HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၃ HIV/ AIDS (Q&A Part-3)

in myanmar •  7 years ago  (edited)

HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၃

မေး ။ ကျွန်​​တော်​ဟာ စက်​ရုံတစ်​ရုံမှာ အလုပ်​လုပ်​လျက်​ရှိတဲ့ လုပ်​သားတစ်​ဦးဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့ အလုပ်​သမား​တွေထဲမှာလည်း HIV ​ရောဂါရှိတဲ့သူ​တွေရှိနိုင်​ပါတယ်​။ တကယ်​လို့ အဲဒီအလုပ်​သမား ထိခိုက်​ဒဏ်​ရာရရှိသွားပြီး၊ ​သွေးထွက်​သံယိုဖြစ်​ခဲ့လျှင်​ ထို​သွေးက အခြားအလုပ်​သမားတစ်​ဦးဦးကို မ​တော်​တဆထိမိ၊ ကိုင်​မိပြီး ဒုတိယအလုပ်​သမားရဲ့ လက်​တွင်းရှိ​သော အနာတစ်​ခုခုမှတစ်​ဆင့်​ HIV ပိုးကူးစက်​ခံရနိုင်​ပါသလား။

images_1507731466606.png

ဖြေ ။ ပထမလူ ထိခိုက်​မိလို့ ​သွေး​ပေသွားတဲ့ သံတိုသ့စကို ဒုတိယလူက ထပ်​ထိမိရင်​​ရောဂါပိုး ကူးနိုင်​မကူးနိုင်​ဆိုတာက စူးဝင်​သွားတဲ့အခါ အဲဒီဆူးဟာ ဘယ်​​လောက်​ကြီးသလဲအ​ပေါ်မှာ မူတည်​ပါတယ်​။ အပ်​လိုဟာမျိုးစူးသွားတာဆိရင်​​တော့ အဲ့ဒီအပ်​မှာ​ပေ​နေတဲ့ ​သွေးကတစ်​ဆင့်​ ကူနိုင်​တာ​ပေါ့။ များ​သောအားဖြင့်​ မ​တော်​တဆထိခိုက်​ဒဏ်​ရာရမှုက​နေ ကူးစက်​နိုင်​တဲ့ ဖြစ်​နိုင်​​ချေက ၀.၃% ​လောက်​ရှိပါတယ်​။ လူ ၁ထောင် မှာ ၃​ယောက်​​လောက်​​တော့ကူးတတ်​ပါတယ်​။ ဘာ​ကြောင့်​အပ်​က​နေတစ်​ဆင့်​ ကူးစက်​တာနည်းသလဲဆို​တော့ လူရဲ့အ​ရေပြားမှာအလွာအများကြီးရှိတယ်​။ အပ်​က Elastic Fiber Layer ကြီးကိုဖြတ်​ပြီးမှ အသားထဲကို​ရောက်​တာဆို​တော့ Elastic Fiber ​တွေကအပ်​မှာကပ်​​နေတဲ့​သွေး​တွေကိုညှစ်​ပြီး ဖယ်​လိုက်​သလိုဖြစ်​​တော့ အသားထဲကိုဝင်​သွားတာ နည်းသွားတယ်​။ ဒါ​ကြောင့်​မို့ အ​ခေါင်းမပါတဲ့ အချွန်​နဲ့စူးလို့ရှိရင်​ များ​သောအားဖြင့်​ ​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ ကူးစက်​နိုင်​မှု အလားအလားသိပ်​မရှိပါဘူး။ ဒါ​ပေမယ့်​ အ​ခေါင်းပါတဲ့​ဆေးထိုအပ်​လိုဟာမျိုး အသားထဲဝင်​သွားရင်​ သူကအလယ်​မှာ အ​ခေါင်း​ပေါက်​ပါ​တော့ အ​ခေါင်း​ပေါက်​ထဲမှာ​သွေးက​နေနိုင်​တာကိုး။ အဲတာမျိုးဆိုရင်​​ဆော့ နည်းနည်းသတိထားရပါမယ်​။ အချွန်​အတက်​ပါတဲ့ပစ္စည်းနဲ့ စူးမိလို့ရှိရင်​​တော့ ဖြစ်​ဖြစ်​ချင်းမှာ Local Management လို​ခေါ်တဲ့ ဖြစ်​တဲ့​နေရာကို ​ဆပ်​ပြာနဲ့​ရေ နိုင်​နိုင်​​ဆေး​ပေးပါ။ အဲတာဆိုရင်​ ​တော်​ရုံတန်​ရုံ ဗိုင်းရပ်​(စ်​)ပိုးက အဲဒီဟာနဲ့​တွေပြီး ​သေသွားနိုင်​ပါတယ်​။ ပိုးကူးစက်​ခံရမှုဟာ အထဲကိုဝင်​သွားတဲ့ ပိုးပမာဏ​ပေါ်မူတည်​ပါတယ်​။ အဲဒါက​တော့ ဝင်​သွားတဲ့ဆူးဟာ လုံးပတ်​ဘယ်​​လောက်​ကြီးတယ်​၊ အဲဒီဆူးမှာ​ပေ​နေတဲ့​သွေး ဘယ်​​လောက်​များသလဲပ်ါမူတည်​တာ​ပေါ့။ အဲဒီလိုဖြစ်​သွားရင်​ ကူးစက်​ခံရနိုင်​တဲ့ အန္တရာယ်​ဘယ်​​လောက်​ရှိတယ်​ဆိုတာ ခန့်​မှန်းတိုင်းတာခြင်းဆိုတဲ့ Risk Assessment ဆိုတာလုပ်​ရပါတယ်​။
images_1507731466915.jpg

အဲ့တာက​တော့ ဘယ်​လိုဟာမျိုးက​တော့ အန္တရာယ်​ရှိတဲ့ အလားအလာ၊ အလယ်​အလတ်​ရှိတယ်​၊ ဘယ်​လိုဟာမျိုးက​တော့ အန္တရာယ်​ရှိတဲ့ အလားအလာနည်း​တယ်​ စသည့်​ဖြင့်​​ပေါ့။ အန္တရာယ်​ရှိတဲ့ အလားအလာများတယ်​ဆိုရင်​ ဗိုင်းရပ်​(စ်​)ပိုးပွားများမှုကို ဟန့်​တား​စေတဲ့ ​ဆေးတိုက်​တာ​တွေရှိပါတယ်​။ သို့​သော်​မ​သောက်​ခင်​မှာ အ​ခြေံဆန်းစစ်​မှုလုပ်​ရမယ်​။ တတ်​ကျွမ်းနားလည်​တဲ့သူနဲ့ ​ဆွေး​နွေးအကြံ​ပေးမှု ခံယူရပါမယ်​။ မူလကတည်းက HIV ပိုးကူးစက်​မခံထားရမှ ​သောက်​လို့ရပါမယ်​။ များ​သောအားဖြင့်​ အလုပ်​ခွင်​မှာ ဥပမာ အထည်​ချုပ်​စက်​ရုံလိုဟာမျိုးမှာဆိုရင်​ အပ်​စူးတာဖြစ်​​ကောင်းဖြစ်​နိုင်​တယ်​။ ဒါကလည်း အပ်​မှာ​ပေ​နေတဲ့​သွေးက မ​ခြောက်​ခင်​ ​နောက်​တစ်​​ယောက်​ကို ချက်​ချင်းစုးသလားဆိုတဲ့အ​ပေါ်မူတည်​ပါတယ်​။ သီအိုရီအရ စဉ်းစားကြည့်​ရင်​ ​သွေးမ​ခြောက်​ခင်​မှာစူးရင်​ အန္တရာယ်​ရှိပါတယ်​။ အဲဒီလိုဖြစ်​လာရင်​ ဘယ်​လိုစူးခဲ့တယ်​ဆိုတာကို ဆန်းစစ်​ဖို့လိုပါတယ်​။ အ​ရေးအကြီးဆုံးက ထိခိုက်​ဒဏ်​ရာရလာရင်​ ဒဏ်​ရာရတဲ့​နေရာကို ဆပ်​ပြာနဲ့ ​ရေနိုင်​နိုင်​​ဆေးရင်​၊ အရက်​ပျံနဲ့ ပွတ်​လိုက်​ရင်​​ရောဂါ​တော်​​တော်​များများမရနိုင်​ပါဘူး။

images(2)_1507731467091.jpg

ဒါကို စိတ်​မချလို့ ထိခိုက်​ဒဏ်​ရာရပြီး​နောက်​ ARV ​ဆေး​ပေးဖို့က​တော့ ​ဆေးဘက်​ဆိုင်​ရာဝန်​ထမ်း​တွေက လိုအပ်​ရင်​​ပေးတယ်​။ အ​ကောင်းဆုံးက​တော့ ဒီ​ဆေး​တွေကိုဖြစ်​ဖြစ်​ချင်း ၄နာရီအတွင်းမှာ​သောက်​ရင်​ အ​ကောင်းဆုံးပါပဲ။ ၇၂နာရီ​ကျော်​ရင်​ ​ဆေးကအာနိသင်​မရှိဘူး။ အများစုက​တော့ ၂၄နာရီအတွင်းမှာ ရ​အောင်​​သောက်​ရမယ်​။ ဒါ​တောင်​ရာနှုန်းပြည့်​ ကာကွယ်​နိုင်​မှာတာ​တော့မဟုတ်​ပါဘူး။ ကိုယ်​ထဲကိုဝင်​လာတဲ့ ဗိုင်းရပ်​(စ်​)ပိုး အ​ရေအတွက်​ကို ​ဆေးနဲ့ပြန်​ချ​ပေးတာ၊ ဘာဖြစ်​လို့ရာနှုန်းပြည့်​ ကာကွယ်​နိုင်​တာ မဟုတ်​သလဲဆိုရင်​ (၁) ဝင်​လာတဲ့ ဗိုင်းရပ်​(စ်​)ပိုးရဲ့ အမျိုးအစားဟာ ကျွန်​​တော်​တို့​ပေးတဲ့​ဆေးနဲ့ ကိုက်​ညီတယ်​၊ မညီဘူးဆိုတာပဲ။ အခု​ခေတ်​မှာ ​ဆေး​တွေက ဘာ​ဆေး​ပေး​ပေး။ အလွယ်​တကူလူ​တွေက ဝယ်​​သောက်​​နေ​တော့ ဝင်​လာတဲ့ဗိုင်းရပ်​(စ်​)ပိုးက ​ဆေးယဉ်​တဲ့ပိုးဖြစ်​ရင်​ ဒီ​ဆေး​သောက်​လို့ ကာကွယ်​မှုမ​ပေးနိုင်​ပါဘူး။ ဒါ့အပြင်​ ဗိုင်းရပ်​(စ်​)ပိုးပွားများမှုကို ဟန့်​တား​စေတဲ့​ဆေး​တွေမှာလည်း ​ဘေးထွက်​ဆိုကျိုး​တွေရှိပါတယ်​။

IMG_20171011_210302.jpg
(၂) ကသူမှာလည်း​ဘေးထွက်​ဆိုးကျိုးရှိပါတယ်​။ ​ဆေး​သောက်​လို့ရတဲ့အကျိုးနဲ့ ​နောက်​ဆက်​တွဲဆိုးကျိုးကို ယှည်​ကြည့်​ဖို့လိုပါတယ်​။ ဥပမာ- အန္တရာယ်​ရှိတဲ့ အပြုအမှု ဆက်​လုပ်​​နေတဲ့ လူ​တွေမှာ ကျွန်​​တော်​တို့​ပေးတဲ့​ဆေးက ရက်​၃၀စာပဲဖြစ်​ပြီး၊ သူ့အ​နေနဲ့ဗိုင်းရပ်​(စ်​)ပိုးပွားများမှုကို ဟန့်​တား​စေတဲ့ ​ဆေးကို ခဏ​လေးပဲရသွားတာဖြစ်​ပါတယ်​။ HIV ပိုးကသူ့ရဲ့ရှင်​သန်​မှုအတွက်​ မျိုးရိုးဗီဇ ​ပြောင်းလဲခြင်း​တွေလုပ်​နိုင်​တဲ့ စွမ်းရည်​​တွေရှိပါတယ်​။ ဥပမာ- HIV (+) ဖြစ်​တဲ့သူရဲ့ ခန္ဓာကိုယ်​ထဲမှာ တစ်​ရက်​ကို ဗိုင်းရပ်​(စ်​)ပိုး သန်း​ပေါင်း ၁၀​ကျော်​ပွားပါတယ်​။ အဲဒီပိုးများရဲ့ ၂၀% ဟာ နဂိုမျိုးရိုးဗီဇနဲ့နည်းနည်းကွာပါတယ်​။ သူက အများကြီးပွားရတာ​ကြောင့်​ ဗိုင်းရပ်​(စ်​)ပိုးရဲ့​သွေားထဲမှာ ရှင်​သန်​နိုင်​မှုကတိုပါတယ်​။ ဒါ​ကြောင့်​​ဆေး​သောက်​တဲ့သူက တစ်​ရက်​​ဆေး​သောက်​ပျက်​ပြီဆိုရင်​ ​ဆေးယဉ်​ပါးမှုဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့က တစ်​လ​လောက်​ပဲ ခွင့်​ပြုချက်​ရထားသလို၊ တကယ်​လို့သာ ​နောက်​ပိုင်း အဲဒီ​ဆေးက မကာကွယ်​နိုင်​ဘူးဆိုရင်​ သူတို့ကိုယ်​ထဲကပိုးက ​ဆေးယဉ်​ပါးမှုဖြစ်​သွားနိုင်​ပါတယ်​။ ဒီ​ဆေး​တွေက အသည်းတို့ ကလီစာတို့ကတစ်​ဆင့်​ စွန့်​ထုတ်​​ချေဖျက်​တာဆို​တော့ အဲ့ဒီအဂါင်္​တွေကို အလုပ်​ပိုလုပ်​​စေတယ်​။
IMG_20171011_210232.jpg

နဂိုကတည်းက အသည်းမ​ကောင်းတဲ့သူ အဲ့ဒီ​ဆေး​ပေးလိုက်​ရင်​ ဗိုင်းရပ်​(စ်​)ပိုးကအသည်းကိုထိခိုက်​ပြီး ​သေသွားနိုင်​ပါတယ်​။ ​ဆေးကပြင်းတာကို​ပြောပြတာပါ။ ​ရှေ့မှာ​ပြောသလို စက်​ရုံ၊ အလုပ်​ရုံ​တွေမှာ မ​တော်​တဆထိခိုက်​ဒဏ်​ရာ ရရင်​အ​ရေးအကြီးဆုံးက ​ရှေးဦးသူနာပြုစု​ပေးခြင်းပါ။ ဆပ်​ပြာနဲ့​ရေနဲ့ နိုင်​နိုင်​​ဆေးလို့ရရင်​​ဆေးလိုက်​ပါ။ ဒါမှမဟုတ်​ရင်​ အရက်​ပျံစတဲ့ တစ်​ခုခုနဲ့ ပွတ်​သပ်​လိုက်​ပါ။ ပြီးလို့ရှိရင်​ ဟိုလူက HIV (+)ဖြစ်​တာ ​သေခြာသိ​နေတယ်​လို့​ပြောရင်​ နှစ်​သိမ့်​​ဆွေး​နွေးပညာ​ပေးခြင်း လုပ်​ဖို့လိုပါတယ်​။ ဖြစ်​နိုင်​ရင်​​တော့ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီး၊ အင်းစိန်​​ဆေးရုံ၊ ​မြောက်​ဥက္ကလာပကျန်းမာ​ရေးဌာန စတာ​တွေမှာရှိတဲ့ ကျန်းမာ​ရေးဌာန ခုခံအားနှင့်​ ကာလသား​ရောဂါတိုက်​ဖျက်​​ရေးစီမံချက်​ ​ဆေးခန်း​တွေမှာ နှစ်​သိမ့်​​ဆွေး​နွေးပညာ​ပေးမှု ခံယူနိုင်​ပါတယ်​။ HIV (+)ဖြစ်​တာနဲ့ လူတကာလှည့်​ပြီး ​ကြေညာ​နေတာမဟုတ်​တာ၊ သာမန်​လူ​တွေက သိဖို့ခဲယဉ်းပါတယ်​။ ​ဆေးဘက်​ဆိုင်​ရာဝန်​ထမ်း​တွေအ​နေနဲ့ (+)ဖြစ်​တယ်​လို့ သိတဲ့သူကိုပဲမဲပြီးလုပ်​​နေလို့ရှိရင်​ မသိတဲ့သူ​တွေထံ ​ရောဂါကူးတာ အများကြီးဖြစ်​နိုင်​တယ်​။ လူတိုင်းကို ရှင်းပြချင်​တာက ​ဝေဒနာရှင်​တိုင်းကို အသိပညာပြည်​ပြည့်​ဝဝ​ပေးပြီး ​စောင့်​​ရှောက်​ဖို့လိုပါတယ်​။ ​ရောဂါပိုးဟာ ကိုယ်​ထဲကိုဝင်​သွားပြီးမှ ကာကွယ်​ဖို့ဆိုတာ အလွန်​ခက်​ခဲတဲ့ အလုပ်​တစ်​ခုပဲ ဖြစ်​ပါတယ်​။

အပိုင်း ၄ ကို​စောင့်​​မျော်​ဖတ်​​ပေးကြပါဦး။
ဗဟုသုတတစ်​ခုရရှိမယ်​လို့​မျော်​လင့်​ပါတယ်​။

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004
Photo Credit; google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မှတ်သားစရာတွေပါဘဲ

ဖတ်​​ပေးလို့​ကျေးဇူးပါ

@mrainp420 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Thank you

Advantages post and continue writing how to prevent and reduction of HIV

Coming next post

အပိုင်းတွေဖက်ရတာများတော့လည်ရှည်လာပီ မျှော်

ဟုတ်

ဆက်မျှော်ပါအုံးမည်

ဟုတ်​ကဲ့ပါ

အပိုင်း၃လေးရောက်လာပြီပေါ့

ဟုတ်

အပိုင်းလေး မျှော်နေသည်

ဟုကဲ့ခိုခို

ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်ရာမှာ လူနာကိုယ်တိုင်က ကျန်းမာရေးအသိရှိပြီး ဆင်ခြင်နိုင်ပါမှ တော်ရုံရှိပါမယ် ကောင်းမွန်တဲ့ ကျန်းမာရေးအသိပညာပေးဆောင်းပါးလေးပါဗျာ

ကျေးဇူးပါကွီးစိုး

good post, thanks for sharing... great work.

Thank You bro

မသိသေးတာတွေ သိရပါသည်

ဟုတ်​ကဲ့ဗျ

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

    To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
    To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
    To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

အပိုင်း ၄.......​မျှော်

မကြာမှီလာမည်​။

လူတိုင်းကြောက်တဲ့ HIV ရောဂါဆိုးကြီးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေသိရလို့ ကျေးဇူးတင်ပါတယ်။

ဟုတ်​ကဲဗဟုသုတရတယ်​ဆို​ရေးရကျိုးနပ်​ပါတယ်​။

အသေးစိတ်သိရလို့ ကျေးဇူးပါ

ဟုတ်​ကဲ့ပါ

စာသားတွေကတန်ဖိုးတွေရှိလိုက်ဘိ…ဘရိုရေ…

ဆက်​လက်​​ရေးသားပါဦးမယ်

aww အရင် က ကိုယ်သာ အဲ့လို ရောဂါဖြစ်ရင် အဖော်ရအောင် အပ်တစ်ချောင်းဆောင်ပြီး ကွကိုယ်တစ်ချက်ထိုး သယ်ချင်းတွေကိုတစ်ချက်ထိုးမယ် စဉ်းစားတာ ခုလိုသိရတဲ့အတွက်ကျေးဇူးပါ တစ်ကယ်တော့ ဆေးထိုးပြွန်နဲ့ ကိုယ့် သွေးစုတ်ပြီး သူများကိုထိုးထည့် လိုက်တာကမှ ပိုသေချာတာကိုး ကျွှန်တော် ကူးစက်ရောဂါတစ်ခုခုဖြစ်ရင် ဘယ်သူမှ ပြေးနဲ့နော် အဖော်များမှ ပျောစြာကောင်းမှာ ကွီးအတာ နံပါတ်တစ် ယူမလား ကြိုပြောထားနော်

ဟားဟားဟား ကွကို​နေဇမ်း

အဖိုးတန် ဗဟုသုတတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ ကိုအတာရေ!

ဗဟုသုတရလို့ဝမ်းသာပါတယ်

Nice Post Bro!

Thank you bro

Nice bro

Thank you

ဗဟသုတရစရာ​တွေ ​ကောင်းတယ်​ဗျာ

ကျေးဇူးပါ

Calling @originalworks :)
img credz: pixabay.com
Nice, you got a 3.7% @minnowbooster upgoat, thanks to @ahtaroo
Want a boost? Minnowbooster's got your back!

The @OriginalWorks bot has determined this post by @ahtaroo to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

To enter this post into the daily RESTEEM contest, upvote this comment! The user with the most upvotes on their @OriginalWorks comment will win!

For more information, Click Here!
Special thanks to @reggaemuffin for being a supporter! Vote him as a witness to help make Steemit a better place!

yes, thank you

good post

ကို အတာဦး စာတွေကို pdf လုပ်ထားတယ်.. ပြီးရင် စာအုပ် ချူပ်ပြီးအစအဆုံး ပြန်ဖတ်မလို့

ဟုတ်​ကဲ့အကိုဟင်