ကျွန်တော်တို့ လူဘာကြောင့် သတ်ကြသလဲ

in murder •  7 years ago  (edited)

... ကျွန်တော်တို့လူ့အဖွဲ့အစည်းကို ပြန်မေးသင့်နေတဲ့
မေးခွန်းတစ်ခု ရှိတယ်လို့ ထင်တယ်။
.
အဲဒါကတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းထဲမှာ
ဘာကြောင့် မိသားစုဝင်အချင်းချင်းတွေ ဘာမဟုတ်တဲ့ကိစ္စနဲ့ လူသတ်နေကြလဲ။
.

ဒီအပြုအမှုဟာ
Civilized ဖြစ်ရဲ့လားလို့ တစ်ခါတလေ
ကျွန်တော်သံသယ၀င်မိတယ်။
.
ဖေ့စ်ဘွတ်ခ်မှာ တက်လာတဲ့အမှုတွေကို ကြည့်လိုက်ရင်
ဘာမဟုတ်တာလေးနဲ့ မိသားစုဝင်အချင်းချင်းသတ်နေကြတာတွေ့ရတယ်။
.
၁။ ပိုင်းလုံးချစ်သူက အဆက်ဖြတ်လို့ သတ်ခြင်း
၂။ လက်ဖက်ရည်ဆိုင် လိုက်မထိုင်လို့ သမက်ကို ယောက္ခမက သတ်ခြင်း
၃။ ထမင်းမချက်သည့်ယောက်ျားကို မိန်းမဖြစ်သူက ဓားဖြင့် ခုတ်သတ်ခြင်း
၎။ ပိုက်ဆံမအပ်၍ ယောက်ျားလုပ်သူကို ဓားနှင့်ထိုးသတ်ခြင်း
၅။ အချိန်မီအိမ်ပြန်မရောက်လို့ ယောက်ျားကို မိန်းမမှ ဓားနဲ့ထိုးသတ်ခြင်း
၆။ လင်မယားခြင်း စကားများရာမှ ဇနီးဖြစ်သူက တုတ်နဲ့ရိုက်သတ်ခြင်း
၇။ လင်မယားခြင်း စကားများရာမှာ ဇနီးဖြစ်သူမှ ခင်ပွန်းအား တူဖြင့် ထုသတ်
.
ဒါက မြင်သလောက်ပဲ ရှိပါသေးတယ်။
ဒါလေးကိုပဲ ထောက်ပြီး ကွက်ကွက်လေး ပြောပါ့မယ်။
.
အပေါ်က ဖြစ်ရပ်တွေကိုပဲ ကြည့်ရင် လူသတ်လိုင်စင်ရတဲ့သူတွေ သတ်တာမဟုတ်သလို လူသတ်ခြင်းနဲ့အကျွမ်းဝင်တဲ့သူတွေ သတ်တာလည်း
မဟုတ်ပါဘူး။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကနေ သတ်မိသွားတာတွေပါ။ တင်ကြို ကြံစည်လိုခြင်း မရှိဘူး။
.
လူသတ်ရခြင်းအကြောင်းရင်းက အမျိုးမျိုး ရှိတယ်။
.
ပြင်းထန်စွာ ဒေါသထွက်ခြင်း
၁။ ဒေါသထွက်လွယ်ခြင်း၊ စိတ်ထိန်းချုပ်နိုင်မှု နည်းပါးခြင်း၊
၂။ အာခံလိုသည့်စိတ်ရှိခြင်း၊ စည်းကမ်းချိုးဖောက်လိုစိတ် ရှိခြင်း၊
၃။ ခပ်ကြမ်းကြမ်းတုံ့ပြန်မှ၊ ဘီလူးဆိုင်းတီးပြမှ နားဝင်၊လက်ခံမည်ဟု ယုံကြည်ထားခြင်း။
ဒီခေါင်းစဉ်ကတော့ ဒေါသအိုးတွေအတွက်ပဲ ဖြစ်ပါတယ်။
ဒေါသကြီးတဲ့သူဟာ လူသတ်မှု ပြုနိုင်တဲ့အမျိုးအစား ဖြစ်ပါတယ်။
.
ထိန်းချုပ်မှုများသူများ
ဒေါသကို ကြိတ်ပြီး မျိုချထားတာ များတဲ့သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီလိုလူမျိုးတွေ ပေါက်ကွဲရင်လည်း လူသတ်မိတတ်ပါတယ်။
ဖိလွန်းရင် ကြွလာသလိုမျိုး လူစားပါ။
သူတို့တွေဟာ ဒေါသထွက်ခဲတယ်။ ဒေါသကို ထုတ်ပြခဲတယ်။
စည်းမျဉ်းစည်းကမ်းတွေကိုလည်း အတိအကျ လိုက်နာတယ်။ စောင့်ထိန်းတယ်။
ကိုယ်ကျင့်တရားလည်း ကောင်းမွန်တယ်။ အမြဲတမ်း ငုံခံတယ်။ အားနာတတ်တယ်။ ဒါပေမဲ့ သူတို့ဟာ ထွက်လာတဲ့ဒေါသကို အမြဲတမ်း မျိုချ
နေတတ်တာမို့ အဲဒီဒေါသတွေဟာ စုပြုံလာတဲ့တစ်နေ့ကျရင် လူသတ်တဲ့အထိ
ဖြစ်သွားကြတာပါ။ များသောအားဖြင့် အုံပုန်းတွေ၊ လူရိုးလူအေးတွေဟာ
ဒီအဖြစ်ဆိုးမျိုးကြောင့် လူသတ်မိတတ်ကြတယ်။

နာကျင်နေသူများ
ဒီလိုလူတွေကတော့ လူတွေက သူ့အပေါ် ချနင်းနေတယ်လို့ စိတ်ထဲ
ခံစားနေရသူများပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဝေဖန်မှုကိုလည်း လက်မခံနိုင်ကြဘူး။
သူတို့ဟာ ညည်းညူတတ်ကြတယ်။ သူတို့စိတ်ထဲမှာ မလိုမုန်းတီးစိတ်တွေ ရှိကြတယ်။ အဃာတတွေ ရှိကြတယ်။ မနာလိုစိတ်တွေ ရှိတတ်ကြတယ်။
ဒီစိတ်တွေက သူတို့ကို လူသတ်စေတဲ့အထိ လှုံဆော်လိုက်တာပါပဲ။
.
နာကျင်သွားသည့်သူများ
ဒီလိုလူတွေကတော့ သူတို့မခံနိုင်တဲ့အရာတစ်ခုကို စော်ကားခံရလို့
ဒေါသထွက်ပြီး လက်တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
.
အတ္တကြီးပြီး သတ်ခြင်း
ဒါမျိုးကတော့ အတ္တကြီးတဲ့သူတွေနဲ့ အချစ်ရူး ရူးတဲ့သူတွေမှာ တွေ့ရတယ်။
ငါ့ကိုမှ ပြန်မချစ်တဲ့မိန်းမ၊ ဘယ်သူ့ကိုမှ မချစ်စေရဘူး၊ သတ်မယ်။
တကယ်လို့ ငါ မင်းကို မပိုင်ဆိုင်ရဘူးဆိုရင် ဘယ်သူမှ မင်းကို မပိုင်ဆိုင်စေရဘူး
ဆိုတဲ့ သူတွေပေါ့။ အတ္တစိတ်၊ မရင့်ကျက်တဲ့စိတ်ကနေ ပေါက်ထွက်လာတဲ့ဒေါသနဲ့ သတ်မိတဲ့ လူသတ်သမားတွေပေါ့။
.
သ၀န်ကြောင်ပြီး သတ်ခြင်း
ဒါကတော့ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ် သ၀န်ကြောင်လွန်းပြီး
သတ်တဲ့ သတ်ခြင်းမျိုးပါ။ ငါ့ကိုများ သစ္စာဖောက်နေသလားဆိုတဲ့ မယုံကြည်မှုတွေ၊ သံသယတွေ လွန်ကဲပြီး သတ်မိတဲ့ လူသတ်ခြင်းမျိုးပါ။
.
ရူးပြီး သတ်ခြင်း
ဒါမျိုးကတော့ ရှားတယ်။ အမှန်နဲ့အမှားကို မသိဘူး။
ငယ်စဉ်က အနိုင်ကျင့်ခံခဲ့ရတဲ့သူတွေမှာ တွေ့ရလေ့ရှိတယ်။
ဟိုတစ်လောက ကျွန်တော်တင်ဖူးတဲ့ လိင်တူချစ်သူမိန်းမက ခေါင်းဖြတ်သတ်သလိုပေါ့။
သူတို့စိတ်ထဲမှာ လူသတ်ခြင်းဟာ မှားတယ်လို့ မခံယူဘူး။
လူသတ်နေချိန်မှာလည်း စိတ်ထဲ ဘာမှကို မခံစားရဘူး။
အဲဒီလို လူတွေပေါ့။
.
နောက်ဆုံးတစ်မျိုးကတော့
လက်စားချေခြင်လို့၊ လူတွေ တန်ဖိုးထား၊အာရုံစိုက်တာ မခံရတာမို့
လူတွေရဲ့ အသိအမှတ်ပြုမှုတစ်ခုခုကို လိုချင်လို့၊
မနာလိုစိတ်တွေ များနေလို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားရလို့၊
စတဲ့ ခံစားချက်တွေနဲ့ သတ်တာပါ။
.
.
ဒီတော့ ကျွန်တော်တို့ သတ္တုချုပ်လိုက်မယ်ဆိုရင်
.
#ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဘယ်ခေါင်းစဉ်နဲ့ လူသတ်မှုများနေသလဲ။
.
#What happened?
#What was the motive?
#Why did it happen?

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!