း ယောမင်းကြီး တို့ မဟာပညာကျော် တို့ နာမည်တွေက ခေတ်ဟောင်း နာမည်တွေပေးထား။ မဟာပညာကျော်ဆိုတာ ရှေးခေတ်က ရှင်ဥတ္တမကျော် ကို ဆိုလိုတယ်ထင်တာပဲ။
အသစ်တွေ မရှိတော့လို့ အဟောင်းတွေကိုပဲ လူထု စိတ်ကတပ်မက်နေတာလား။ လူတွေကိုက ခေတ်ဟောင်းကို ပိုတပ်မက်ဖက်တွယ်နေတာလား ဆိုတာကိုတော့ .......။

msu 056a4b77310-b5ee-11e8-81c9-1b431fd718bc-rimg-w526-h295-dcd6d6d6-gmir.jpg

photo credit - https://allevents.in/yangon/ယောမင်းကြီးဇရပ်-talk-show/20002658141217

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice Post

ရှိမှာပါ

အင်းဒါလဲ စဉ်းစားစရာပဲ လူတွေက စာအုပ်အသစ်တွေကို ရှာမဖတ်ချင်တော့တာလား။ ဒါမှမဟုတ် စာအုပ် review ရေးတဲ့သူတွေကပဲ ကောင်းအောင်မရေးနိုင်တာလား။

ဒီ​ခေတ်​ စာ​ရေးဆရာအ​တော်​များများက​ပေါ်ပင်​​တွေပဲလို့ ထင်​တယ်​။ အရင်​စာ​ရေးဆရာ​တွေ​လောက်​ ဖတ်​အား​ရေးအား မ​ကောင်းကြပဲ လူသိများလို့ စာ​ရေးဆရာဖြစ်​လာကြတာနဲ့ တူ​နေတယ်​။ ဒီ​ခေတ်​ထဲက ရသ စာ​ရေးဆရာ​တွေဆိုရင်​ တကယ့်​ရသအား​ကောင်း​ကောင်းကို ​ရေးနိုင်​သူ​တွေကို လက်​ချိုး​ရေလို့ ရ​နေပြီ​လေ..အရင်​တုန်းက စာ​ရေးဆရာ​တွေက ဝမ်းစာပြည့်​တယ်​လို့ ဆိုချင်​တယ်​..အခု​ခေတ်​ကျ​တော့ လူ​တေ်ွက ကြိုက်​လို့ ဖတ်​ကြတာထက်​ လူ့အကြိုက်​ကို လိုက်​​ရေးလာကြတယ်​လို့ပဲ မြင်​မိတယ်​...ကျမအမြင်​ပါ

အသစ်​ဘယ်​​လောက်​​ကောင်း​ကောင်း အ​ဟောင်းကိုမှီမယ်​မထင်​ပါဘူးဗျာ

nice post