ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အကြောင်းကို အခြားသော Social Media များမှာ တွေ့မိပေမယ့် Steemit မှာ မတွေ့မိလို့ ရေးတင်ချင်စိတ်ပေါက်ပြီး ရေးတင်လိုက်ပါတယ်။ ယခုပွဲကို မကြုံလိုက်ကြရပေမယ့် နောက်နောင်သွားရောက်လေ့လာစေလိုသော စိတ်ဆန္ဒဖြင့် ရေးတင်ခြင်းလည်းဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်နယ်မြေအတွင်းမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို သွားရောက်လေ့လာချင်ပေမယ့် အချိန်မအားလပ်တဲ့အတွက် မသွားဖြစ်ခဲ့ပါ။ ဒါက ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ်ကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။ လူငယ်များအနေနဲ့ မိမိတို့ဘ၀အတွက် အမှန်ပင်လေ့လာသင့်တဲ့ ပွဲတော်တစ်ခုဖြစ်ပါမယ်။ ဟန်ပြအနေနဲ့ပြုလုပ်ခြင်းမဟုတ်ပဲ အမှန်တကယ်ကူညီကြမယ် ထောက်ပံ့ကြမယ်ဆိုရင် လူငယ်တွေက မညံ့ပါဘူး။ လူငယ်တွေ အလျင်အမြန်တိုးတက်လာမှာဖြစ်ပါတယ်။ သမီးဖြစ်သူကို ပွဲတော်ရဲ့ အပေါက်ဝရောက်အောင် ပို့ပေးခဲ့ပေမယ့် ပွဲတော်ကျင်းပတဲ့ မန္တလေးတက္ကသိုလ်ဝန်း အတွင်း မ၀င်ဖြစ်ခဲ့ပါ။ နှမြောလိုက်တာဗျာ။ အချိန်ပေးလေ့လာရမှ သေချာလေ့လာနိုင်မှာဖြစ်လို့ မ၀င်ဖြစ်တော့တာ။ အတော်လေးစုံလင်လှပါတယ်။ လက်ကမ်းစာစောင်တွေလည်း ပလူပျံနေအောင်ပေးပြီး လူငယ်တွေကို တွဲခေါ်နေတယ်လို့ထင်တယ်။
လူငယ်အများစုက ရောက်ဖူးအောင်၊ ကြုံဖူးအောင်၊ အတွေ့အကြုံ အောင်ဆိုပြီး လာလေ့လာကြတာဖြစ်သလို အပျော်သဘောနဲ့ လာတဲ့သူတွေလည်း ရှိမယ်။ လူကြီးတွေလည်း လာပြီး လေ့လာနေကြတာကို မြင်နေရတယ်။ ပြခန်းတွေလည်း အတော်စုံလင်လှတယ်လို့ ပြောတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ပြခန်း၊ သဘာဝဘေးအန္တရာယ်ပညာပေးပြခန်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များပြခန်း၊ စာပေပညာနဲ့ပတ်သက်တဲ့ပြခန်း၊ အနုပညာဆိုင်ရာပြခန်း၊ အားကစားဆိုင်ရာပြခန်း၊ အစိုးရ၀န်ကြီးဌာနများရဲ့ပြခန်းများ စတဲ့ ပြခန်းအမျိုးအစား အတော်စုံလင်ပုံရပါတယ်။ ယနေ့ခေတ်မှာ ဒီလိုပွဲမျိုးတွေကို မြို့ကြီးတွေမှာ အမှန်တကယ်ပြုလုပ်ပေးသင့်တယ်ဗျ။ ဒါမှလည်း လူငယ်တွေက စိတ်ဝင်စားလာကြမယ်။ တနည်းအားဖြင့်တော့ လူငယ်တွေ လေလွင့်ပျက်စီးတဲ့ အန္တရာယ်ကနေ ဆွဲခေါ်ယူနိုင်တာပေါ့။ အိုင်တီအကြောင်း သိလိုသူတွေက အိုင်တီအဖွဲ့အစည်းတွေနဲ့ အလွယ်တကူချိတ်ဆက်နိုင်မယ်။ နည်းပညာပြခန်းမှာ ကျောင်းသားလူငယ်တွေ တီထွင်ဖန်တီးထားတဲ့ စက်ရုပ်တွေကိုတောင် ပြပေးထားတယ်ဆိုပဲ။
ဂုဏ်ယူစရာဖြစ်သလို ထပ်မံ ပံ့ပိုးပေးသင့်တယ်လို့လည်း ထင်မိပါတယ်။ လူငယ်တွေတိုးတက်ဖို့ အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့က လူကြီးတွေရဲ့တာဝန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ကောင်းမွေတွေကို လက်ဆင့်ကမ်းမပေးနိုင်ခဲ့ရင် လူငယ်တွေ လမ်းမှားပြီး နိုင်ငံတော်လည်း ပျက်စီးစေနိုင်ပါလိမ့်မယ်။ ဒီပွဲတော်အကြောင်း ပြည့်ပြည့်စုံစုံ လေ့လာလိုတယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ Link ကနေ ၀င်ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒီပွဲတော်မှာ ဥာဏ်စမ်းပဟေဠိလေးတွေကိုလည်း မေးမြန်းပြီး ဆုလက်ဆောင်လေးတွေလည်း ချီးမြှင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဆုလက်ဆောင်က အကြီးကြီးမဟုတ်ပေမယ့် အမှတ်တရဖြစ်စေခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ပျော်ရွှင်စရာလည်း ဖြစ်ခဲ့ကြပါတယ်တဲ့။ လူငယ်များအတွက် အနာဂတ်မျှော်လင့်ချက် ရောင်ခြည်လေးတွေကိုလည်း ပေးစွမ်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အကောင်းဆုံးကို မျှော်လင့်ထားကြတတ်တဲ့ လူ့သဘာဝအရ ကျေနပ်စရာဖြစ်ချင်မှဖြစ်မှာပါ။ လိုအပ်ချက်တွေလည်း များပြားနေခဲ့မယ်ထင်ပါတယ်။ ပွဲတစ်ခု ဖြစ်မြောက်အောင် လုပ်ဖို့ဆိုတာကလည်း မလွယ်ကူလှပါဘူး။ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့လည်း တွေ့ကြရပါတယ်။ ဒီပွဲက နိုင်ငံတော်အဆင့်သတ်မှတ်ထားခဲ့တဲ့ ပွဲဖြစ်တော့ ပိုပြီးတော့ လိုအပ်ချက်တွေများနေနိုင်ပါတယ်။ ဘယ်လိုပဲ ဝေဖန်ပြောဆိုနေကြပေမယ့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်မယ်လို့ ယူဆမိပါတယ်။
အနာဂတ်ပျောက်နေတဲ့ လူငယ်လူရွယ်များအတွက် နောက်နောင်လည်း ဆက်လက်ကျင်းပနိုင်မယ်ဆို အကောင်းဆုံးပါပဲ။ နှစ်စဉ် ကျင်းပပေးနိုင်မယ်ဆိုရင် လိုအပ်ချက်တွေ နည်းပါးသွားမယ်ထင်ပါတယ်။ ရေးစရာအကြောင်းအရာ ခေါင်းထဲမှာ စီစဉ်ထားတာမရှိလို့ စိတ်ကူးထဲက ပွဲတော်အကြောင်းကိုပဲ ရေးလိုက်တာပါ။ ပွဲတော်အကြောင်းလည်း သေချာသိတာ မဟုတ်လေတော့ သတင်းပေးတဲ့အနေလောက်ပဲ ဖတ်ကြပါဗျာ။ လက်ကမ်းစာစောင်က အကြောင်းအရာ အချို့ကိုပဲ ဓာတ်ပုံရိုက်တင်ပေးလိုက်ပါတယ်။ နောက်နေ့မှပဲ ရေးချင်ရာရေးတော့မယ်ဗျို့။ အခုတော့ ဒီလောက်နဲ့ကျေနပ်ကြပါခင်ဗျာ။
Success in Steemit
အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
15-Aug-2018 ဗုဒ္ဓဟူးနေ့(Wednesday)
အနယ်နယ်အရပ်ရပ်က လူငယ်တွေကို တွဲခေါ်နိုင်ရင်ပိုကောင်းတယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ကိုအဓိပ္ပါယ်ရှိတဲ့ပွဲတော်ပါရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ခင်ဗျာ အမြဲကျင်းပပေးသင့်တဲ့ ပွဲတော်တစ်ခုပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူငယ်တွေကို ပိုမိုအလေးထားနိုင်မှ ငါတို့လိုအိုမင်းမစွမ်းတွေရဲ့ နောင်ရေး စိတ်အေးရမှာ။ ဆရာအောင်သင်းစကားနော်။ ငါပြောတာမဟုတ်ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားကိုးပါရစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit