တစ္ဆေတစ်ကောင်၏ အတ္တ သီအိုရီ

in myanmar •  7 years ago 

လူရယ်လို့ ဖြစ်လာရင် ခန္ဓာမှာ အရင်ဆုံး အသက်ဝင်တာ နှလုံးသား။ လူ့ဘ၀ကြီး ပြီးဆုံးသွားကြောင်း ဘာနဲ့ သက်သေ ထူမလဲ ဆိုရင်လည်း နှလုံးသားပဲ။ ဒါက ကျွန်​​တော်​ သိသလောက်ကို ပြောတာပါ။ ဒီတော့ကာ နှလုံးသား ဆိုတဲ့ အစိတ်အပိုင်းလေး ထမ်းဆောင်ရတဲ့ တာဝန်တွေအကြောင်း ဥာဏ်မှီသလောက် တွေးကြည့်တယ်။
.
သူ့ခမျာ မျက်စိလေးတွေလိုလည်း လူအိပ်ချိန်ရောက်ရင် မအိပ်ရ။ ခြေထောက်လေးတွေလိုလည်း လူထိုင်တိုင်း မထိုင်ရ။ ညဥ့်နက်ခံ စာတွေကျက်၊ ကော်ဖီသောက်လို့ ထိခိုက်ရတော့ နှလုံးသား၊ အဆင့်တစ်ရလို့ ချီးမြှောက်ခံရတော့ ဦးနှောက်။ Gym ဆော့ရင်း ပင်ပန်းလို့ တဒိန်းဒိန်း အော်ငိုရတာ နှလုံးသား။ လှလိုက်တာလို့ ချီးကျူး ခံရတော့ ကိုယ်လုံးလေး။ ဒီကြားထဲ နှလုံးသားလေးခမျာ ဟိုလူ့ကို ချစ်ရ.. ဒီလူ့တွက် ခံစားရ.. ကိုယ့်ဘ၀ လက်တွဲဖော်ကို မှားယွင်းစွာ ရွေးချယ်မိတော့ မိုက်လိုက်တဲ့ လူ.. စိတ်အလိုကို လိုက်တယ်.. နှလုံးသားကို ရှေ့တန်းတင်တယ်.. အို မှတ်ချက်တိုင်းက နှလုံးသား.. နှလုံးသားရဲ့ အပြစ်ပါလား။ တကယ်လို့များ လူတစ်ယောက် (အထူးသဖြင့် မိန်းကလေးတစ်ယောက်ပေါ့လေ) လင်ကောင်း သားကောင်းတွေရ.. ရွှေဘုံပေါ်စံ.. တန်ဘိုးတွေ အနဂ္ဂ တက်လာတော့ ပြောကြတာ ဒီမိန်းကလေး တော်တယ်.. အသိတရား ရှိတယ်.. ဥာဏ်ကောင်းတယ်.. ရွေးချယ်မှု မှန်ကန်တယ်။ ဒီလို အားပေး ဂုဏ်ပြုမှုတွေ အောက်မှာ သူ ကိုယ်တိုင် သူ့ ဦးနှောက်နဲ့ ခြေနင်းပစ်ခဲ့တဲ့ သူ့နှလုံးသားလေး သေလုမတတ် နာကျင်နေရတာ။ ဒါကို သူကိုယ်တိုင်တောင် သိချင်မှ သိတော့မှာပါ။
.
ကျွန်​​တော်​ကတော့ ကျွန်​​တော်​ နှလုံးသားလေးကို သိပ်ချစ်တယ်။ တန်ဘိုးလည်း ထားတယ်။ အချစ်ကြောင့် ဖြစ်လာတဲ့ ၀န်တိုမှုတွေ.. ဒေါသတွေ.. ပိုင်ဆိုင်လိုမှုတွေ.. ဆုံးရှုံးရမှုတွေ.. သောကတွေ..။ ကျွန်​​တော်​ နှလုံးသားကို ဒါတွေ အားလုံးနဲ့ အဝေးမှာပဲ ထားချင်တယ်။ ထားနိုင်ဘို့လည်း ကြိုးစားတယ်။ ကျွန်​​တော်​ ကြားခဲ့ဖူးတဲ့ စကားလေးတစ်ခွန်း.. အချစ်ခံရခြင်းက ကျိန်စာ တဲ့။ သိပ်မှန်တယ်လို့ ယူတို့ မထင်ကြဘူးလား။ လူတိုင်းလို့တော့ မဆိုလိုပေမယ့် ကိုယ့်နှလုံးသားက ခံနိုင်ရည်မရှိတဲ့ ပုံစံမျိုးနဲ့ လာချစ်မယ် ဆိုရင် ဒီအချစ်က ခံရသူအတွက် တကယ့် ကျိန်စာပါ။
.
ဒါဆို ချစ်ရခြင်းကရော။ ၀ဋ်ကြွေး ပေါ့။ ချစ်ရခြင်း ဆိုတာလည်း ကိုယ်ချစ်ချင်တဲ့ ပုံစံမျိုးနဲ့ ချစ်ခွင့်မရရင် ဒါ ၀ဋ်ကြွေးပဲ။ ကျွန်​​တော်​တို့ အနေနဲ့ လူတစ်ယောက်ကို သေလောက်အောင် ချစ်ပါတယ် ဆိုပြီး ချစ်ပြ။ တဘက်လူက ကိုယ့်အချစ်ကို မွန်းကြပ်လာတဲ့အခါ ကြေကွဲစရာတွေ ကြုံရ။ ပြဿနာတွေ တက်ပြီးရင်းတက်.. ကိုယ်ကလည်း သူ့ကို မုန်းမရနိုင်။ ချစ်ရသူ အဘို့မှာ ဒီထက်ဆိုးတဲ့ ၀ဋ်ကြွေး ရှိနိုင်ပါဦးမလား။
.
ဘာပဲပြောပြော ကျိန်စာနဲ့ ၀ဋ်ကြွေးကြားမှာ တကယ်တမ်း ကြွေမွပျက်စီးရတာ ကျွန်​​တော်​တို့ ကိုယ်ထဲက နှလုံးသားပါ။ ဆုံးရှုံး သွားရတာ အဘိုးတန်တဲ့ အချိန်တွေပါ။ ကျွန်​​တော်​ကတော့ ကျွန်​​တော်​ နှလုံးသားကို ဒီနေ့ဒီချိန်ထိ ဒီဒဏ်ဆိုးတွေက လွတ်အောင် ကာကွယ်နေတုန်းပဲ။ အကယ်၍များ ကျွန်​​တော်​ ဦးနှောက်သည် ဆင်ခြင်တရားနဲ့ မှန်ကန်သော အတွေးအခေါ် ရှိသော အစိတ်အပိုင်း ဖြစ်မယ် ဆိုရင် သူ ထမ်းဆောင်ရမယ့် တာဝန်တွေထဲမှာ ကျွန်​​တော်​ နှလုံးသားလေး ဒဏ်ရာ မရအောင် ကာကွယ်ဘို့လည်း ပါရ ပါလိမ့်မယ်။ ကျွန်​​တော်​ တန်ဘိုးထားတဲ့ နှလုံးသားလေး ကျိန်စာလည်း မသင့်ရအောင်.. ၀ဋ်ကြွေးလည်း မဖြစ်ရအောင်.. ကျွန်​​တော်​ ဦးနှောက်က ကြိုးစားရပါလိမ့်မယ်။ ကျိန်စာတစ်ပုဒ် မဖြစ်ချင်တဲ့ ကျွန်​​တော်​. ၀ဋ်ကြွေး မတင်ချင်တဲ့ကျွန်​​တော်​.. ဒဏ်ရာ ရလုဆဲ နှလုံးသားလေးကို ပိုက်ပြီး အချစ်ကို ရှောင်တိမ်းဘို့ ကြိုးစားရင်း အထပ်ထပ် ဆုတောင်း နေမိတယ်။
.
ချစ်ခြင်းမုန်းခြင်း ကင်းသော ကိုယ်.. ဖြစ်ရပါလို၏

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကူညီကြဦး
samsaung phone က broswer မှာမြန်မာစာ မမှန်ဘူး

You got a 0.45% upvote from @upme requested by: @ahtaroo.
Send at least 1.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

ကျွန်တော်လဲ နှလုံးသားလေးကို အပြစ်ကင်းစင်အောင် ကာကွယ်နေတယ်ဗျာ။

ကာကွယ်​ထားပါ

ahtaroohave a nice day!

Have a nice day

အဘွားတန်တဲ့အချိန်လဲပါဘူး မှန်တယ်နှလုံးကို တနိဖိုးမထားရင် ဆရာဝန်စာမိသွားမှာပေါ့

နှလုံးကအရမ်းအ​ရေးကြီးတယ်

U5drm_UPBM6_C5_Va6o6_HQq_Df2h_AMxq_Smz.gif

😁😁😁😁😁

ကြောက်ထာအကိုရာ

ကြောက်​ပါနဲ့​အေ

အရေးသား ကောင်းလို့ Voteချင်ပေမယ့်လည်း
Powerနည်းနေလို့ မပေးသွားတော့ဘူးနော်

ဟုတ်​ကဲ့ပါကိုမို​ဇော်

ဆန္ဒအတိုင်းနေထိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။

ဟုတ်​ကဲ့ပါဗျ

This post has received gratitude of 0.71 % from @appreciator thanks to: @ahtaroo.

This post has received a 4.53 % upvote from @boomerang thanks to: @ahtaroo

ချစ်ခြင်းမုန်းခြင်းကင်းတဲ့ဘဝက အကောင်းဆုံး ဘဝနေနည်းပါဘဲ

ဟုတ်​တယ်ဗျ

အတာတို့ကို အားကျတယ်
အရင်​က အတာ တုန်းတိကြီး​ရေးတာကို မကြိုက်​လို့ ခဏခဏ လိုက်​​ပြောတာ
အခု​တော့ အတာ့ feel ​တေ အရမ်းမိုက်​​နေပီ
ကိုယ်​က အဲ့လို မ​ရေးနိုင်​​တော့ဘူး

ဒီခေတ် မော်ဒန်သမားတွေ ထမင်းငတ်တော့မယ်
ကိုတာ ( ရင်တွင်းဖြစ် ) ဆိုပြီး ပေါ်လာတော့မှာမို့ 

ငါပေးဆပ်မယ့် အချစ် ဝဋ်ကြွေး .....

လူပျိုကြီးတကယ်​​ပေးဆပ်​မို့လား😁😁😁

လေးစားတယ် နှလုံးသားက အသက်အရွယ်မရှိဘူး
အနုအရွတွေ လိုသလို ခပ်ထုတ်လို့ ရတာ သဘောပေါက်လိုက်p

အရေးသားကောင်းတယ်ဗျာ

  ·  7 years ago (edited)

မူရင်​​ရေးသားသူ ​ငွေလမင်း ​​ ကို credit ​ပေးပါတယ်

https://www.facebook.com/permalink.php?story_fbid=278695579317867&id=100015322800372