(အဝေးရောက် ၊မေ သို့ )
၊မြောက်ပြန်လေတို့
အသော့နှင်ခရီးဆက်လာတဲ့အခါ
သတိရခြင်းအငွေ့အသက်တွေက
ရင်ထဲကိုရိုက်ခတ်လာခဲ့တယ်။
ချစ်ခြင်းဖွဲ့သံစင်တွေကိုတေးသီဖို့အတွက်
ရင်ခွင်ဦး အကြင်နာမျက်ဝန်းတွေကို
၊မျှော်လင့်စွာစောင့်စားနေမိတယ်မေ။
အမှတ်တရတွေကိုမေ့ပြစ်နိုင်ဖို့တွက်
သတိရခြင်းတွေကို လျစ်လျူရှုထားသော်လဲ
ခံစားလွယ်တဲ့နှလုံးသားဟာ
ထင်သလောက်မရင့်ကျက်နိုင်သေးဘူးမေ။
သံယောဇဉ် ၊နှောင်ကြိုးမျှင်အိမ်က
လွတ်မြောက်နိုင်ရုန်းထွက်နေသောလဲ
တိုက်ဆိုင်မူ့တွေ ရှိလာတဲ့အခါ
၊မေ့ကို သတိရမိတယ်လေ ။
၊မျှော်လင့်ချက်များစွာနဲ့
လွမ်းတစ်ညရဲ့ ကြည်စိုးခြင်းတွေက
ချစ်ခြင်းရဲ့သဘောတရားကို
နာကျင်ခြင်းတွေ ၊ရောပြွန်းနေတဲ့
၊ကော်ဖီတစ်ခွက်လို ခါးသက်လွန်းပါတယ် ။
၊ဝေးရတော့မယ်ဆိုတဲ့အသိနဲ့
ပြိုကျလာတဲ့ မျက်ရည်တံတိုင်တွေက
ဒူးထာက်စွာဦးညွှတ်မိတဲ့မာနတရားတွေကို
စာနာခြင်း အကြည့်တချက်နဲ့
လည်ပြန်ကာလှည့်ကြည့်ပါဦးလို့
၊တောင်းဆိုမိနေတယ်မေ ။
ဟိုးအဝေး..မိုးကုတ်စက်ဝိုင်းအောက်မှာ
ကြင်နာခြင်းအလွမ်းမီးအိမ်တွေ
လင်းလက်နေသူရဲ့ ချစ်ခြင်းတွေဟာ
၊မေ့အတွက် လမ်းပြနေဆဲမေ ။
နှလုံးသားမှာ
ချစ်ခြင်း တံတိုင်းတွေခတ်လို့
သမုဒယများစွာချည်နှောင်ထားတဲ့
သံယောဇဉ် လမ်းကလေးမှာ
လှပတဲ့ ရောင်စုံပန်းခင်းလေးတွေကို
၊မေ့အတွက် ယနေ့ထက်တိုင်
စိုက်ပျိုးထားပါတယ်ဆိုတာကို
အဝေးရောက်မေ သိပါစေလေ....။
@arkarsoe
Wow what language is this? I've never seen this writing before!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
this is myanmar pome
Love me rose betrufule girl
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအားပေးမူ့အတွက်ကျေဇူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 1.83 % upvote from @boomerang thanks to: @arkarsoe
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit