မင်္ဂပါရှင်
ကျမဒီနေ့ အတွက် ကြက်ဥမကျည်းမှည့် ချက်နည်းလေးပြောပြချင်ပါတယ်။ပါဝင်းပစ္စည်းလေးကတော့ ကြက်ဥ ၃လုံး ဆားအနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် နနွင်းအနည်းငယ် မကျည်းမှည့် အနည်းငယ် ငါးပိအနည်းငယ် ငရုပ်သီးအလော်မှုန့်  အနည်းငယ် အစပ်မထည့်လည်းရပါတယ် ဆီအနည်းငယ် ကြက်သွန်နီတစ်ဥ
ပထဆုံးကြက်ဥပြုတ်ပါမယ် ။ကြက်ဥပြုတ်နေစဉ်မှာ မကျည်းမှည့်ကို ရေနွေးလေးနည်းနည်းနဲ့စိမ်ထားရပါမယ် ။ ကြက်ဥပြုတ်ပြီးပြီးဆိုရင် အခွန်ံခွာ ရပါမယ် ပြီးရင် ၂ ခြမ်း ခြမ်းပါမယ် ။ ကြက်သွန်နီကိုနွာ ပြီး ပါးပါးလှီးရပါမယ် ။ဆီအိုးစတည်ပါမယ် ဆီအနည်းငယ်ထည့်ပါမယ် ။ဆီအများကြီးမထည့်ပါဘူးနော် ကျန်းမာရေးနဲ့ညီညွှတ်အောင်လို့ ပါနော်။
ဆီပူလာပြီဆိုရင် စောစောကပါးပါးလှီး ထားတဲ့ကြက်သွန်နီတွေကို ထည့်ပြီးဆီငွေ့သတ်ပါမယ်။ ကြက်သွန်နီးလေးနွန်းလာပြီဆိုရင် နနွငိးမှုန့် အနည်းငယ်ထည့်ပါမယ်။ ရွှေရေင်သန်းလာပြီဆိုရင် စောစောက စိမ်ထားတဲ့မကျည်းမှည့်ကို လက်လေးနဲ့ပစ်ပစ်လေးဖြစ်သွားအောင် နယ်ပေးရမယ် ရလာတဲ့မကျည်းမှည့်အနစ်တွေကို ထည့်ချက်ပါမယ် မကျည်းစေ့လေးတွေ အဖတ် ကလေးတွေကိုတော့ထည့်မချက်ရဘူးနော် လွတ်ပစ်ရပါမယ်။ ငါးပိအနည်းငယ် ထည့်မယ် ဆားအနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ငရုပ်သီးမှုန့် အနည်းငယ်ထည့်ပြီးမွှေပေးရပါမယ် ဟင်းအနစ်ကလေးတွေဖြစ်လာပြီဆိုရင် ခြမ်းထားတဲ့ ကြက်ဥလေးတွေထည့်ချက်ရပါမယ် ။
ကြက်ဥခြမ်း ထည့်တဲ့အခါမှာ ပလက်လေးထညိ့ပေးရပါမယ် ဟင်းအိုးကိုမီးခန ပိတ်ထားပါနော် စီစီရီရီလေးထည့်နေချိန်မှာ မီးမပိတ်မထားဘူးဆိုရင် တူးသွားတာ လက် ဆီပူလောင်တာ ဖြစ်တတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။ ထည့်ပြီးပြီးဆိုရင် မီးပြန်ဖွင့် အနစ်ကလေးတွေကို ကြက်ဥ အခြမ်းလေးတွေပေါ်တင်ပေးရမယ် နော် ဒါမှလည်းအရသာက ဝင်မှာပါ ၁မိနစ်လောက်ဆို အရသာရှိပြီး စားလို့ ကောင်းတဲ့ မကျည်းမှည့် ကြက်ဥဟင်း ကိုရရှိပါပြီ။
ပုံမှာပြသထားတဲ့ ကြက်ဥလေးက ၅ခြမ်းပဲပါတယ် ။တခြမ်းကကျမမြည်းလိုက် လို့ ပါ။
write khinzarwin
စားချင်လာပြီနော် ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စားလေကျွေးပါတယ် ဟီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit