Android System များအတွက် လေ့လာမိသလောက် (၈)

in myanmar •  7 years ago  (edited)

Android.jpg

မင်္ဂလာပါ Steemit မန်ဘာများ ခင်ဗျာ...
ကျွန်တော် အရင် Posts မှ Setting အကြောင်းများကို ဆက်လက်၍ ပြောပြပေးပါမယ်... အားပေးကြပါဦးခင်ဗျ..

အောက်မှာ Setting ပုံကိုပဲ ထပ်မံထည့်သွင်းပြီး ပြောပေးပါမယ်...အောက်ပါပုံသည် Samsung Galaxy J7 Prime Android Version 6.0 UI တွင် ရိုက်ကူးထားသော Screenshoot ဖြစ်ပါသည်။ အခြားဖုန်းများနှင့် စကားလုံးများ ကွဲလွဲမှု ရှိနိုင်ပါသည်။ သို့ပေမယ့် သဘောတရားများမှာ အတူတူသာဖြစ်ပါတယ် ခင်ဗျာ။

Screenshot_20180113-202131.png

ယခင်Post တွင် Bluetooth အထိ တင်ပြခဲ့ပြီးဖြစ်သောကြောင့် ယခု Bluetooth အောက်မှာ Flight Mode မှစတင် ဖော်ပြပေးပါ့မယ်..

Screenshot_20180113-202225.png

Flight Mode (or ) Airplane Mode
ပုံတွင် Flight Mode ဆိုပြီး လေယာဉ်ပုံလေးကို အချို့ဖုန်းများတွင် Airplane Mode ဟုလည်း သုံးပါသည်။ လေယာဉ်ပုံစံလေးနှင့် Flight Mode သည် အမှန်မှာတော့ ဟိုယခင်က လေယာဉ်စီးနှင်းရာတွင် လေယာဉ်Mode အဖြစ်ထားရန်တည်ထွင်ထားခြင်းဖြစ်ပါသည်။ ဖုန်းအတွင်းရှိ Sim Card ထည့်ထားသောအခါ ကျွန်တောတို့ လိုင်းဆွဲအား နှင့် Data Signal များကို အချိန်နှင့် တပြေးညီ ထုတ်လွှတ်ပြီး အသုံးပြုနေရပါသည်။ ထို့အပြင် ဖုန်းအတွင်းမှ Electromagnetic wave များနှင့် အခြား Frequency wave များစွာသည် လေယာဉ်ပျံသန်းခြင်းကို များစွာ အနှောက်အယှက်ပေးကာ လေယာဉ်ပျံသန်းခြင်း Program ကိုပါ ချွတ်ယွင်းစေတာပါ... ထို့ကြောင် အရင်ခေတ် လေယာဉ်စီးနှင်းသောအခါတွင် ဖုန်းအသုံးပြုသူများအား အဆင်ပြေစေရန် Flight Mode ဖြစ်တဲ့ လေယာဉ်စီးနှင်းခြင်း အနေအထားကို ထည့်သွင်းပေးထားခြင်းဖြင့် ခရီးသည်များအား ဖုန်းပိတ်စရာမလိုဘဲ မလိုအပ်သော လှိုင်းများထုတ်လွှင့်မှုမရှိရန်သာ ကြိုးမဲ့စနစ်များကို ဖြတ်တောက်ပြီး သီချင်း ဗီဒီယို ကြည့်ခြင်းအလုပ်များကို လုပ်ဆောင်နိုင်ပါတယ်.. ယခုခေတ် နည်းပညာများစွာတိုးတက်လာပြီဖြစ်သောကြောင့် လေယာဉ်များတွင် ထို လှိုင်းများကြောင့် အနှောက်မယှက်မဖြစ်တော့ဘဲ လေယာဉ်စီးနှင်းစဉ်တွင် ဖုန်းအသုံးပြုလို့ရနေပါပြီ... ပုံပါ စာတွင်ရေးသားထားသည်မှာကတော့ Flight Mode On လိုက်ခြင်းဖြင့် Sim Card လိုင်းများကို ဖြတ်တောက်မှာဖြစ်ပြီး Wifi Bluetooth ကဲ့သို့သော ကြိုးမဲ့ ၀ါယာလက် စနစ်များကိုပါ ပိတ်ပင်မှာဖြစ်ပါတယ်.. GPS ကိုတော့ ဆက်လက် အသုံးပြုနိုင်နေဦးမှာပါ..ယခုသိထားကြသလို တစ်ချို့ သမီးရည်းစားတွေ စိတ်ဆိုးရန်ဖြစ်ကြလို့ ဖုန်းမပိတ်ချင်ဘဲ Airplane Mode လုပ်ထားနိုင်တာပေါ့ဗျာ...ဟက်ဟက်

ကြားဖြတ်ပြောရမယ်ဆိုရင် On, Off Button များပါ.. အချို့ဖုန်းများတွင် Setting တစ်ခုခုကို ဖွင့်ရန် ယခုပုံပါလို On, Off Button များမဟုတ်ဘဲ Check အမှန်ခြစ်လေးပေးခြင်းဖြင့် ၄င်း Settings ကို ဖွင့်/ပိတ် လုပ်နိုင်ပါတယ်.. ဖွင့်/ပိတ်လုပ်သော ခလုတ်များကို Switch ဟုခေါ်ပါသည်။ အပြင်မှာဆိုရင် မီးခလုတ်ပေါ့..

Screenshot_20180113-202233.png
Mobile hotspot and tethering
Mobile hotspot and tethering ဆိုတာ မိုဘိုင်းမှထုတ်လွှတ်မှုများ နှင့် ချိတ်ဆက်ခြင်းလို့ပဲ သတ်မှတ်လိုက်ပါ...
Mobile မှ ဘာတွေထုတ်လွှတ်မလဲဆိုတော့ Data အသုံးပြုရန် Wifi ဖြင့် ထုတ်လွှတ်ပေးမည်ဖြစ်ပြီး.. Data အသုံးပြုရန် ချိတ်ဆက်ခြင်းများအတွက် Bluetooth နှင့် USB Cable များမှ တဆင့်ချိတ်ဆက်ပေးမည်ဖြစ်သည်။ Mobile hotspot and tethering သို့ ၀င်လိုက်လျှင် နောက်ထပ် ဆင့်ပွားSettings များဖြစ်သည့် Mobile Hotspot , Bluetooth tethering, USB tethering ဆိုပြီးတွေ့ပါလိမ့်မည်။
Mobile hotspot ကတော့ ဖုန်းမှ အင်တာနက်ဖွင့်ထားစဉ်တွင် Data များကို မျှဝေနိုင်သလို Zapya, Xendar ကဲ့သို့သော Wifi Files Sharing Application များဖြင့်လည်း အင်တာနက် ဖွင့်စရာမလိုပဲ Files များကို မျှဝေခြင်းလုပ်ဆောင်နိုင်ပါသေးသည်။ မိမိဖုန်းမှ အသုံးပြုနေသော အင်တာနက်ကို ထုတ်လွှတ်ကာ အခြားသူဖုန်း၏ Wifi မှ တစ်ဆင့်ဖမ်းယူသုံးစွဲနိုင်ပါသည်။ ထုတ်လွှတ်လိုလျှင် Mobile hotspot ကို On လိုက်ပါ.. ထို့အပြင် ၄င်းအတွင်း Setting များကို စီမံခန့်ခွဲ လိုလျှင် ၄င်းအတွင်း ၀င်ရောက်လိုက်ပါ.. အောက်ပါ အတိုင်းမြင်ရမည်ဖြစ်သည်။

Screenshot_20180113-202240.png

ထိုမှတဆင့် More ကိုနှိပ်လိုက်ပါ.. နောက်ထပ် Setting များကိုတွေ့ရပါမည်။
Screenshot_20180113-202243.png

Allowed Devices သည် မိမိထုတ်လွှတ်မှုကို ခွင့်ပြုထားပြီးသော ဖုန်းနှင့်ကွန်ပျူတာများကို ပြသမည်ဖြစ်ပြီး ထိုအတွင်းတွင် ခွင့်ပြုလိုသော Devices များကို ထပ်သွင်းခြင်း. ဖယ်ရှားခြင်းများပြုလုပ်ခြင်းဖြင့် အသုံးမပြုစေလိုသော ဖုန်းနှင့် ကွန်ပျူတာများကို ပိတ်ပင်နိုင်ပါသည်။ ခိုးသုံးနေခြင်းရန်မှ ကာကွယ်နိုင်တာပေါ့..
Configure Mobile hotspot တွင် မိုဘိုင်းdata မျှဝေသုံးစွဲခြင်းအပေါ် နာမည်ပေးခြင်းနှင့် စကားဝှက်ခံခြင်းများကိုဆောင်ရွက်နိုင်ပါသည်။
Screenshot_20180113-202302.png
Network Name တွင် ထုတ်လွှတ်မှု နာမည်အား ရှာဖွေရာတွင် ကြိုက်နှစ်သက်ရာနာမည်ရိုက်ထည့်နိုင်သလို Hide my device ကို အမှန်ခြစ်ပေးထားခြင်းအားဖြင့် အခြားသူများက Wifi Network များကို ရှာဖွေသောအခါ မိမိထုတ်လွှတ်ထားသော Network ကို ပျောက်နေစေပါသည်။ ထို့ကြောင့်ရှာမတွေ့တော့ဘဲ အသုံးပြုနိုင်မည်မဟုတ်ပါ...ဒါက ပြဿနာရှင်းခြင်းတွင်လည်း အကျုံးဝင်ပါသည်။ မိမိက သုံးစေချင်လို့ ထုတ်လွှတ်ပေမယ့် အသုံးပြုမည့် ဖုန်းမှရှာမတွေ့ပါက Hide my device ကို On ထားမိလား သွားရောက်စစ်ဆေးပါ..
Security တွင်တော့ စကားဝှက်ထား၍ရနိုင်သလို စကားဝှက်မထားဘဲ ဖွင့်ထား၍လည်းရပါသည်။ မိမိထုတ်လွှတ်မှုကို တွေ့ရှိသော်လည်း စကားဝှက်သိမှသာ ချိတ်ဆက်၍ ရစေလိုပါက WAP2/PSK ကိုရွေးကာ အောက်အကွက်တွင် ထားချင်သော စကားဝှက်ကိုရိုက်နှိပ်ကာထားနိုင်ပါသည်။ စကားဝှက်မထားလိုပါက Open သာထားလိုက်ပါ..အားလုံးစိတ်ကြိုက် ပြင်ဆင်ပြီးသောအခါ Save ကိုနှိပ်၍ မိမိပြင်ဆင်လိုက်သော Setting များကို သိမ်းဆည်းနိုင်ပါသည်။ Show Password ကတော့ မိမိရိုက်နှိပ်လိုက်သော Password များကို ရိုက်နှိပ်စဉ် စက္ကန့်အတွင်းမြင်တွေ့ရမည်ဖြစ်ပြီး Advanced Option ကတော့ ထုတ်လွှတ်မှု Channel နံပါတ်ကို သတ်မှတ်နိုင်ပါတယ်... ဒါကတော့ သုံးစရာမလိုပါဘူး..

ဒီPost ကတော့ ဒီလောက်ပါပဲဗျာ..နောက် Post ကျမှ ကျန်တဲ့ Setting လေးတွေဆက်ပါမယ်..
ကျေးဇူးတင်ပါတယ်ဗျ...

Author : Arkar Phyo

@arkarphyo
14.1.2018(Sunday)
MSC-214

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆရာကဆရာပါပဲ

ဆရာ မဟုတ်ပါဘူး

ဖတ်မှတ် သွားသည်

သေချာဖတ်ပါ

You got a 0.52% upvote from @postpromoter courtesy of @arkarphyo! Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support development of @postpromoter and the bot tracker please vote for @yabapmatt for witness!

You got a 0.42% upvote from @upme requested by: @arkarphyo.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

This post has received gratitude of 0.71 % from @appreciator thanks to: @arkarphyo.

Thank you @arkarphyo for making a transfer to me for an upvote of 1.42% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

This post has received a 0.63 % upvote from @boomerang thanks to: @arkarphyo