Youtube နဲ့ Netflix ကို မျက်ခုံးလုပ်စေမယ် Facebook ရဲ့ “Watch”

in myanamr •  7 years ago 

images.jpg
Video နဲ့ ပက်သတ်ပြီး Facebook တစ်ခုခုလုပ်တော့မယ်ဆိုတာ ကျွန်တော်တို့ အားလုံး သတိထားမိနေကြမှာပါ။ Facebookဟာ Video Content တွေကို Reach ပိုပေးနေတာလည်း အတော်ကြာပါပြီ။ Facebook ဟာ တဖြည်းဖြည်းနဲ့ Video ဈေးကွက်ကို သိမ်းပိုက်ဖို့ ကြိုးစား
နေသလို အခြား Content ပိုင်းတွေကိုလည်း သူ့ရဲ့ Facebook ပေါ်ရောက်အောင် Instant Article နဲ့ ရွှေ့နေပါတယ်။ လွန်ခဲ့တဲ့ ၂ရက်က
Speedကောင်းတဲ့ ဝက်ဘ်ဆိုဒ်တွေကိုပဲ Newsfeed မှာ ဦးစားပေးပြပေးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သဘောက Speed နှေးပြီး အဝိုင်း လည်နေတဲ့ ဝက်ဘ်ဆိုဒ်မျိုးဆို သိပ်မပြပေးတော့ဘူးပေါ့။ ပြီးတော့ တစ်နည်းအားဖြင့် Website Link တွေ မသုံးနဲ့တော့။ ငါ့ Instant Article ပဲသုံးပါလို့ သွယ်ဝိုက်ပြီး ပြောလိုက်သလိုပါပဲ။ လူတွေကလည်း Facebook ပေါ် အကုန်ရောက်နေတော့ Publisher တွေလည်း
တဖြည်းဖြည်း Instant Article မဖြစ်မနေ သုံးလာရဖို့ရှိပါတယ်။ ဒါတင်မကဘူး အခု “Watch” ဆိုတဲ့ Service အသစ်နဲ့ Youtube တို့
Netflixတို့ကို မျက်ခုံးလှုပ်စေခဲ့ပြန်ပါပြီ။

August 9ရက်နေ့ကပဲ Watch ကို စတင်လိုက်တာဖြစ်ပါတယ်။ Mobile & Desktop Facebookနဲ့ TV apps ပေါ်မှာ Video Tab တစ်ခု
အနေနဲ့ ပါလာတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ TV shows တွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အခုလတ်တလောမှာ Watch Service ကို USမှာပဲရပါသေးတယ်။ USမှာတောင် နေရာတိုင်း မရသေးပါဘူး။ လူတွေအနေနဲ့ မိမိနှစ်သက်တဲ့TV show တွေကို Facebook ပေါ်မှာ
အလွယ်တကူ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Watch မှာ “Watchlist” ဆိုတာလေးပါပြီး အဲ့ဒီထဲမှာ မိမိကြိုက်နှစ်သက်တဲ့ Show တွေကို မှတ်ထားလို့ရပါတယ်။ “Most Talked About”
လူပြောများနေတဲ့ Show၊ “What Making People Laugh” ဆိုတဲ့ အရယ်ရဆုံး Show (Haha အများဆုံးရထားတဲ့ Show)၊ “What Friends Are Watching” ဆိုတဲ့ သူငယ်ချင်းတွေ ကြည့်နေတဲ့ Show များ၊ စသည်တို့ပါဝင်လာပါတယ်။ ဒါ့ကြောင့် Video တွေကိုရှာဖွေ
ရာမှာလည်း လွယ်ကူလာမှာ ဖြစ်ပါတယ်။

တစ်ခုကောင်းတာက Show တွေကြည့်ရင်းနဲ့ Live ကြည့်နေသလို Comment တွေလည်း ပေးနိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့်
ဝါသနာတူတွေတွေ့သွားရင် Group တွေထောင်ပြီး Show အကြောင်း ဆက်ပြောလို့ရမှာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြားဗီဒီယို
Show တွေနဲ့အတူ အားကစားတွေပါ ရောက်လာဖို့ရှိပါတယ်။ လတ်တလောမှာတော့ အမေရိကန်မှာတောင် လူအနည်းငယ်ပဲ “Watch” ကို သုံးလို့ရပါတယ်။ တဖြည်းဖြည်းနဲ့တိုးပြီး ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ Publisher တွေကိုလည်း အနည်းငယ်ပဲ ကန့်သတ်ထားပြီး နောက်မှ ပိုမိုခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
Source: newsroom.fb.com

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!