ကျွနု​ပ်​နှင့်​​ရွှေအို​ရောင်​အလွမ်း​တေး ၁

in myanmar •  7 years ago 

သူဒီလမ်းထဲကိုဖြတ်​​လျှောက်​မိသည့်​အခါတိုင်း ခံစားရတဲ့ခံစားချက်​တို့က​တော့ ဘယ်​​တော့မှမ​ပြောင်းလဲ။ ဒီလမ်း​လေးကို​ရှောင်​လွဲဖို့ကြိုးစားတိုင်းလဲ သူမသိစိတ်​တို့က အလိုလို​လျှောက်​လမ်းမိလျက်​သားဖြစ်​​နေတတ်​တယ်​။ ဒီလမ်းက​လေး​ပေါ်တွင်​ သူရဲ့အစွဲအလန်း​တွေမကျွတ်​မလွတ်​။ နှစ်​​ပေါင်းများစွာစွဲကပ်​​နေ​သော အလွမ်းတစ်​ခုလို တဝဲဝဲလည်​။
သူစိတ်​ထဲကလမ်းက​လေးမှာ နန်းမြို့ရိုး​တောင်​ဘက်​ ​ဆေးတက္ကသိုလ်​အနီးရပ်​ကွက်​​က​လေး​တစ်​ခုတွင်​ တည်​ရှိ​လေသည်​။ သူကိုဒီလမ်းက​လေးအနီးက ပြည့်​သူ​ဆေးရုံကြီးတွင်​ဖွားမြင်​ခဲ့ပြီး သူငယ်​ဘဝတို့သည်​လဲ ဒီလမ်းက​လေး​ပေါ်မှာပဲ တ​ရွေ့​ရွေ့ကုန်​လွန်​ခဲ့ရ၏။
သူ့င်ါဘဝနှင့်​လူပျို​ပေါက်​ဘဝအထိ​နေထိုင်​ခဲ့ရ​သော ဒီလမ်းထဲရှိ သူတို့ဘိုးဘွားပိုင်​အိမ်​ကြီးမှာ နှစ်​​ဆောင်​ပြိုင်​အိမ်​ကြီးတစ်​အိမ်​ဖြစ်​ကာ အိမ့်​​ရှေ့တွင်​အုန်းပင်​တစ်​ပင်​နှင့်​ အိမ်​​နောက်​တွင်​ မန်​ကျည်းပင်​တစ်​ပင်​ရှိ​လေသည်​။ အိမ်​၏​နောက်​​ဖေးအဆုံးသတ်​တွင်​ အုတ်​တံတိုင်းဖြင့်​ကာရန်​ထား​သော ဘုန်းကြီး​ကျောင်းဝင်းတစ်​ခုတည်​ရှိပြီး ထိုဘုန်းကြီး​ကျောင်းမှာ သူတို့ငယ်​ဘဝရဲ့ ဖြူစင်​​သောကစားကွင်းတစ်​ခုဖြစ်​ခဲ့​လေသည်​။ ဘုန်းကြီး​ကျောင်းထဲရှိ​စေတီ​ပေါ်တက်​ရင်း တူတူပုန်းတမ်းကစားခဲ့ကြသည်​။ စစ်​တိုက်​တမ်းကစားခဲ့ကြသည်​။ ဘုန်းကြီး​ကျောင်းအဝင်​​ပေါက်​ရှိ စွယ်​​တော်​ပင်​နှင့်​စွယ်​​တော်​ရွက်​များကို အပြိုင်​ခူးကာ စာအုပ်​ကြားညှပ်​ခဲ့ကြသည်​။ သူတို့ကြီး​ကောင်​ဝင်​စအချိန်​တွင်​ သူတိုအိမ်​၏ ​ရှေ့တည့်​တည်​တွင်​ တစ်​ချိန်​ကကုလားဆရာဝန်​ကြီးတစ်​​ယောက်​ပိုင်​ခဲ့​သော ဝင်းကြီးတစ်​ဝင်းရှိသည်​။ ထိုဗာဆူ​လေးဝင်းကြီးသည်​လည်း သူတို့ငယ်​ဘဝရဲ့စားကျက်​တစ်​ခုဖြစ်​ခဲ့​လေသည်​။ ထိုဝင်းကြီးထဲတွင်​ ကြံပင်​၊ ဇီးပင်​၊ တရုတ်​ဆီးသီးပင်​များနှင့်​ ပိုက်​ဆံမ​ပေးရ​သော စားစရာအ​တော်​များများရှိ​နေခြင်းနှင့်​ သက်​တမ်းရင့်​ ကုက္ကိုပင်​ကြီးများ၏ ​အေးမြ​သော အရိပ်​အာဝသကလည်း ရပ်​ကွက်​အတွင်းရှိ က​လေးများအတွက်​ ဆွဲ​ဆောင်​မှုတစ်​ခု ဖြစ်​​နေခဲ့သည်​။
အခု​တော....ထိုအရာ​တွေနှင့်​​ဝေးကွာခဲ့သည်​မှာ နှစ်​အ​တော်​ကြာခဲ့ပြီ။ သို့​သော်​ သူ ဒီလမ်းထဲဖြတ်​မိတိုင်း ​ဝေးကွာခဲ့​သော ငယ်​ဘဝရဲ့ အရိပ်​​တွေကသူခန္ဓာကိုယ်​​ပေါ်တွားတက်​လာကြမြဲ။ မန်​ကျည်းပင်​ကြီး​အောက်​မှာ ပိုက်​ဆံပစ်​ကြသည့်​မြင်​ကွင်း​တွေ ဘွားကနဲ​ပေါ်လာမြဲ။ ဗာဆူ​လေးဝင်​ကြီးထဲမှာ ​ဘောလုံးကန်​၊ ခြင်းခတ်​ခဲ့ကြသည့်​အသံ​တွေကြား​နေရဆဲ။ သူဒီလမ်းထဲဖြတ်​​လျှောက်​တိုင်း ခံစားရသည့်​ခံစားချက်​တိုက​တော့ ဘယ်​​တော့မှမ​ပြောင်းလဲ။
သူဆယ်​တန်း​အောင်​ပြီးစအချိန်​မှာပဲ သူမိဘ​တွေက ဒီလမ်းထဲမှ သူ့ငယ်​ဘဝအိမ်​ကို ​ရောင်းချကာ နန်းမြို့ရိုးနဲ့​ဝေးရာထွက်​ခွာခဲ့ကြ​လေ၏။ သူက​တော့ဘိုးဘွားအ​မွေအနှစ်​ကို တိုးပွား​အောင်​မလုပ်​ဘဲ ထုခွဲ​ရောင်းချခြင်းအ​​ပေါ် ဘယ်​လိုမှနားမလည်​နိုင်​။ ဘာ​ကြောင့်​ ဘိုးဘွားအ​မွေအနှစ်​​တွေကိုထုခွဲ​ရောင်းချပြီး အ​ဝေးကို​ပြေးထွက်​သွားကြသလဲဆိုသည်​ကို စဉ်းစားမရ။ သို​သော်​ဒီကိစ္စက သူတို့တစ်​အိမ်​ထဲကြုံ​တွေ့ရသည့်​ ကိစ္စမဟုတ်​သဖြင့်​လဲ နည်းနည်း​တော့​ဖြေသာသည်​။ ဘိုးဘွားအ​မွေအနှစ်​ကို တိုးပွား​အောင်​လုပ်​ရင်း အခိုင်​အမာခုခံကျန်​ရစ်​ခဲ့သည့်​လူတစ်​ချို့လည်းရှိ​လေသည်​။ ထိုလူများကို​တော့ သူ​လေးစား၏။ မိဘဘိုးဘွားအ​မွေအနှစ်​ကိုတမြတ်​တနိုး ထိန်းသိမ်း​စောင့်​​ရှောက်​ ကာကွယ်​သူများအဖြစ်​ သူအားကျသည်​။ အတုယူသည်​။

အပိုင်​နှစ်​ ဆက်​​ရေးပါဦးမယ်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အား​ပေး​နေမယ်

ဟုတ်​ ​ကျေးဇူးပါဗျ

upvoted

Thanks

yeah မိုက်တယ် ဝတ္တု ဘက်ရေးတဲ့သူနည်းတယ် ဆက်ရေးပါအားပေးနေပါတယ်