အခြေခံ အရင်းအမြစ် လူ

in myanmar •  6 years ago 

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဒီနေ့တော့ကြီးကြီးကျယ်ကျယ်လေးတွေလျောက်ရေးလိုက်ပါဦးမယ်ဗျာ။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကြီးမှာ ဆိုရင် လူသားတွေဟာ အင်မတန်အရေးပါတယ်ဗျ။ လူဆိုတာက အသိဥာဏ်အရှိဆုံးလို့လည်း ဆိုတတ်ကြ သေးသဗျ။ တကယ်ဟုတ်မဟုတ်တော့ မသိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အသိဥာဏ်ရှိပါတယ်ဆိုတဲ့ လူတွေက အသိဥာဏ်မရှိတဲ့ အပြုအမူတွေ လုပ်ရပ်တွေကို မကြာခဏပြုလုပ်နေကြတာကိုတွေ့ရလို့ပဲဖြစ်ပါ တယ်။ မှားတယ် ဆိုတာ သိရင် မှန်တယ်ဆိုတဲ့အဖြေရရမှာဖြစ်ပေမယ့် မှားတယ် ပြီးရင် မှန်တယ်မလာတော့ပဲ မှားတယ် မှားတယ် ပဲဖြစ်နေတာက အသိဥာဏ်ရှိတယ်ဆိုတာ ဟုတ်ပါလေစလို့တွေးစရာဖြစ်လာတတ်ပါတယ်။ လူဆိုတာက နေရာတကာမှာ တွင်ကျယ်ချင်တဲ့စိတ်က လွှမ်းမိုးထားတတ်တာအမှန်လို့ပဲယူဆပါတယ်။ တွင်ကျယ်ချင်တယ်ဆိုတာလည်း လူရာဝင်ချင်တာ၊ ဆရာလုပ်ချင်တာဖြစ်မယ်ထင်တာပါပဲ။ ဘယ်လိုလူပဲဖြစ်ပါ စေ။ လူရာမသွင်းတဲ့နေရာ နဲ့ လူရာသွင်းတဲ့နေရာ ဘယ်နေရာကို သွားမလဲမေးရင်တော့ လူတိုင်းရဲ့အဖြေက လူရာသွင်းတဲ့နေရာကိုပဲ သွားချင်ကြမှာပါပဲ။ ဒါကရှင်းလင်းလွန်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဆောင်ရွက်ကြတဲ့အခါမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲလုပ်ချင်တတ်ကြတယ်။ မဖြစ်လို့ နောက်လိုက်လုပ်နေကြရတယ်။ ဖြစ်နိုင်ရင် ခေါင်းဆောင်တက်လုပ်ချင်တယ်ဆိုတဲ့သူတွေဟာ ကိုယ်တိုင်ရဲ့ အစွမ်းအစကို သေချာမသိသေးကြတဲ့လူတွေပဲဖြစ်ပါလိမ့်မယ်။ ဘယ်လုပ်ငန်းမှာမဆို ဘယ်အလုပ်မှာမဆို လူတိုင်းက အရေးပါတယ်။ အရေးကြီးတယ်။ ခေါင်းဆောင်သူမှမဟုတ်ပါဘူး။ နောက်လိုက်တွေလည်း အရေးပါ ပါတယ်။ ဒါကိုနားလည်မယ်ဆိုရင် ခေါင်းဆောင်ရယ်၊ နောက်လိုက်ရယ် မရွေးတော့ပဲ ကျရာနေရာမှာ တာဝန်ကျေအောင် လုပ်ဆောင်သွားနိုင်ကြမှာဖြစ်ပါတယ်။


02.png


ခေါင်းဆောင်အဖြစ်နဲ့လုပ်ချင်တဲ့လူကတော့ ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားမှ ဖြစ်ပါလိမ့်မယ်။ ခေါင်းဆောင်တစ်ယောက်မှာဘာတွေရှိသင့်တယ်ဆိုတာတော့ ကိုယ်တိုင်သာ ရှာဖွေလေ့လာကြပါတော့။ နောက်လိုက်တစ်ယောက်အနေနဲ့ကလည်း ခေါင်းဆောင်ရဲ့ ဦးဆောင်မှု အောက်မှာ ကောင်းကောင်းမွန်မွန်နေထိုင်လုပ်ကိုင်မှ စည်းကမ်းတကျဖြစ်နေပါမှ ကောင်းမွန်တဲ့နောက်လိုက် ဖြစ်ပါလိမ့်မယ်။ ဘယ်လုပ်ငန်းမှာမဆို ခေါင်းဆောင်တွေချည်းပဲဖြစ်နေလို့မရသလို နောက်လိုက်တွေချည်းပဲ ဖြစ်နေလို့မရတာ သိသာနိုင်ပါတယ်။ ခေါင်းဆောင်သူမရှိပဲ နောက်လိုက်တွေချည်းပဲဆိုရင် လုပ်ငန်းမှာ ပြဿနာ ပေါင်းစုံနဲ့ သူတစ်လူ ငါတစ်မင်းဖြစ်နေပါလိမ့်မယ်။ ခေါင်းဆောင်တွေချည်းပဲဆိုခဲ့ရင်လည်း ထို့အတူတူပါပဲ။ အောင်မြင်နေတဲ့ လုပ်ငန်းတိုင်းကို လှမ်းကြည့်မယ်ဆိုရင် သူ့နေရာနဲ့သူ တာဝန်ကိုကျေကျေပွန်ပွန် ထမ်းဆောင် နေကြတာကို မြင်ကြရပါလိမ့်မယ်။ ကိုယ့်တာဝန်ကိုတောင် သေချာမကျပွန်ခဲ့ရင် ဘယ်လုပ်ငန်းမျိုးမှ မအောင်မြင်နိုင်ပါဘူး။ ရုံးတစ်ရုံးကို ကြည့်မယ်ဆိုရင် အရာရှိ၊ ဘဏ္ဍာရေးမှူး၊ ရုံးအုပ်၊ စာရေးကြီး၊ စာရေးလေး၊ သန့်ရှင်းရေး၊ ရုံးလုလင် အဆင့်လိုက် သူ့နေရာနဲ့သူ ရှိနေကြရမှာပဲမဟုတ်လား။ အရာရှိတွေချည်းသာရှိတဲ့ရုံးလို့ တစ်ခါမှ မကြားဘူး မကြုံဘူးသေးပါဘူး။ အဲဒီလိုပဲ သန့်ရှင်းရေးတွေချည်းသာရှိတယ်ရုံးရယ်လို့ မမြင်ဘူး မတွေ့ဘူးသေး ပါဘူး။ အမှန်တော့ ကိုယ်ရောက်နေတဲ့နေရာမှာ ကိုယ့်အတွက်ပေးထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နေမယ်ဆိုရင် လုပ်ငန်းမှန်သမျှ အောင်မြင်နေမှာ အသေအချာပါပဲ။


03.png


အရာရှိတွေက ကိုယ့်ရဲ့ဝန်ထမ်းတွေကို ဖိနှိပ်ချုပ်ချယ်နေမယ်၊ ရာထူး အာဏာနဲ့ အနိုင်ကျင့်နေမယ်ဆိုရင် လုပ်ငန်းမအောင်မြင်နိုင်ပါဘူး။ အရာရှိဖြစ်သူက ကောင်းမွန်နေပါလျက်နဲ့ နောက်လိုက်တွေက အလုပ်မလုပ် ရေသာခို အချောင်လိုက်ပြီးနေခဲ့မယ်ဆိုရင်လည်း လုပ်ငန်းက မအောင်မြင်နိုင်ပြန်ပါဘူး။ ၀န်ထမ်းတွေကိုယ်တိုင် ကလည်းကိုယ့်တာဝန်ကို ကျေပွန်လိုစိတ်၊ တစ်ဆင့်ထက်တစ်ဆင့် တာဝန်ပိုယူလိုစိတ်တွေကိုသာ မွေးမြူနိုင်ကြ မယ်ဆိုရင်၊ အရာရှိတွေကလည်း ၀န်ထမ်းတွေကို သင်တန်းတွေကိုပို့ချပေးပြီး အရည်အချင်းမြှင့်တင်ပေးနေမယ် ဆိုရင်တော့ အောင်မြင်တဲ့လုပ်ငန်းများဖြစ်လာစေမှာ အမှန်ပါပဲ။ ကြီးကြီးကျယ်ကျယ် အခုခေတ်သုံး စကားလုံး တွေနဲ့ ပြောမယ်ဆိုရင်တော့ ဒါကို Human Resources Management (HRM) လို့ခေါ်မလားပဲဗျို့။ မှားရင်လည်း နားလည်သူတွေခွင့်လွှတ်ထောက်ပြပေးပါ။ လူတွေနေရာမှာ စက်ရုပ်(Robot) တွေအစားထိုးနိုင်မှု မရှိသေးမခြင်းကတော့ လူတွေကို အသုံးချပြီး လုပ်ငန်းတွေလုပ်နေကြရမှာပဲဖြစ်ပါတယ်။ စက်မှုနည်းပညာတွေ အင်မတန်ထွန်းကားနေတဲ့နိုင်ငံကြီးတွေကတော့ စက်ရုပ်တွေအစားထိုးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမယ့် အချိန်ကာလအတော်ကြာဦးမယ်လို့ထင်ပါတယ်။ ကောင်းတာ မကောင်းတာကိုတော့ မသိသေးဘူးပေါ့။ လောလောဆယ်မှာတော့ လူသားတွေကပဲ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေကြရလေတော့ လူသားတွေကို လေ့ကျင့်သင်ကြားပေးရေးတွေက အရေးပါမယ်ထင်ပါတယ်။ စက်တစ်ခုကို ကျွမ်းကျွမ်း ကျင်ကျင် ကိုင်တွယ်နိုင်အောင်သင်ကြားပေးထားခြင်းမရှိရင် အန္တရာယ်ဖြစ်စေနိုင်သလို အလုပ်လည်း တွင်ကျယ်မှာမဟုတ်ပါဘူး။ ၀န်ထမ်းတွေရဲ့ အရည်အချင်းတွေက လုပ်ငန်းရဲ့ အသက်လည်းဖြစ်ပါတယ်။


04.png


အခုလက်ရှိကာလ နိုင်ငံတကာမှာတော့ လူသားအရင်းအမြစ်တွေကို လေ့ကျင့်သင်ကြားပျိုးထောင်နေကြတာ တွေကို အလွယ်တကူတွေ့မြင်နိုင်ပါတယ်။ လူသားတွေရဲ့ တတ်ကျွမ်းမှု၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှု စတဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အလေးထားကြပါတယ်။ မကျွမ်းကျင်သေးရင် လေ့ကျင့်သင်ကြားပေးနေကြပါ တယ်။ လူသားတွေရဲ့ ကျွမ်းကျင်မှုတွေကို ရရှိလာတဲ့အခါမှာ ဘယ်လိုလူကတော့ ဘယ်လိုနေရာမှာ အသုံးပြု နိုင်မယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး စီမံခန့်ခွဲနိုင်လာကြပါတယ်။ စက်ရုပ်တွေ လူတွေရဲ့နေရာမှာ အစားထိုးတာ မထိုးတာကတော့ ဘယ်ရာစုမှဖြစ်လာမလဲမသိပေမယ့် ခုလောလောဆယ်မှာတော့ လူသားအရင်းအမြစ်ကပဲ အရေးပါနေဆဲပဲဖြစ်ပါတယ်။ အရည်အချင်းဆိုတာတွေလိုအပ်လာပါတယ်။ အရည်အချင်းရှိတဲ့သူတွေကို လိုအပ် လာကြပါတယ်။ လုပ်ငန်းတိုင်းမှာ အရည်အချင်းရှိသူတွေကို လိုအပ်နေမှာအမှန်ပါပဲ။ အရည်အချင်းမရှိတဲ့သူ တွေကတော့ ဘေးထွက်ထိုင်နေကြရမှာတော့မဟုတ်ပေမယ့် ခေါင်းဆောင်ဆိုတဲ့နေရာမျိုးကိုတော့ ရနိုင်ဖို့ မလွယ်ကူတော့တာပေါ့။ ၀န်ထမ်းကောင်း၊ အလုပ်သမားကောင်းတစ်ယောက်တော့ဖြစ်နိုင်သေးတာပါပဲ။ ဘယ်လုပ်ငန်းမှာမဆို အမြဲတမ်း ဆန်းသစ်နေသင့်သလို အမြဲခေတ်မီနေသင့်တယ်လို့လည်း ထင်မိပါတယ်။ တစ်နေ့လာလည်း မဲပြာပုဆိုး ဆိုသလိုဖြစ်နေမယ်ဆိုရင်တော့ နောက်လိုက်တွေသာမကပဲ ခေါင်းဆောင်တွေ ကိုယ်တိုင်တောင် စိတ်ဓာတ်ကျစေနိုင်ပါလိမ့်မယ်။ ဘယ်လိုလုပ်ငန်းမျိုးမှာမဆို လူတိုင်းက အရေးပါတယ်ဆိုတာ ကို သိစေလိုပါတယ်။ လူတိုင်းကအရေးပါတယ်ဆိုတာကို သိမှလည်း လူတိုင်းက ကြိုးစားကြမှာဖြစ်ပါတယ်။ လူတိုင်းကကြိုးစားမှလည်း လုပ်ငန်းက စဉ်ဆက်မပြတ်လည်ပတ်နေနိုင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီသဘောတရားတွေက ခုခေတ်ကာလမှသာ HRM တွေ ဘာတွေနာမည်ပေးပြီး လူကြိုက်များလာတာဖြစ် ပေမယ့် အခုမှ ပေါ်လာတဲ့အရာတွေမဟုတ်ပါဘူး။ ရှေးပဝေသဏီကတည်းက ရှိခဲ့ပြီး လုပ်ခဲ့ပြီးသား အလုပ်တွေ သာဖြစ်ပါလိမ့်မယ်။ ခေတ်အဆက်ဆက်မှာလည်း လူသားကသာ အဓိကအနေနဲ့ လုပ်ကိုင်နေကြရတာဖြစ်ပါ တယ်။ နောက်ဆုံးပိတ်အနေနဲ့ လူဆိုတာက ကိုယ်ကျရာနေရာမှ ကိုယ့်ထမ်းဆောင်ရမယ့် တာဝန်ကို ကျေကျ ပွန်ပွန် ထမ်းဆောင်နေမယ်ဆိုရင် ဘယ်အလုပ်မဆို ဘယ်လုပ်ငန်းမဆို တဖြည်းဖြည်းတိုးတက်အောင်မြင် လာရမှာဖြစ်ပါကြောင်း ရေးသားရင်းနဲ့ ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

12-Oct-2018 သောကြာနေ့(Friday)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမြဲတန်းပိုစ်​​စ်​တွတင်​ပြီး အမြဲတန်းအား​ပေးလျှက်​ပါ

အိုခေ အိုခေ ဘဘယုကိုယုံကြည်ပြီးသားပါနော် ☺

လက်တွဲခော်ပေးပါအကို အခုမှစပြီး သုံးတာမို့

ဟုတ်ကဲ့ပါဗျာ

Gp ရှိရင် သွင်းပေးပါလား အကို

GP က MSC အဖွဲ့ဝင်ဖြစ်မှထည့်ပေးလို့ရမှာပါ MSC အဖွဲ့ဝင်သစ်လျောက်ထားတာကလည်းလောလောဆယ်ရပ်ထားပါတယ် ပြန်ဖွင့်ပေးရင်ပြောပေးပါမယ်

ကိုယ်ကျရာနေရာကနေ တာဝန်ကျေပြွန်အောင်
ပို့စ်တင်နပါတယ်ဗျာ

ဒါပဲပေါ့ ကိုထွေးကြီးရယ် ကိုယ့်တာဝန်ကိုယ်ကျေနေရင် အားလုံးကအဆင်ပြေနေမှာပါပဲ

ရိုဘော့တွေ အားကျနေပြီလား ဆိုဖီယာ AI ကို ချွေးမတော်ထားလေ ။

ရိုဘော့တစ်ကောင်လောက်မွေးထားအုံးမယ်☺

ခေါင်းဆောင်ဆိုတာ ကိုယ့်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာ ကိုယ့်အဖွဲ့ဝင်တွေက သတ်မှတ်ပေးသွားတာပါဗျာ၊ ခေါင်းဆောင်နေရာဝင်ယူတိုင်းခေါင်းဆောင်မဖြစ်ပါဘူး။

အမှန်ပါပဲဆာတင်ရယ် ခေါင်းဆောင်တွေချည်းပဲ လုပ်ချင်နေလို့ မရနိုင်သလို နောက်လိုက်တွေချည်းပဲ ဖြစ်နေလို့မရတာအမှန်ဖြစ်သလို ခေါင်းဆောင်ဆိုတာကလည်း ဖြစ်ချင်တိုင်း ဖြစ်လို့မှမရတာပဲ

ကျရာနေရာကနေဝင်ပီး မန့်လိုက်ပါပြီ😁

ဟုတ်ပါပြီ မှန်ပါပြီဗျာ

Human Resource ကို ကောင်းကောင်းမသုံးတတ်ရင် မအောင်မြင်တော့ဘူး ခုခေတ်မှာ

Posted using Partiko Android

ရိုဘော့တွေနဲ့မောင်းမယ်လေ ☺

ခေါင်း​ဆောင်​ရယ်​ ​အောက်​လက်​ရယ်​ ခွဲခြါးမ​နေဘဲ တက်​ညီလက်​ညီ လုပ်​ကြမယ်​ဆိုရင်

ဘယ်လုပ်ငန်းမဆိုအောင်မြင်နိုင်ပါတယ်

ကိုယ့်‌တာဝန်‌ ကိုယ်‌‌ကျေဖို့အ‌ရေးကြီးဆုံးပါဘဲ။

အမှန်ပါပဲ ကိုမဟော်ရေ

လူတိုင်းမှာအရည်အချင်းတစ်မျိုးစီရှိကြပေမယ့် ခေါင်းဆောင်စိတ်တော့လူတိုင်းမှာမရှိတတ်ကြဘူး

Posted using Partiko Android

အရည်အချင်းတစ်မျိုးစီရှိတဲ့သူတွေကို ထိန်းကျောင်းကိုင်တွယ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်တော့ လိုအပ်မယ်ထင်တယ်ဆာမင်းစိုးရေ

ခေါင်းဆောင်တို့မည်သည်မှာလည်း ခေါင်းဆောင်တို့ သိသင့်သိထိုက်တက်သင့်တက်ထိုက်တဲ့ အရည်အချင်း စိတ်ဓာတ်နဲ့ ပြည့်စုံရမှာ ဖြစ်သလို နောက်လိုက်တွေကလည်း ခေါင်းဆောင်ကောင်းရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့လိုပါတယ်

Posted using Partiko Android

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် နောက်လိုက်ကောင်းတစ်ယောက်အရင်ဖြစ်ရပါမယ်

သူ့ကျရာ​နေရာမှာအ​ကောင်းဆုံးလုပ်​ကြမယ်​ဆိုရင်​တိုးတက်​​အောင်​မြင်​လာမှာပါ...အချို့ရုပ်​ရှင်​​တွေမှာသတိထားမိတယ်​...​ခေါင်း​ဆောင်​သရုပ်​​ဆောင်​ကလည်းသူ့ဇာတ်​ရုပ်​အလိုက်​၊အရံဆိုလည်းပီပြင်​​အောင်​ကိုလုပ်​နိုင်​တာ...သူ့​နေရာသူအ​ကောင်းဆုံးသရုပ်​​ဆောင်​​တော့ရုပ်​ရှင်​ကြည့်​ရင်​ထိုင်​ရာကမထချင်​ပြီ😀...​တွေးမိတာပါ...

Posted using Partiko Android

  ·  6 years ago (edited)

ဒါလည်းမှန်တာပဲ ခေါင်းဆောင်မင်းသား အရံမင်းသား ဇာတ်ပို့ ဇာတ်ရံ အကုန်တာဝန်ကျေနေရင် ဇာတ်ကားက ကြည့်ကောင်းနေတာပေါ့ဗျာ

ထိုလူအရင်းအမြစ်ကို အဆင့်အတန်းမြင့်အောင် လုပ်သင့်ပါသည်

Posted using Partiko Android

အရင်းအမြစ်တွေအဆင့်အတန်းမြင့်မှ ထုတ်ကုန်တွေလည်း အဆင့်မြင့်လာမှာပါ