Ethic

in myanmar •  7 years ago 

အမှားပြုပြင်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး လို့ ကျွန်တော် ခံယူမိပါသည်။
ဒီနေ့ မှားမှန်းသိရင် ဒီနေ့ပဲ နောက်ဆုတ်လိုက်တာ အကောင်းဆုံးပါ။
တစ်ခါတစ်ရံ ကျွန်တော်တို့သည် လုပ်ကိုင်ဆောင်ရွက်နေကျ တွေ့နေကျ မြင်နေကျ အတိုင်း တွေးတောလုပ်ကိုင် ပြုမူ နေထိုင် ကြလေ့ရှိသည်။
သင့်လျော်၏ မသင့်လျော်၏ မှန်၏ မမှန်၏ မစဉ်းစားမိကြပေ။
ထို့ကြောင့် ကျွန်တော်တို့ပြုမူ ဆောင်ရွက်သမျှသည် လွဲမှားနေတတ်၏။
ထိုလွဲ မှားမှုကို အမှန်တရားဟု ခံယူကာ ပွေ့ပိုက်ထားကြသည်။
ကမ္ဘာ ကြီးကို ပြောင်းလဲပစ်မည်ဟု ကြွေးကြော် ရင်း ကမ္ဘာ ကြီးကပဲ ကျွန်တော်တို့ကို ပြောင်းလဲပေးခဲ့သည်။
အများ မိုးခါးရေ သောက်တိုင်း ကျွန်တော် တို့ မသောက်မိဖို့တော့ လိုပါတယ်။
မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
သတိထား ရှောင်ကြဉ် ရမည် ဖြစ်ပါသည်။

ဒီနေ့ ကျွန်တော် ဖတ်မိလိုက်တဲ့ စာလေးတစ်ပိုဒ်က အတွေးများစွာ ပွားစေတာကြောင့် အောက်ပါစာပိုဒ်ကို steemit မှာ ရေးမှတ်ထားလိုက်ပါသည်။

တရားကို တေးဆို ၊ အဖေကိုသားကဆဲ
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊
ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊

ပညာရှင်ကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက် ၊
ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊
အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလယ် ကို့ယို့ကားယား ၊
အမျိုးသမီးကောင်းက ပိုက်ဆံရှာ
အပျိုမဖြစ်ခင်က ရည်းစားထား ၊
ဆင်းရဲသားက သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ လူရိုသေ ၊
လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊
အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်

ပွဲသဘင်ပါမှ အလှူဖြစ် ၊
စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊
သူတော်စင်ကို ပယ်၍ထား

ကြွေးပေးသူက ကျွန်နဲ့တူ ၊
ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊
ရွှေကပ်သည့်ဘုရားမှ လူရိုသေ

အဖေ အမေက ကျွန်နဲ့တူ ၊
သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊
မိမိကိုယ်တော့ အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊
ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်
သူတော်ကောင်းတို့
တရားပျက်ကြလေပြီ ။

CrdးMyint Thein
source link : abc.sakawar.com/uncategorized/ရှေးလူကြီးများပြောခဲ့ေ/


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good post👍

ကျေးဇူး bro,ရေ သိရတဲ့ အတွက်

ဟုတ် bro ကျွန်တော်လည်း fb မှာ တွေ့လိုက်လို့ share လုပ်တာပါ

မှတ်သားစရာပါ