myammar poem life mother

in myammar •  7 years ago 

<သင်းကွဲဌက်ရဲ့အိမ်အပြန်>
ယိုင်​နဲ့နဲ့ဓနိမိုးအိမ်​အို
ခ​ရေပင်​ငယ်​နဲ့စပယ်​အုံဝန်းရံလို့
အ​ဖေ..ထာခဲ့တဲ့အိမ်​​လေး..
နွေး​ထွေးစွာ...ကြီးပြင်းခဲ့တဲ့ဌက်​တစ်​​ကောင်
အ​တောင်​​တေစုံ၊​လေဟုန်​ကိုဆန်​ဖို့
အ​မေနဲ့အိမ်​အိုကို​...ကျောခိုင်းထွက်​ခွာ
ဆေး​ရောင်​စုံ​တေကြားမှာ​ပျော်​​မွေ့ရင်း
ဆယ်​စုနှစ်​..တစ်​ခု​တောင်​ကြာ​ပေါ့..
ဆိုးတခါ​ကောင်းတလှည့်​နဲ့...
ဘဝမြစ်​ပြင်​ကျယ်​ဝယ်​..
အ​မော​ပြေစရာ...​အေးရိပ်​ရယ်​မ​တွေ့ခဲ့ချိန်​..
အ​မေ့ရင်​​​..​ကျောခိုင်း​မေ့တဲ့သားမိုက်
အ​မေ့..ကိုလွမ်းတမ်းတမိတာ..
နောင်​တ​တေအခါခါနဲ့​ပေါ့...
ပြန်​လာခဲ့မယ်​...အားတင်း
အ​မေ..ရှိရာမှန်းရွယ်​ရင်း..
သားမိုက်​တစ်​​ယောက်​..အိမ်​အပြန်​လမ်းဟာ
တောင်​စွယ်​မှာ..​နေဝင်​လို့
မိုးချုပ်​ညအ​မှောင်​လွှမ်းခဲ့ပီ..အ​မေ..

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!