SIM Cardလေးတွေအကြောင်း တစ်စေ့တစ်စောင်း
in msu •  6 years ago 
image
Zawgyi Version
image
Photo-Kyaw Zin Win
Unicode Version
ဆက်သွယ်ရေးအခန်းကဏ္ဏမှာ Mobileဖုန်းတွေ တိုးတက်ပြောင်းလဲ လာချိန်မှာတော့ Mobileဖုန်းတွေမှာ ဆက်သွယ်ရေးကွန်ယက်ကို ချိတ်ဆက်ဖို့ SIM cardတွေကို အသုံးပြုလာကြပါတယ်။
Subscriber Identity Module Card လို့ခေါ်တဲ့ SIM cardဆိုတာဟာ smartphoneတွေ mobilephoneတွေမှာ ထည့်သွင်းအသုံးပြုရတဲ့ ပလက်စတစ်ပြား သေးသေးလေးပါပဲ။ ယခုအချိန်မှာတော့ ဒီsim cardလေးတွေဟာ ဈေးပေါပေါနဲ့ ဝယ်ယူရရှိနေတော့ Sim cardလေးတွေကို သတိမမူကြတော့ချေ။
၁၉၉၂ခုနှစ်မှာ ပထမဆုံး Sim cardတွေဟာ ပထမဆုံး digital GSM ဖုန်းတွေနဲ့အတူ ပေါ်ပေါက်လာခဲ့ပါတယ်။ပထမဆုံးSim cardထည့်သွင်းအသုံးပြု၍ရသော GSM mobile phoneကတော့ Nokia ရဲ့ Nokia 1011ဖုန်းပဲ ဖြစ်ပါတယ်။
အစောပိုင် mobileဖုန်းတွေမှာ မူလအစ Full-size အရွယ်အစား Sim cardတွေကို အသုံးပြုခဲ့ကြပါတယ်။ mobileဆက်သွယ်ရေး နည်းပညာတိုးတက်လာသည်နှင့်အမျှ mobile phoneတွေရဲ့ အရွယ်အစားတွေဟာ ပို၍ပို၍ သေးငယ်လာပါတယ်။ သေးငယ်လာတဲ့ mobile ဖုန်းတွေအတွက် Full-size အရွယ်sim cardတွေဟာ ကြီးလွန်း လာသလိုလိုဖြစ်လာပါတယ်။
ဒီပြဿနာကို အဖြေပေးခဲ့တာကတော့ လက်မလက်သည်းအရွယ် Standard-SIM ပဲဖြစ်ပါတယ်။
Standard-SIMတွေကို အချိန်ကြာစွာ အသုံးပြုလာရင်း mobile ဖုန်းတွေဟာ သေသည်ထက်သေးပြီး ပါးသည်ထက်ပါးလာသောကြောင့် ၂၀၀၃ခုနှစ်တွင် Micro-SIMရဲ့ ပုံစံကို ဖန်တီးခဲ့ကြသည်။ သို့ပေမဲ့ တွင်ကျယ် ဈေးကွက်ဖြန့်ဖြူးတာကတော့ ၂၀၁၀ခုနှစ်မှသာ ဖြစ်သည်။
၂၀၁၂ခုနှစ်မှာတော့ ပလက်စတစ်သားမရှိတော့ဘဲ ကြေးပြားတွေပဲ ပါတဲ့ Nano-SIMကို ဖန်တီးခဲ့ကြပါတယ်။
ယခုနောက်ပိုင်းမှာတော့ Electronic Simလို့ပြီး အားလုံးထက်သေငယ်တဲ့ Esimအရွယ်လေးတွေ ဖန်တီးတီထွင်လာကြပါပြီ။ Esimကို အသုံးနည်းပါသေးတယ်။ နောက်ပေါ်တန်ဖိုးများဖုန်းတွေမှာ အသုံးပြုလာပါတယ်။(Esimနဲ့ ပက်သက်ပြီး လေ့လာတင်ပြသွားပါအုံးမည်)
ယခုခေတ် Smartphoneတော်တော်များများမှာတော့ Micro-SIM နဲ့ Nano-SIM တွေကို သာ အသုံးများကြပါတယ်။ အခုချိန်မှာတော့ sim cardတွေဟာ အလွယ်တကူ မိမိလိုချင်တဲ့ အရွယ်အစားကို ရွေးချယ်နိုင်ပါပြီး။ Card Slot သေးရင် သင့်တော်တဲ့sim adaptorနဲ့ အသုံးပြုနိုင်သလို Card Slotကြီးရင် Sim cutterတွေနဲ့ လိုသလို အရွယ်အစားရအောင် အသုံးပြုနိုင်ပါပြီ။
ယခုအချိန်မှာ Sim Cardလေးတွေ ဒီအရွယ်အစားမျိုးလေးတွေ သုံးနိုင်ဖို့ ဆယ်စုနှစ်များစွာ အချိန်ယူခဲ့ရတယ်လို့ သတိမူသင့်သည်။ ။
အမှားပါရင် နားလည်ခွင့်လွတ်စေချင်ပါတယ်။
Photo-Kyaw Zin Win
image
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
Nice sharing
မြန်မာလို ရေးသားတဲ့ နည်းပညာ အကြောင်းတွေဖတ်ရတော့ ဗဟုသုတတွေ တိုးရတာပေါ့ ကျေးကျေး bro
@aggamun