"ရည်းစားဟောင်းကို ချစ်လား"
"အင်း" လို့ဖြေတော့ သူမျက်နှာပျက်သွားတယ် ..
ဆက်မေးတယ်
"အခုထိရောချစ်နေတုန်းလား"
"ဟင့်အင်း မချစ်တော့ပါဘူး"
"သူ့ကိုအရမ်းချစ်ဖူးတာပဲလား"
"အင်း ဟုတ်တယ်"
သူစိတ်ဆိုးသွားတယ်
"စိတ်ဆိုးသွားတာလား "
"မဟုတ်ပါဘူး"
မဟုတ်ပါဘူးပြောနေပေမယ့် သူ့မျက်နှာပျက်သွားတာ သိတာပေါ့ ကိုယ်က သူ့မျက်နှာ အရိပ်အချေ ကြည့်နေတတ်တဲ့သူပဲ
"ဘာလည်း ရည်းစားဟောင်းကိုချစ်တယ်ပြောတာ မကြိုက်ဘူးလား" ဆိုတော့ မျက်နှာမဲ့ပြီးပြန်ဖြေတယ်
"မဟုတ်ပါဘူး ဒီလိုပါပဲ"တဲ့
"ပြောပြမယ် ငါက လူတစ်ယောက်ကိုမချစ်ပဲ ချစ်တယ် ပြောတတ်တဲ့သူမျိုးမဟုတ်ဘူး ... လူတစ်ယောက်ကိုချစ်ပြီဆိုရင် အရမ်းချစ် အရမ်းဂရုစိုက်ပြီး သ၀န်တိုတတ်တယ် .. ငါသိတယ် မချစ်ပါဘူးပြောရင် နင်ပျော်မယ်မှန်း ... ဒါပေမယ့် နင်စဉ်းစားလေ မချစ်ပဲနဲ့ လူတစ်ယောက်ကိုတွဲတဲ့သူကို နင်ယုံမှာလား ... နင့်ကိုလည်း မချစ်ပဲတွဲတာဖြစ်မနေနိုင်ဘူးလား ... ငါက အရမ်းချစ်မှချစ်တယ်ပြောတတ်သလို ... ဘယ်လိုမှမဖြစ်နိုင်လို့ လမ်းခွဲမယ်ပြောမှ လမ်းခွဲတတ်တဲ့သူမျိုး .. အာ့တော့ ငါအရင်ရည်းစားကို ချစ်တယ်ပြောလို့ စိတ်မဆိုးပါနဲ့ ... ငါလွမ်းနေသေးတယ် သတိရနေသေးတယ်ပြောမှ စိတ်ဆိုးပါ ... ငါက တစ်ကယ်ချစ်တတ်တဲ့သူမျိုးမို့လို့ပါ ... "😔