ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A(H1N1) pdm 2009) ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အမွတ္စဥ္ (၃)
ရက္စြဲ- (၂၆-၇-၂၀၁၇)
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza A (H1N1) pdm 2009) ျဖစ္ပြားမႈႏွင့္ပတ္သက္၍ အထူးဦးစားေပးၿပီး ေရာဂါ ေစာင့္ၾကပ္ၾကည့္ရွဳျခင္းလုပ္ငန္းမ်ားႏွင့္ ကာကြယ္ထိန္းခ်ဳပ္ျခင္း လုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ ရွိပါသည္။
(၂၂-၇-၂၀၁၇) ရက္ေန႕မွစ၍ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီး၊ ေဆးကုသေဆာင္တြင္ (Seasonal Influenza A (H1N1) pdm 2009) - Positive ျဖင့္ေဆးကုသမႈခံယူေနေသာ ဧရာဝတီတိုင္း ေဒသႀကီးမွ အသက္(၄၃)ႏွစ္ အ႐ြယ္ အမ်ိဳးသားလူနာ(၁)ဦးသည္ (၂၆-၇-၂၀၁၇) ရက္ေန႕၊ (၀၉း၀၀) နာရီအခ်ိန္တြင္ ျပင္းထန္အဆုတ္ေရာင္ေရာဂါျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရွိရပါသည္။
(၅-၇-၂၀၁၇) ရက္ေန႕ မွ (၂၆-၇-၂၀၁၇) ရက္ေန႕ထိ ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္တြင္ သံသယ တုပ္ေကြးေရာဂါ (၃၀၀) ဦးခန္႔အနက္မွ (၁၀) ဦးသည္ Seasonal Influenza A (H1N1) pdm 2009 – Positive ေတြ႕ရွိခဲ့ပါသည္။
(၁၉-၇-၂၀၁၇) မွစ၍ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးတြင္ လတ္တေလာျပင္းထန္အသက္ရွဴ လမ္းေၾကာင္းပိုးဝင္ေရာဂါ (Severe Acute Respiratory Illness) ျဖင့္လူနာ (၁၆) ဦးအား ကုသမႈေပးခဲ့ရာ ၎တို႔အနက္ (၉) ဦးသည္ Seasonal Influenza A (H1N1) pdm 2009 – Positive ေတြ႕ရွိခဲ့ၿပီး (၃) ဦးေသဆုံးခဲ့ေၾကာင္း၊ အေထြေထြေရာဂါေဆး႐ုံသစ္ႀကီး (ရန္ကုန္) တြင္ လတ္တေလာျပင္းထန္အသက္ရွဴလမ္းေၾကာင္းပိုးဝင္ေရာဂါ (Severe Acute Respiratory Illness) ျဖင့္လူနာ (၂) ဦးအားကုသမႈေပးခဲ့ရာ ၎တို႔အနက္ (၁) ဦးသည္ Seasonal Influenza A (H1N1) pdm 2009 – Positive ေတြ႕ရွိခဲ့ေၾကာင္း၊ (၁၄-၇-၂၀၁၇) ရက္ေန႕မွစတင္၍ခုတင္ (၅၅၀) ဆံ့ကေလးေရာဂါအထူးကုေဆး႐ုံႀကီး (ရန္ကင္း) တြင္ လတ္တေလာျပင္းထန္အသက္ရွဴလမ္း ေၾကာင္းပိုးဝင္ေရာဂါ (Severe Acute Respiratory Illness) လူနာ (၂) ဦးအား ကုသမႈေပးခဲ့ရာ ၎တို႔အနက္ အနက္ (၁) ဦးသည္ Seasonal Influenza A (H1N1) pdm 2009 – Positive ေတြ႕ရွိခဲ့ေၾကာင္း၊ (၁၈-၇-၂၀၁၇)ရက္ေန႕မွစတင္၍အေထြေထြေရာဂါကုေဆး႐ုံႀကီး (ေျမာက္ဥကၠလာ) တြင္လတ္တေလာျပင္းထန္အသက္ရွဴလမ္းေၾကာင္း ပိုးဝင္ေရာဂါ (Severe Acute Respiratory Illness) ျဖင့္လူနာ (၁) ဦးအားကုသမႈေပးခဲ့ေၾကာင္းႏွင့္ ယေန႕အထိ ရန္ကုန္ၿမိဳ႕ေပၚရွိ အထက္ပါ ေဆး႐ုံႀကီးမ်ားတြင္ လတ္တေလာျပင္းထန္အသက္ရွဴ လမ္းေၾကာင္းပိုးဝင္ေရာဂါ (Severe Acute Respiratory Illness) ျဖင့္စုစုေပါင္းလူနာ (၂၁) ဦးအားကုသမႈေပးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 - Positive စုစုေပါင္းလူနာ (၁၀) ဦးရွိခဲ့ၿပီး ၎တို႔အနက္ (၃) ဦး ေသဆုံးခဲ့ ေၾကာင္းသိရွိရပါသည္။
(၂၆-၇-၂၀၁၇) ေန႕၊ ညေနပိုင္းအထိ တစ္နိုင္ငံလုံးတြင္ရရွိေသာ အခ်က္အလက္မ်ားအရ Influenza A (H1N1) pdm 2009 - Positive စုစုေပါင္းလူနာ (၂၀) ဦးရွိခဲ့ၿပီး ၎တို႔အနက္ (၃) ဦး ေသဆုံးခဲ့ေၾကာင္းသိရွိရပါသည္။
ျပည္သူလူထုအေနျဖင့္ ေန႕စဥ္ထုတ္သတင္းစာမ်ားတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ခ်က္မ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အင္တာနက္ စာမ်က္ႏွာႏွင့္ Myanmar CDC facebook စာမ်က္ႏွာမ်ားတြင္ ထုတ္ျပန္ထားရွိေသာ ရာသီတုပ္ေကြးေရာဂါႀကိဳတင္ ကာကြယ္ေရး ႏိႈးေဆာ္ခ်က္မ်ားကို လိုက္နာေဆာင္႐ြက္သြားၾကရန္၊ တုပ္ေကြးဆန္ေသာေရာဂါ လကၡဏာမ်ား ျဖစ္ပြားလာပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ ခ်က္ခ်င္းသတင္းေပးပို႔ ကုသမႈခံယူရန္လိုအပ္ ေၾကာင္းႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနအေနျဖင့္ ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္၍ အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္သတင္း ထုတ္ျပန္ေပးသြားမည္ ျဖစ္ေၾကာင္းသတင္းရရွိသည္။
(Unicode)
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၃)
ရက်စွဲ- (၂၆-၇-၂၀၁၇)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ အထူးဦးစားပေးပြီး ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။
(၂၂-၇-၂၀၁၇) ရက်နေ့မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးကုသဆောင်တွင် (Seasonal Influenza A (H1N1) pdm 2009) - Positive ဖြင့်ဆေးကုသမှုခံယူနေသော ဧရာဝတီတိုင်း ဒေသကြီးမှ အသက်(၄၃)နှစ် အရွယ် အမျိုးသားလူနာ(၁)ဦးသည် (၂၆-၇-၂၀၁၇) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
(၅-၇-၂၀၁၇) ရက်နေ့ မှ (၂၆-၇-၂၀၁၇) ရက်နေ့ထိ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် သံသယ တုပ်ကွေးရောဂါ (၃၀၀) ဦးခန့်အနက်မှ (၁၀) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ပါသည်။
(၁၉-၇-၂၀၁၇) မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၁၆) ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် (၉) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ပြီး (၃) ဦးသေဆုံးခဲ့ကြောင်း၊ အထွေထွေရောဂါဆေးရုံသစ်ကြီး (ရန်ကုန်) တွင် လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၂) ဦးအားကုသမှုပေးခဲ့ရာ ၎င်းတို့အနက် (၁) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ကြောင်း၊ (၁၄-၇-၂၀၁၇) ရက်နေ့မှစတင်၍ခုတင် (၅၅၀) ဆံ့ကလေးရောဂါအထူးကုဆေးရုံကြီး (ရန်ကင်း) တွင် လတ်တလောပြင်းထန်အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) လူနာ (၂) ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် အနက် (၁) ဦးသည် Seasonal Influenza A (H1N1) pdm 2009 – Positive တွေ့ရှိခဲ့ကြောင်း၊ (၁၈-၇-၂၀၁၇)ရက်နေ့မှစတင်၍အထွေထွေရောဂါကုဆေးရုံကြီး (မြောက်ဥက္ကလာ) တွင်လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်လူနာ (၁) ဦးအားကုသမှုပေးခဲ့ကြောင်းနှင့် ယနေ့အထိ ရန်ကုန်မြို့ပေါ်ရှိ အထက်ပါ ဆေးရုံကြီးများတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့်စုစုပေါင်းလူနာ (၂၁) ဦးအားကုသမှုပေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 - Positive စုစုပေါင်းလူနာ (၁၀) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၃) ဦး သေဆုံးခဲ့ ကြောင်းသိရှိရပါသည်။
(၂၆-၇-၂၀၁၇) နေ့၊ ညနေပိုင်းအထိ တစ်နိုင်ငံလုံးတွင်ရရှိသော အချက်အလက်များအရ Influenza A (H1N1) pdm 2009 - Positive စုစုပေါင်းလူနာ (၂၀) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၃) ဦး သေဆုံးခဲ့ကြောင်းသိရှိရပါသည်။
ပြည်သူလူထုအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် Myanmar CDC facebook စာမျက်နှာများတွင် ထုတ်ပြန်ထားရှိသော ရာသီတုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်၊ တုပ်ကွေးဆန်သောရောဂါ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ကုသမှုခံယူရန်လိုအပ် ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
Credit Myanamr CDC Page
https://steemit.com/steemit/@misterbitcoin/upvote-steem-world-helping-each-other-with-your-upvote-3
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for knowledge sharing.It does not still cause in Mandalay.I pray for everyone.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit