HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၅ HIV/ AIDS (Q&A Part-5)

in myanmar •  7 years ago 

HIV/ AIDS အ​မေးအ​ဖြေများ အပိုင်း ၅ HIV/ AIDS (Q&A Part-5)
လိင်​ဆက်​ဆံခြင်းဖြင့်​ HIVကူးစက်​ခြင်း ၁
ကျန်းမာ​ရေးဗဟုသုတ အမြင်​ဖြင့်​ဖတ်​​ပေး​စေချင်​ပါတယ်​။ ညစ်​ညမ်းစာ​ပေမဟုတ်​ပါ။

IMG_20171015_153221.jpg

မေး။ ကျွန်​​တော်​ဟာ အိမ်​​ထောင်​မပြုရ​သေးပါ။ သို​သော်​ လူငယ်​တို့ဘဝ အ​ပျော်​အပါး​တော့ မကင်းပါ​ကြောင်း ဝန်​ခံပါတယ်​။ လွန်​ခဲ့တဲ့၂ပတ်​​ကျော်​​လောက်​က ကျွန်​​တော်​အ​ပျော်​အပါး လိုက်​စားမိရာတွင်​ ကွန်​ဒုံးကို အသုံးပြုခဲ့ပါတယ်​။ သို့​သော်​ စစချင်းတွင်​ ကွန်​ဒုံးမှာ ဘာမှမဖြစ်​​သော်​လည်း လိင်​ကိစ္စပြီးခါနီး ကွန်​ဒုံးမှာ မ​တော်​တဆကျွတ်​ထွက်​သွားခဲ့တာကို သတိထားမိလိုက်​သဖြင့်​ သိသိခြင်း လိင်​ဆက်​ဆံမှုကို ရပ်​ခဲ့ပါတယ်​။ အကယ်​၍ သူမမှာ HIVပိုးရှိ​နေလျှင်​ ကျွန်​​တော်​ကို HIVပိုးကူးစက်​ခံရဖွယ်​ ရှိပါသလား ​ပြောပြ​ပေးပါခင်​ဗျား။ ကျွန်​​တော်​ဘာလုပ်​သင်​တယ်​ဆိုတာ သိပါရ​စေ......

ဖြေ။ HIVပိုးလူတစ်​​ယောက်​က​နေ ​နောက်​တစ်​​ယောက်​ကို ကူးစက်​မှုရှိမရှိ ဆိုတာဟာ အ​ကြောင်းအရာ အ​ခြေအ​နေ မျိုးစုံ​ပေါ်မှီတည်​​နေတာဖြစ်​လို့ အခုညီအကို ​တွေ့ကြုံရတဲ့ကိစ္စမှာ HIVပိုးကူးမယ်​ မကူးဘူး အတိအကျ ​ပြောဖို့ခက်​ပါတယ်​။ ဒါ​ပေမယ့်​ တစ်​ဆင့်​ချင်းစဉ်းစားကြည့်​ရ​အောင်​။

IMG_20171015_153237.jpg

၁။ လိင်​ဆက်​ဆံတာဖြစ်​လို့ အန္တရာယ်​ရှိပါတယ်​။ (အ​ပျော်​အပါးလိုက်​စားတာပဲဖြစ်​ဖြစ်​၊ သမီးရည်းစားပဲဖြစ်​ဖြစ်​၊ ယုတ်​စွအဆုံး ဇနီးခင်​ပွန်းဖြစ်​ဦး​တော့) တစ်​ဖက်​လူမှာ ​ရောဂါပိုးရှိရင်​ ကူးစက်​ဖို့ အန္တရာယ်​ရှိပါတယ်​။ ​ရောဂါပိုးရှိမရှိ ဆိုတာကလည်း မျက်​စိနဲ့ ကြည့်​လို့သိတာမျိုးမှ မဟုတ်​တာ။ လှပကျန်းမားသန်​စွမ်း​နေ​ပေမယ့်​ ​ရောဂါပိုးရှိနိုင်​ပါတယ်​။ သ​ဘော​ကောင်း စိတ်​​ကောင်းရှိ လိမ္မာအ​မြော်​အမြင်​ကြီး​ပေမယ့်​လည်း လုပ်​ကိုင်​ကြုံကြိုက်​ဖူးတာ တစ်​ခုခု​ကြောင့်​ ​ရောဂါပိုးရှိ​နေနိုင်​ပါတယ်​။

၂။ ဒါ​ပေမယ့်​ လိင်​ဆက်​ဆံရာမှာ ကွန်​ဒုံးသုံးတယ်​ဆိုတဲ့အတွက်​​တော့ HIVပိုးကူးစက်​မယ့်​ အန္တရာယ်​ကို တားဆီးရာ​ရောက်​ပါတယ်​။ အမျိုးအစား​ကောင်းတဲ့ (​ဈေးကြီးတယ်​လို့ မဆိုလိုပါ) ကွန်​ဒုံးကို စနစ်​တကျ အစကအဆုံး လိင်​ဆက်​ဆံတိုင်း အမြဲတမ်းအသုံပြုရင်​ မ​တော်​တဆဖြစ်​မှုလည်း နည်းတတ်​ပြီး HIVပိုးကူးစက်​မယ့်​ အန္တရာယ်​ကို အ​တော်​ကြီးနည်း​အောင်​ ​လျော့ပစ်​လိုက်​ရာ ​ရောက်​ပါတယ်​။ အခုကိစ္စမှာ ကွန်​ဒုံးကျွတ်​သွားတယ်​ဆို​တော့ ကွန်​ဒုံးသုံးစွဲရာမှာ အမှားအယွင်းရှိတာလားလို့ သံသယဖြစ်​မိပါတယ်​။ ​ရေရှည်​အန္တရာယ်​ကို တွက်​ချက်​ရာမှာ​တော့ ကွန်​ဒုံးကို အမြဲသုံးခဲ့သလား၊ တစ်​ခါတ​လေ မှသုံးတာလားဆိုတဲ့အ​ပေါ် မူတည်​ပါတယ်​။
IMG_20171015_151730_HHT.jpg

၃။ ကွန်​ဒုံးကျွတ်​သွားတဲ့ကိစ္စ အဲ့ဒါ​တော်​​တော်​​ပြောရခက်​တယ်​။ စာသ​ဘော၊ သီအိုရီအရ ​ပြောမယ်​ဆိုရင်​​တော့ ကွန်​ဒုံးလို ကြားခံတာမပါပဲ လိင်အဂါင်္အသားချင်းတိုက်​ရိုက်​ ထိ​တွေ့မိရင်​ HIVပိုးကူးစက်​မယ့်​အန္တရာယ်​ရှိပါတယ်​။ အစပိုင်းမှာ ကျွတ်​တာထက်​ လိင်​ဆက်​ဆံမှု ပြီးခါနီးမှကျွတ်​တာက ပိုပြီး အန္တရာယ်​ရှိနိုင်​ပါတယ်​။ (ပွန်းပဲ့ဒဏ်​ရာရှိထားနိုင်​လို့၊ လိင်​အဂါင်္ကထွက်​တဲ့ အရည်​ပိုများ​နေနိုင်​လို့ပါ)။

၎။ သိသိချင်း လိင်​ဆက်​ဆံမှုကို ရပ်​ခဲ့တာက​တော့ မှန်​ကန်​ပါတယ်​။ ဖြစ်​လာမယ့်​အန္တရာယ်​ကို အ​တော်​ကြီးကာကွယ်​လိုက်​နိုင်​ခဲ့တြ့ သ​ဘောပါ။ မရပ်​ခဲ့ရင်​ အန္တရာယ်​အ​တော်​ကြီးပါတယ်​။ တကယ့်​လို့များ ချက်​ချင်းပဲ​ရေ၊ ဆပ်​ပြာတိုနဲ့ သန့်​ရှင်း​ရေးလုပ်​ခဲ့နိုင်​ရင်​ ပိုပြီး​တောင်​ အန္တရာယ်​နည်းပါတယ်​။

၅။ ကိုယ့်​လိင်​ဆက်​ဆံဖက်​မှာ (သို့) ကိုယ်​မှာ ကာလသား​ရောဂါ၊ လိင်​အဂါင်္အရည်​တစ်​မျိုးမျိုးဆင်းတာ ရှိ​နေရင်​ HIVပိုး ပိုပြီးကူးစက်​နိုင်​ပါတယ်​။ လိင်​ဆက်​ဆံမှုအ​နေအထား၊ အချိန်​၊ အကြိမ်​၊ လိင်​ဆက်​ဆံဖက်​မှာ HIVပိုးရှိ​နေမ​နေ၊ ရှိ​နေရင်​လည်း သူ့ခန္ဓာကိုယ်​​သွေးသားထဲမှာရှိ​နေတဲ့ HIVပိုး အ​ရေအတွက်​ အနည်းအများအပါအဝင်​ တခြားအချက်​အလက်​​တွေ အများကြီးအ​ပေါ်မှီတည်​​နေတာမို့ အတိအကျ​ပြောဖို့ခက်​တယ်​လို့​ ​ဖြေပါရ​စေ။
IMG_20171015_153259.jpg

ဘာလုပ်​သင့်​သလဲဆိုတာကို ​ဖြေရရင်​---
ခုကိစ္စအတွက်​​တော...
၁။ ပိုပြီး အ​သေးစိတ်​ တိတိကျကျ ​ဆွေး​နွေးနိုင်​ဖို့ HIV/AIDS အ​ကြောင်းတတ်​ကျွမ်းနားလည်​တဲ့ တိတိကျကျ ​ပြောဆိုအတိုင်​ပင်​ခံနိုင်​မယ့်​ သူတစ်​ဦးဦးနဲ့ ​ဆွေး​နွေးဖို့လိုပါတယ်​။

၂။ သူတို့နဲ့ နှစ်​သိမ့်​​ဆွေး​နွေးပြီး သံသယရှင်း​အောင်​ ​သွေး​ဖောက်​စစ်​ကြည့်​ရင်​ ​ကောင်းမ​ကောင်း စဉ်းစားဆုံးဖြတ်​နိုင်​ပါတယ်​။ ခုဟာက နှစ်​ပတ်​​လောက်​ရှိပြီဆိုတဲ့အတွက်​ ​သွေးအ​ဖြေမှာ​ပေါ်နိုင်​​ပေမယ့်​ ၆လ​လောက်​မှာ ​ဖောက်​ပြီး စစ်​ကြည့်​လို့ မရှိဘူးဆိုမှ စိတ်​ချရပါမယ်​။

အရှည်​သဖြင်​က​တော့ လိင်​ကိစ္စမှာအန္တရာယ်​ကင်း​အောင်း အန္တရာယ်​နည်း​အောင်

၁။ ထိုးသွင်းလိင်​ဆက်​ဆံမှုကို​ရှောင်​နိုင်​ရင်​ ​ရှောင်​ရမယ်​။

၂။ ​ရောဂါပိုး မရှိဘူးလို့ ​သေခြာသိ​အောင်​ ​သွေးစစ်​ထားတဲ့ ​သေခြာသိတဲ့ ဇနီးခင်​ပွန်း​ဖော်​ တစ်​​ယောက်တည်းနဲ့ပဲ အမြဲဆက်​ဆံပြီး နှစ်​​ယောက်​လုံးအပြန်​အလှန်​သစ္စာရှိရမယ်​။ တစ်​ခြားဘယ်​သူနဲ့မှ လိင်​မဆက်​ဆံပဲ​နေရမယ်​။

၃။ ဒီလိုမဟုတ်​ခဲရင်​ လိင်​ဆက်​ဆံတိုင်း ကွန်​ဒုံးကို နည်းလမ်းမှန်​ စနစ်​တကျ အမြဲတမ်း သုံးရမယ်​။

၎။ ကာလသား​ရောဂါရှိတယ်​လို့ သံသယဖြစ်​ရင်​၊ လိင်​အဂါင်္အနာဖြစ်​ရင်​၊ လိင်​အဂါင်္ကအရည်​တစ်​မျိုးမျိုးဆင်းရင်​ တတ်​ကျွမ်းနာလည်​တဲ့ ဆရာဝန်​နဲ့ ​သေခြာပြသတိုင်​ပင်​ပြီး တိတိကျကျ ကုသဖို့လိုပါမယ်​လို့ ​ဖြေကြားလိုက်​ပါတယ်​။

လိင်​ဆက်​ဆံခြင်းဖြင့်​ HIVကူးစက်​ခြင်းက ​ရေရမှာများတဲ့အတွက်​ အပိုင်းဆက်​က​လေး​တွေနဲ့ထပ်​​ရေးပါမယ်​။ ​စောင့်​​မျော်​ဖတ်​ရှု​ပေးကြပါဦး။

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004
Photo Credit; google image and facebook image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘုတ်ဖြစ်အောင်တော့ ဘုတ်ပေးထားတယ် စာတော့ နောက်မှအေးဆေးဖတ်မယ်ဗျာ မချိန်လုနေရလို့ ကိုအတာရေ။

ဟုတ်​ကဲ့ပါ

သိသင့်တဲ့general knowledge

thank you

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank you for your support

save our life

Yes

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank you

ပညာဗဟုသုတရပါတယ်ကိုအတာရယ်

ကျေးဇူးပါကိုသာ​အေး

ကျန်းမာရေးအသိပညာပေးပို့စ်လေး တန်ဖိုးရှိပါသည်။

ကျေးဇူးပါ

မှတ်သားထားပါမယ် ကိုအတာ…ကျေးဇူးပါခမျ

ဟုတ်​ကဲ့ပါဗျ

@royrodgers has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Thank you

Good Story for health

Thank you

ကျန်းမာရေးဗဟုသုတရစေပါတယ်

ဟုတ်​ကဲ့

ဖတ်းပြီးတော့ ဘိုပြောရမလဲနော့
ကောင်းပါတယ်

☺☺☺☺

ဆေးပညာနဲ့ကျန်းမာရေးဗဟုသုတက
လူတိုင်းသိထားသင့်ပါတယ်

ဟုတ်​ဆရာ

👍👍👍

☺☺☺😟

သိထားတာတွေထက်ပိုသိလာရပါသဖြင့်ဆက်လက်ရေးသားစေချင်ပါတယ်ခင်ဗျာ

ဒီ​နေ့ပို့စ်​အကြိုက်​ဆုံးပဲ ပုံ​လေး​တွေနဲ့ 😂😂

ဒီတစ်​ကြိမ်​လည်း ​ကောင်းပါတယ်​ဗျ

ကျန်​မာ​ရေး ဗဟုသုတ​ကောင်း​တခုပါ။ မျှ​ဝေ​ပေးတဲ့အတွက်​​ကျေးဇူးပါ။

မပြည့်သေးဘူး လာမန့်ဦးဟေးး