မင်္ဂလာပါခင်ဗျာ steemit အသုံးပြုသူမိတ်ဆွေအပေါင်းတို့ခင်ဗျ
သိသမျှ ဗဟုသုတလေးတွေမျှဝေပေးပရစေ
တစ်နေ့ထက်တစ်နေ့ ဘီလီယံပေါင်းများစွာ Android and ios ထုတ်ကုန်များကိုအသုံးပြုနေကြပါသည်။ အသုံးပြုသည့်အခါမှာလဲ လူတိုင်း ဘက်ထရီ အားဖြည့်သည့်ပြသနာတွေ့ကြုံနေရပါသည်။
Android mobile operating System ကတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်လျှင် အား သုံးစွဲမှု အများဆုံးဖြစ်ပါသည်။ ပျမ်းမျှတွက်ကြည့်မယ်ဆိုလျှင် ဖုန်းတစ်လုံးရဲ့ ဘက်ထရီဟာ ၇ နာရီကနေ ၈နာရီထိ အား သက်တမ်း ခံပါသည်။
ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်လဲ ရေရှည်အားသက်တမ်းခံ မခံဆိုတာကို မ၀ယ်ယူသေးခင်မှာ သေသေချာချာ စစ်ဆေးရမဲ့ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျာ သို့ပေမဲ့ သုံးစွဲသူဘက်ကလဲ အဆိုပါ Device ရဲ့ဘက်ထရီ သက်တမ်းကိုကြာရှည်ခံနိုင်သမျှ ခံနိုင်အောင်လို့ ရှောင်ကြဉ်ရမယ့် အချက်လေးတွေနဲ့ လုပ်ဆောင်ရမဲ့နည်းလမ်း လေးတွေကို steemit user တွေအတွက် မျှဝေပေးခြင်ဖြစ်ပါသည်။
Steemit user မိတ်ဆွေ တို့ မိမိရဲ့ smart phone ကိုအားသွင်းတော့မည်ဆိုပါက smart phone ၀ယ်ယူသည့်အခါပါဝင်သော မူလ original အာသွင်းကြိုးနဲ့သာ အားသွင်းတာဟာအကောင်းဆုံးပါပဲ
တခါတစ်လေ မိတ်ဆွေတို့အိ အာသွင်းကြိုး မေ့ခဲ့လို့ အခြားဖုန်းအားသွင်းကြိုးနဲ့ အာသွင်းမည်ဆိုပါက
ဘက်ထရီရဲ့ သက်တမ်းကိုထိခိုက်စေပါသည်။
မဖြစ်မနေအသုံးပြုရမည်ဆိုပါက ၎င်း အားသွင်းကြိုးရဲ့ Output Voltage(V)နဲ့ လက်ရှိ Ampere ကိုသေချာစစ်ဆေးပြီးမှအသုံးပြုသင့်ပါသည်။
အာသွင်းနေစဉ် သင့်ဖုန်းကဲ့Coverကို ဖြုတ်ထားသင့်ပါသည်။
ကျွန်တော်တို့ နေ့စဉ် ဖုန်းအားသွင်းတဲ့အခါမှာ ဖုန်းက အနည်းငယ်ပူနွေးလာတာကို သတိထားမိကြာပါလိမ်မယ် မိတ်ဆွေ
ဒါကြောင့် အားသွင်းတဲ့အခါမှာ ဖုန်းမှ ဖုန်းအုပ်ထားတဲ့ Cover ကို ဖယ်ရှားပြီးမှ အာသွင်းတာဟာအကောင်ဆုံးဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့သင့်ဖုန်းရဲ့Cover ဟာ ဖုန်းရဲ့ အပူချိန်ကိုမြင့်တက်စေပါတယ် မိတ်ဆွေ
တစ်ညလုံးဖုန်းအားသွင်းခြင်းကိုရှောကြဉ်ပါ။
ဖုန်းသုံးဆွဲသူတော်တော်များများဟာ ညဘက် ဖုန်းကို အလွန်အကျွံ အားသွင်းကြတာတွေ့ရပါတယ်။ ဒီလိုအပြုအမူမျိုး မပြုလုပ်သင့်ပါဘူး
လိုတာထက်ပိုပြီး တစ်ညလုံးအားသွင်းတာဟာ ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို ထိခိုက်စေနိုင်ပါသည်။ဒါ့အပြင် အပူခိန်လွန်ကဲပြီးပေါက်ကွဲတာမျိုး ရှော့ဖြစ်တာမျိုး ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်းဖုန်းရဲ့အားကို မိတ်ဆွေတို့သုံးဖို့ လုံလောက်ပြီဆိုလျှင် အာသွင်းမျှကို ရပ်တန့်လိုက်ပါ။
ဘက်ထရီနဲ့ပက်သက်တဲ့ Third Party App များအသုံးပြုများကိုရှောင်ကြဉ်ပါ။
Smart phoneအသုံးပြုသူများဟာ ဖုန်းရဲ့ ဘက်ထရီ အားပိုခံတယ်ထင်ပြီး Power Management app များကိုအသုံးပြုတက်ပါသည်။
ဘက်ထရီရဲ့ အားသက်တမ်းကို ပိုမိုကောင်းမွန်ပြီး ကြာရှည်ခ့တယ်ဆိုပြီး ကြေညာတဲ့ Applications များကို Google play မှာအလွယ်တကူရရှိနိုင်ပါတယ်။တကယ်တော့ ဒီ App တွေဟာ ဖုန်းရဲ့ ဘက်ထရီ အားကို ကြာရှည်ခံတယ်လို့ကြေညာထားပေမဲ့ ဖုန်းအားပိုကုန့မှုကိုသာဖြစ်စေပေါ်စေပါသည်။
မိတ်ဆွေတို့ရဲ့ ဖုန်း အားကို ၈၀%ထိသာ အားဖြည့်တာဟာအကေားဆုံးဖြစ်ပါသည်။
ပုံမှန်အားဖြင့် ဘက်ထရီသက်တမ်း ဟာ ၈၀% ဆိုရင် သင့်တစ်နေ့တာအသုံးပြုဖို့ လုံလောက်ပါသည်။ဒီထက်ပိုပြီး အားသွင်းရင်တော့ ဘက်ထရီဟာ အပူချိန်လွန်ကဲမှုကို ဖြစ်စေပြီး ဘက်ထရီရဲ့ သာမန်အားခံနိုင်တဲ့ နှုနှုန်းထက်လျှော့ကျစေနိုင်ပါသည်။
မိမိ၏ ဖုန်း ကို အားခနခန သွင်းခြင်းပိုရှောင်ကြဉ်ပါ ။
တချို့ဖုန်း သုံးစွဲတွေဟာ ဖုန်း ဘက်ထရီ အားကုန်မှာကို စိုးရိမ်ပြီး အား ၅၀%ကျန်တာနဲ့အားကို ခနခနသွင်းတက်ပါသည်။
ဒီလိုလုပ်တာဟာ အကောင်းဆုံးအရာတော့မဟုပါဘူး။
ပုံမှန် ၂၀%လောက်ကျန်မှ အားသွင်းတာဟာအကောင်းဆုံးပါ။
သုတေသန ပညာရှင်များရဲ့ လေ့လာချက်အရ မလိုအပ်ပဲ အားခနခန သွင်းတာဟာ ဘက်ထရီရဲ့ သက်တမ်းကို ထိခိုက်စေပါတယ်လို့ ဆိုထားခြင်းဖြစ်ပါသည်။.
Esteem user အလုံး ကျွန်တော်သိသလောက် ဗဟုသုလေးတွေကတော့ ဒ်ီလောနဲ့ပဲ ခစ်တရပ်နားခွင့်ပြုပါအုံး
Steemi user အားလုံးကျန်းမာ ချမ်းသာကျပါစေလို့ ကျွန်တော်စုတောင်းလိုက်ပါသည် ။ပိုမိုအောင်မြင်သောဘ၀ကိုပိုင်ဆိုင်ကျပါစေ။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!