
in msu •  7 years ago 

images (1).png
#zawgyi
@nayhlaingsoe
@MSU_No. 24
#unicode
ပြည်ပကုမ္ပဏီဝန်ဆောင်မှုများ မြန်မာပြည်ဝင်မလာခင် ပြင်ဆင်ထားရန် လိုအပ်ချက်များ
မြန်မာနိုင်ငံသို့ ပြင်ပနိုင်ငံများမှ ဝင်လာခဲ့လျှင် အဆင်မပြေမှု အများအပြားရှိနေကြပါတယ်။ ငွေကြေးဆိုင်ရာတွေအတွက် သေချာခိုင်မာတဲ့အထောက်အထားတွေမရှိသေးသည့်အပြင် ပြည်ပနဲ့ချိတ်ဆက်ခြင်းထက် ပြည်တွင်းဘဏ်အချင်းချင်း ချိတ်ဆက်ခြင်းကို ပြုလုပ်နေသော်လည်း မရရှိသေးပါ။ ဒီအထက်ပိုအရေးကြီးသည့်အချက်ဖြစ်သည့် E-goverment စနစ်အကောင်အထည်ဖော်ဆောင်ဖို့လိုအပ်ပါတယ်။ E-goverment စနစ်ဖော်ဆောင်ရာမှာလည်း မြန်မာစာ၊ အင်္ဂလိပ်စာ နှစ်မျိုးဖော်ဆောင်ရပါမယ်။ မြန်မာစာအနေနဲ့လည်း နိုင်ငံတကာစံသတ်မှတ်သည့် ယူနီကုဒ်စနစ်အသုံးပြုပြီး ဖော်ဆောင်ရမှာဖြစ်သလို အများပြည်သူတွေပါ အသုံးပြုကြရန် အစိုးရမှာ တာဝန်ရှိနေပါတယ်။ နောက်ထပ် အစိုးရနဲ့ပတ်သက်သည့် အကြောင်းအရာတိုင်းမှာ မြန်မာ/အင်္ဂလိပ်နှစ်ဘာသာနဲ့ရှိနေသည့် အချက်အလက်တွေ စတင်ပြုလုပ်ထားသင့်ပါတယ်။ လိပ်စာအတွက် စာတိုက်နံပါတ်၊ အိမ်လိပ်စာတွေကို တစ်နိုင်ငံလုံး ရှိနေအောင် အတိပြု မှတ်ပုံတင်ပြီး နေရာအနှံ ရှာဖွေနိုင်အောင် ပြုလုပ်သင့်ပါသေးတယ်။ ဒီအချက်က အချို့ဒေသတွေမှာ မရှိသေးမတွေ့သေး ရှိနေသော်လည်း မှတ်ပုံမတင်သေးသောကြောင့် ရှာဖွေရမလွယ်ကူသေးပါ။ နောက်တစ်ခုက နိုင်ငံသားစီစစ်ရေးကဒ်ကနေ ID Card အဖြစ်ပြောင်းလဲခြင်းပါ။ ဒီစနစ်ကတော့ E-government ပေါ်မှာအခြေခံနေတော့ နောက်တစ်ဆင့်အနေနဲ့ မဖြစ်မနေပြုလုပ်ရမည့်အချက်ပဲဖြစ်ပါတယ်။ ယခုပြောခဲ့သည့်အချက်တွေကို အခိုင်အမာ အုတ်မြစ်ချနိုင်ပြီးမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ ပြည်ပကုမ္ပဏီများဝင်ရောက်လာလျှင် နေရာပေးနိုင်ရေးတွေကို ပြုလုပ်ရမှာပါ။ ဒီလိုအချက်အလက်တွေ မရှိသေးခင် ကာလကတော့ မြန်မာပြည် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့လည်း မလွယ်ကူသလို အလုပ်အကိုင်အခွင့်အလမ်းဆိုတာလည်း လွယ်ကူမည်မဟုတ်သေးပါ။ ရရှိတဲ့လစာလည်း လုံလောက်ဖို့မဖြစ်နိုင်သေးပါကြောင်း ရေးသားပေးလိုက်ပါတယ်။
@nayhlaingsoe
@MSU_No. 24images (1).png

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နိင်​ငံ​ရေး ဘာသာ​ရေးနဲ့ပတ်​သက်​တာ​တွေမ​ရေးပါနဲbro.
Steemit ကကန့်​သက်​ထားပါတယ်​ခင်​ဗျ။

နိုင်ငံရေး ဘာသာရေး မဟုတ်ဘူးလားလို့

  ·  7 years ago (edited)

မှန်ပ bro ကျွန်တော်လည်း database ကောင်းကောင်း မရှိဘူးလို့ မြင်မိတယ် infrastructure ရောပဲ